မြန်မာစစ်တပ်နှင့် AAတို့၏ တိုက်ပွဲကြောင့် ရိုဟင်ဂျာများ ထိန့်လန့်နေ

in aa •  6 years ago 

http://www.rvisiontv.com/burmese/wp-content/uploads/2019/03/MYANMAR_-0420-_Ribelli.jpg

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်တို့၏ တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့တောင်ပိုင်းနှင့် ရသေ့တောင် မြို့နယ်တွင်း နေထိုင်ကြသော ရိုဟင်ဂျာ မွတ်စလင်များက စိုးရိမ်လျက် ရှိနေကြပါတယ်။

ယခင်တိုက်ပွဲများ ဖြစ်ပွားချိန်တွင် လုံခြုံရေးစစ်သားများက ဘုန်းကြီးကျောင်းများတွင် တည်းခိုလေ့ရှိသော်လည်း ယခု (AA)နှင့် တိုက်ပွဲများဖြစ်ပွားနေချိန်တွင် ရိုဟင်ဂျာရွာများ၊ ရိုဟင်ဂျာကျေးရွာများနှင့် နီးစပ်ရာနေရာများတွင် နေကြသောကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာပါက ရိုဟင်ဂျာများ ထိခိုက်နှစ်နာမှု များမည်ကို စိုးရိမ်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။

ရိုဟင်ဂျာရွာများ၏ အနီးရှိ လမ်းများတွင် မကြာခဏ မိုင်းများ တွေ့ရှိရတတ်ပြီး ပေါက်ကွဲသည်များ ရှိသော်လည်း ထိုမိုင်းများကို မိမိတို့ကိုယ်တိုင် AAက ထောင်သည်လား၊ မြန်မာစစ်တပ်က ထောင်သည်လား မတွေ့ရှိရသောကြောင့် မည်သူပြုလုပ်ကြောင်း အတိကျ မပြောနိုင်ချေ။

ဖေဖေါ်ဝါရီလအတွင်း ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် မိုင်းများပေါက်ကွဲခဲ့ပြီး မပေါက်ကွဲမှီ ရှာဖွေတွေ့ရှိခဲ့သည့် မိုင်းများလည်းရှိသည်။ မပေါက်ကွဲပဲ တွေ့ရှိခဲ့သည့် မိုင်းများကို မြန်မာစစ်တပ်မှ ယူဆောင်သွားကြောင်း သိရှိရပါတယ်။ ထိုသို့ပေါက်ကွဲမှုများကြောင့် ကျေးရွာနေရိုဟင်ဂျာများက မိမိတို့၏ ကျေးရွာပြင်ပသို့ သွားရန်ပင် ကြောက်ရွံ့လျက် ရှိနေကြပါတယ်။

အပြစ်မဲ့ ရိုဟင်ဂျာများ ရွာထဲပိတ်မိနေချိန် စားဝတ်နေရေး မပြေလည်မှုကြောင့် ဝမ်းစာရှာထွက်ကြချိန်တွင် တစ်ချို့က မိုင်းထိကာ သေခဲ့ကြရပြီး တစ်ချို့ကမူ အကြမ်းဖက်သများများဟု မတရားစွပ်စွဲ ငွေညှစ်ခံရခြင်း၊ ရိုက်နှက်ခံရခြင်းများလည်း ရှိကြောင်း သိရပါတယ်။

ရိုဟင်ဂျာမွတ်စလင်များ နေထိုင်ရာ အနီးတဝိုက်တွင် ရှိနေကြသည့် အစွန်းရောက် ရခိုင်များကလည်း ဦးစွာ မြန်မာအစိုးရ တပ်မတော်ကို ရှင်းလင်းနေသည် ဖြစ်ကြောင်းနှင့် မကြာခင် ရိုဟင်ဂျာများကို ရှင်းလင်းမည်ဖြစ်ကြောင်း ခြိမ်းခြောက်လျက် ရှိနေပါတယ်။ ယခုကဲ့သို့ ရိုဟင်ဂျာများ ရင်ဆိုင်နေရခြင်းသည် မြန်မာအစိုးရက လုံခြုံမှု မပေးနိုင်ခြင်းကြောင့် ဖြစ်ပြီး ထိုအခြေနေများက နေရပ်စွန့်ခွာ ထွက်ပြေးရန် တွန်းအား ပေးနေခြင်းပဲ ဖြစ်ပါတယ်။
Source: Rohingya Today
Photo Credit: asianews

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%85%e1%80%85%e1%80%b9%e1%80%90%e1%80%95%e1%80%b9%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-aa%e1%80%90%e1%80%ad%e1%80%af%e1%82%94/
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!