ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာနေ ရိုဟင်ဂျာတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံး

in aa •  6 years ago 


ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီး​တောင်​​တောင်​ပိုင်း ဖုံညိုလိပ်​​ကျေးရွာအုပ်​စုတွင် နေထိုင်သော ရိုဟင်ဂျာ အမျိုးသားတစ်ဦး ယ​နေ့ ၂၀၁၉ခုနှစ် မတ်လ ၁၉ရက်နေ့မှာ လက်နက်ကြီးထိမှန် သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

ဖုံညိုလိပ်ကျေးရွာအုပ်စု ရပ်​ကွက်​(၁) ရွာရှည်​ရွာမှာ နေထိုင်တဲ့ မိုဂုလ်ဟူ​ဆောင်း ၏သားဖြစ်သူ ဦးအဘူလ်ဟူဆောင်း (၅၀) နှစ်​သည်​ မိမိနေထိုင်ရာ ကျေးရွာအ​ရှေ့ဘက်မှာ​ရှိ​တဲ့ မိမိ၏ယာခင်းထဲတွင် ပင်းပန်း၍ သရက်​ပင်​၏အရိပ်​ခိုကာ ခေတ္တ​နား​နေစဉ်​ ​တောင်​ထဲမှ ရခိုင့်တပ်မေ​တာ်​( AA)အဖွဲ့က ပစ်ခတ်တဲ့ လက်​နက်​ကြီး ထိမှန်ပြီး ၎င်း​နေရာတွင်ပဲ​ ချက်​ချင်း​​လဲကျ သေဆုံးသွား​ခဲ့ပါတယ်​။

သမီး (၆)ဦး၏ဖခင်ဖြစ်သော ဦးအဘူလ်ဟူဆောင်းက အလွန်မှ ဆင်းရဲချို့တဲ့သူ တစ်ဦးဖြစ်ပြီး ပင်ပန်းဆင်းရဲစွာ တောင်ယာလုပ်ငန်း လုပ်ကိုင်စားသောက်နေသူ တစ်ဦးဖြစ်ပါတယ်။ ယခုချိန်မှာ သေဆုံးသူရဲ့ မိသားစုဝင်များက လွန်စွာမှ ပူဆွေးသောက ရောက်နေကြရပြီး မိမိတို့၏ မလုံခြုံမှု အတွက် လွန်စွာမှ စိုးရိမ်ကြောက်ရွံ့ နေကြပါတယ်။

ယခုကဲ့သို့ ကျေးရွာနေ အပြစ်မဲ့ ပြည်သူများ သေနတ်ထိမှန် ဒဏ်ရာများရရှိနေသည်မှာ တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာသော်လည်း မြန်မာအစိုးရမှ ဆေးဝါးကုသရန် တစ်စုံတရာ စီစဉ်ပေးခြင်းမရှိပါ။ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ လူမျိုးတို့ရဲ့ သွားလာ လှုပ်ရှားမှုများကို ကန့်သတ်ချုပ်ထိန်း ထားသည့်အတွက် မိမိတို့အနေနှင့် ဘေးကင်းရာသို့လည်း မပြောင်းရွှေ့နိုင်ပဲ ကျေးရွာတွင်း ပိတ်မိ သေဆုံးနေကြရခြင်းပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%98%e1%80%b0%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%94%e1%80%9a%e1%80%b9%e1%80%90%e1%80%bc%e1%80%84-4/
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!