မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တို့ပစ်ခတ်မှုကြား အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများ...

in aa •  6 years ago 


ကျောက်တော်မြို့။ ။ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တို့ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ ၂၀၁၉ခုနှစ် မတ်လ ၁၆ ရက်နေ့ ည (၁၁) နာရီ အချိန်ခန့်က ကျောက်တော်မြို့ ခေါင်းတုတ်ကျေးရွာမှ ရိုဟင်ဂျာသုံးဦးကို ကျည်ဆံထိမှန်ခဲ့ကြောင်း သိရှိရပါတယ်။

ကျည်ဆံထိမှန်ခဲ့သည့် ဒေသခံ အပြစ်မဲ့ ရိုဟင်ဂျာ သုံးဦး၏ အမည်များမှာ အဗ်ဒူလ်အာမိန် ၊ မူဟမ္မဒ်ရော်ဖိတ် နှင့် နူရ်မူဟမ္မဒ်တို့ ဖြစ်ကြပြီး နှစ်ဦးကတော့ ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးကတော့ လက်နက်ကြီး အငွေ့များကြောင့် သတိလစ်မေ့မျှောသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒဏ်ရာရရှိသူ နှစ်ဦးအနက် အဗ်ဒူလ်အာမိန်ကတော့ လက်ရှိမှာ အရေးပေါ် အခြေနေကို ရောက်ရှိနေပါတယ်။

မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တို့ လက်နက်ကြီး/ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ချိန် နေအိမ်များ၊ အပင်များ၊ ကျွဲနွားများကို ကျည်ဆံများ ထိမှန်ခဲ့ပြီး နေအိမ်တစ်ချို့ရဲ့ ခေါင်မိုးကို ကျည်ဆံထိမှန်ခဲ့ကာ အိမ်ခေါင်မိုးများ ပျက်စီးသွားခဲ့ပါတယ်။ အိမ်မွေးနွားတွေကိုလည်း ကျည်ဆံထိမှန်ရာကနေ နွားတစ်ကောင် သေသွားခဲ့ပါတယ်။

ဒဏ်ရာရရှိသူများ ဆေးကုသမှု ရရှိရေးအတွက် အုပ်ချုပ်ရေးမှူးများနှင့်တကွ သက်ဆိုင်ရာအာဏာပိုင်များက မည်သည်မျှ စီစဉ်ပေးခြင်း မရှိကြောင်း ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာတို့၏ သွားလာမှုကို မြန်မာအစိုးရမှ ကန့်သတ် ထိန်းချုပ်ထားသောကြောင့် ဒဏ်ရာရရှိသူများကို မြို့ပေါ်ရှိ ဆေးရုံသို့ ဆေးဝါးကုသရန် မခေါ်ဆောင်သွားနိုင်တာကြောင့် ကျန်းမာရေး လုပ်သားတစ်ချို့က ကျေးရွာတွင်း ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေပါတယ်။

ရခိုင်ပြည်နယ်တွင်း ပစ်ခတ်မှုများ ပြင်းထန်လာမှုကြောင့် အပြစ်မဲ့ဒေသခံ အများပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ ကျေးရွာတွင်း ကျန်ရှိနေသေးသော အပြစ်မဲ့ပြည်သူများ အနေနှင့်လည်း ပစ်ခတ်မှုများ ယခုထက်ဆိုးဝါးလာမည်ကို စိုးရိမ်နေကြရပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%85%e1%80%85%e1%80%b9%e1%80%90%e1%80%95%e1%80%b9%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%9b%e1%80%81%e1%80%ad%e1%80%af-3/
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!