Honor Note 10

in ananda •  7 years ago 

AI လုပ်ဆောင်ချက်နဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့ NOTE 10 ကို IFA
2018 မတိုင်ခင်၊ ဘေဂျင်းမှာကြိုတင်မိတ်ဆက်သွားတော့မှာ ဖြစ်
ပါတယ်။ HONOR အနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းသစ် NOTE 10
ကိုယခု၃၁ရက်နေ့မှာ တရုတ်နိုင်ငံမှာ မိတ်ဆက်သွားတော့မယ်
လို့ Honor ရဲ့ Weibo page ကနေအသိပေးလိုက်ပါပြီ။ စမတ်ဖု
န်းသစ်နဲ့ ပတ်သတ်ပြီး လက်ရှိထွက်ထားတဲ့ သတင်းအချက်အ
လက်တွေအရ မျက်နှာပြင် 5.9 လက်မ ဖြစ်လာမှာဖြစ်ပြီး Super
AMOLED သုံးလာပါမယ်။ 2K ရုပ်ထွက် သုံးလာမှာဖြစ်ပါတယ်။
Honor Note 10 ကို သတ္တုကိုယ်ထည်နှင့် တည်ဆောက်ထားပြီး
18:9 သုံးထားပါတယ်။ Honor Note 10 ကို P20 စီးရီးမှာ အ
သုံးပြုထားတဲ့ Kirin 970 SoC နှင့် ပါဝါထောက်ပံ့လာပါမယ်။IMG_20180720_192925.jpg

ဒါ့အပြင် လတ်တလောနာမည်ကြီးနေတဲ့ Huawei ရဲ့ GPU စွမ်း
ဆောင်ရည်မြင့် ဆော့ဝဲလ် GPU Turbo နည်းပညာပါဝင်လာပါမ
ယ်။ အချက်အလက်သိုလှောင်မှုအတွက် Honor Note 10 မှာ
RAM 6GB နဲ့အတူ Storage 128GB အထိ ပါဝင်လာပါမယ်။ ဓာ
တ်ပုံပိုင်းအတွက် AI စနစ်ထောက်ပံ့ထားတဲ့ ကျောဘက်ကင်မ
ရာနှစ်လုံး ပါဝင်ပါမယ်။ 16MP + 16MP ဖြစ်ပါတယ်။ ဘက်ထရီ
စွမ်းအားပိုင်းအတွက် 6000 mAh ပါဝင်လာမှာဖြစ်ပြီး အလျင်အ
မန် အားသွင်းနည်းပညာ ကိုလည်းထောက်ပံ့ပေးလာမှာဖြစ်ပါတ
ယ်။

NOTE 10 ကို Rolls Royce EDITION ပါထုတ်လုပ်သွားနိုင်ပါတ
ယ်။ ထွက်ရှိထားတဲ့ ဓာတ်ပုံတွေမှာတော့ ကင်မရာနဲ့ လက်ဗွေဖ
တ်စနစ်ရဲ့ အောက်ဘက်မှာ Rolls Royce အမှတ်တံဆိပ်လေးကို
ခတ်နှိပ်ထားပါတယ်။ အနောက်ဘက်ဟာ လုံးဝတောက်ပြောင်နေ
တဲ့ ဖန်သားပုံစံဖြစ်နေပြီး edge to edge ဒီဇိုင်းကြောင့်လုံးဝ
premlum ဖုန်းအရသာကို ရရှိမှာပါ။ Super AMOLED နည်း
ပညာနဲ့အတူ 2K ရုပ်ထွက် သုံးလာမှာဖြစ်ပါတယ်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

I followed you. please followback @huanmv