Mi 8 Explorer

in ananda •  6 years ago 

လက်ရှိအချိန်မှာ Xiaomi ချစ်သူတွေ စောင့်မျှော်နေကြတဲ့ စမတ်ဖုန်းကတော့ Xiaomi Mi 8 Explorer Edtion ဆိုရင်လည်း မမှားပါဘူး။ အIMG_20180722_162802.jpgခုလိုမျိုး စောင့်မျှော်နေတယ်ဆိုတာကလည်း Xiaomi Mi 8 Explorer Edition ဖုန်းက Xiaomi ဖုန်းတွေထဲမှာ ပထမဆုံးသော Under-Display Fingerprint Sensor ပါဝင်လာတဲ့အပြင် ကျောဘက်ခြမ်းကိုလည်း ဖောက်ထွင်းမြင်နေရတာကြောင့်ဖြစ်ပါတယ်။

Xiaomi Mi 8 Explorer Edition စမတ်ဖုန်းဟာ Specifications တွေအနေနဲ့ Qualcomm Snapdragon 845 Processor ၊ RAM 8GB နဲ့ Storage 128GB ဆိုပြီး တစ်မျိုးတည်းထုတ်ပေးခဲ့တာဖြစ်ပြီးတော့ အခြားသော Edition တွေကိုတော့ ထုတ်ပေးခဲ့ခြင်းမရှိပါဘူး။ အဲ့ဒီအတွက်ကတော့ အခြားသောစမတ်ဖုန်းတွေကို လိုချင်တယ်ဆိုရင် ဝယ်ယူလို့မရပါဘူး။

အခုအချိန်မှာတော့ Xiaomi ကနေ Mi 8 Explorer Edition ကို နောက်ထပ် ၂ မျိုး ထုတ်လုပ်သွားဦးမှာဖြစ်ပြီးတော့ လက်ရှိ Mi 8 Explorer Edition စမတ်ဖုန်းကို ဒေါ်လာ ၅၇၀ နဲ့ ရောင်းချသွားမှာဖြစ်တဲ့အတွက် သူ့ထက်ပိုပြီး ဈေးပေါတဲ့ Versions တွေကိုပါ ထပ်မံရောင်းသွားဦးမှာဖြစ်ပါတယ်။ အခု သတင်းကိုတော့ Chinese TENAA Website ကနေ သိလာရတာဖြစ်ပါတယ်။

Xiaomi ကနေ အခု Mi 8 Explorer Edition ကို RAM 4GB နဲ့ RAM 6GB Version ဆိုပြီး ထပ်မံထုတ်ပေးသွားဦးမှာဖြစ်ပြီးတော့ RAM 4GB Version မှာ Storage 64GB နဲ့ RAM 6GB Version မှာ Storage 128GB ပါဝင်မှာဖြစ်ပါတယ်။

အခုလိုမျိုး Xiaomi ကနေ Mi 8 Explorer Edition ကို RAM နဲ့ Storage နည်းတဲ့ Version တွေနဲ့ ထုတ်ပေးလိုက်တာက အဓိကအနေနဲ့ ဈေးနှုန်းကို လျော့ချဖို့ဖြစ်ပြီးတော့ အခု RAM 4GB Version က ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၅၀၀ အောက်ပဲ ရှိမှာဖြစ်ပါတယ်။
Source

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://indianexpress.com/article/technology/mobile-tabs/xiaomi-mi-8-explorer-edition-mi-8-se-launch-price-specifications-features-5198400/