The end of a men

in ananda •  6 years ago 

ယနေခေတ်နဲ့ ဆင်တူမှုတွေ ရှိနေလို့ ပြန်လည်မျှဝေပါသည်။

သင်္ကန်းဝတ်ကို ရန်သူလို မြင်ကာ
စော်ကားခဲ့သော မုဆိုး၏ ဘဝနိဂုံး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬

မြတ်စွာဘုရားရှင် ဇေတဝန် ကျောင်းတော်ကြီးမှာ သီတင်းသုံးနေတော်မူစဉ် ကောကအမည်ရှိသော ခွေးမုဆိုးကို အကြောင်းပြု၍ ဟောကြားခဲ့သည့် ဝတၳုဖြစ်ပါသည်။ တစ်နေ့သ၌ ခွေးမုဆိုးကောကသည် လေးကိုထမ်း၍ ခွေးအပေါင်းခြံရံကာ တောသို့ အမဲလိုက်ထွက်ခဲ့၏။

လမ်းခရီးကြားမှာ ဆွမ်းခံကြွတော်မူသည့် ရဟန်းတစ်ပါးကို မြင်လျှင် ဒေါသထွက်ပြီး ငါကား သူယုတ်ကို မြင်၏။ ယနေ့ တစ်စုံတစ်ခုသော အမဲကိုမှ ရတော့မဟုတ်ဟု တွေးပြီး တောသို့သွားလေသည်။ ရဟန်းသည်လည်း ဆွမ်းခံ၍ ဆွမ်းစားပြီးသော်
ကျောင်းသို့ ပြန်သွား၏။

မုဆိုးသည်လည်း တောထဲမှ အမဲမရဘဲ ပြန်လာသည်ရှိသော် တစ်ဖန် ထိုရဟန်းကို မြင်တွေ့ပြန်၏။ မုဆိုးသည် ယနေ့ ငါသည်
အမဲ မရခြင်းသည်ကား ထိုရဟန်းကြောင့်ဟု ထင်ပြီးလျှင်၊ ရဟန်းအား ခွေးများဖြင့် ကိုက်စေတော့၏။ ရဟန်းတော်သည်
မုဆိုးအား ဒါယကာ
ဤသို့မပြုပါလင့်ဟု တောင်းပန်ရှာ၏။

သို့သော် မုဆိုးကား မိစာၦဒိဋ္ဌိမျက်လုံးတပ်ထားသူပီပီ
ယနေ့ ငါ အမဲ မရခြင်းသည် သင်ရဟန်းယုတ်ကြောင့် ဖြစ်၏၊
ထို့ကြောင့် သင်ရဟန်းယုတ်အား ခွေးများဖြင့်ကိုက်စေအံ့ ဟု ဆိုပြီး တောင်းပန်သည်ကို လက်မခံတော့ဘဲ
ခွေးများကို ရဟန်းထံသို့ ရှေ့ရှုလွှတ်လိုက်လေတော့သည်။

သင်္ကန်းကိုမြင်လိုက်တာနဲ့ ခွေးများကလည်း ကိုက်ဖို့ ဟန်ပြင်ပါတော့သည်။ ရဟန်းလည်း နီးစပ်ရာ သစ်ပင်ပေါ်သို့ ပြေးတက်ပြီးလျှင်
ခွေးများ မကိုက်နိုင်လောက်သည့်
နေရာတွင် ရပ်နေတော်မူ၏။

သို့သော် သင်္ကန်းဝတ်ကို မြင်လျှင် ဒေါသဖြစ်တတ်တဲ့ မုဆိုကား
အောက်မှနေ၍ ရဟန်းတော်၏ ခြေဖဝါးတို့ကို
မြားချွန်ဖြင့် ထိုးလေတော့သည်။

ရဟန်းတော်သည် ထိုသို့မပြုလုပ်ရန် တောင်းပန်သော်လည်း မုဆိုးကတော့ နားမထောင်ဘဲ အဖန်တလဲလဲ ထိုးလေတော့၏။

ထိုကြောင့် ရဟန်းတော်၏ ခန္ဓာကိုယ်သည် မီးဖြင့်ရှို့မြိုက်ခြင်းကို ခံရသကဲ့သို့ဖြစ်ပြီး ဆင်းရဲခြင်းဝေဒနာသို့ ရောက်လေသည်။

မုဆိုး၏မြားချက်များကို ရှောင်ရင်းတိမ်းရင်းဖြင့် ရဟန်းတော်၏ ခန္ဓာကိုယ်ပေါ်မှ သင်္ကန်းသည် မုဆိုး၏ ဦးခေါင်းပေါ်သို့ ရစ်ပတ်လျက် ကျသွားလေသည်။

သင်္ကန်းကိုမြင်လျှင် ကိုက်ချင်နေသည့် ခွေးများကား ရဟန်းတော် ပြုတ်ကျလာသည်ဟု ထင်မှတ်ကာ မိမိသခင်မုဆိုးအား ကိုက်ဖြတ် စားသောက်လျက် အရိုးမျှလောက်သာ ကြွင်းအောင် ပြုကြတော့၏။

သင်္ကန်းဝတ်ရဟန်းအား မြင်လျှင် ရန်လိုတတ်၊ စော်ကားတတ်သော မုဆိုး၊ သင်္ကန်းဝတ်ကို မြင်လျှင် သခင်အားရ ကျွန်ပါးဝသော ခွေးမိုက်များနှင့် အထင်မှားခံ အမြင်မှားခံ ရဟန်းတော်တို့၏ ဝတၳုကြောင်းကား စိတ်ဝင်စားဖွယ်ထက် သံဝေဂယူဖွယ် ကြောက်လန့်ဖွယ်ပင် ဖြစ်လေသည်။

သင်္ကန်းဝတ်ကို မြင်လိုက်တာနဲ့ ဒေါသဖြစ်ခြင်းသည်ကား အကုသိုလ်ကံ ကြီးမားသောကြောင့်ပင် ဖြစ်၏။
ကိုယ့်အကုသိုလ် ကြီးမားသည်ကို ကြီးမားမှန်းမသိ၊ အမှန်ကို အမှန်တိုင်းမမြင်၊ အမှားကို အမှန်ထင်ကာ စော်ကားမော်ကားပြုခဲ့၏။ လက်သပ်မွေး၊ လေ့ကျင့်ပေးထားသည့် သင်္ကန်းကိုမြင်လျှင် ကိုက်ချင်နေသည့် ခွေးများ၏ အားကိုးဖြင့် ရန်ပြုခဲ့၏။

ထိုအကုသိုလ်ကြောင့်လည်းကောင်း၊ နေ့စဉ်သူများအသက်ကို သတ်ဖြတ်စားသောက်နေခြင်းကြောင့် လည်းကောင်း၊ ထိုထိုသို့သော အကုသိုလ်များကြောင့် သေပွဲဝင်လိုက်ရ၏။

သင်္ကန်းမြင်တိုင်း ဟောင်တတ်သည့် ခွေးများကလည်း သခင်လား ဘာလား မခွဲခြားနိုင်၊ သင်္ကန်းကို မြင်လျှင် ရန်သူလိုမြင်ကာ ကိုယ့်သခင်ကို ပြန်လည် ကိုက်သတ် စားသောက်ကြသည့် ခွေးမိုက်များကား သခင်မဲ့တဲ့ဘဝ၊ ခေါင်းဆောင်မဲ့တဲ့ ဘဝသို့ ပစ္စုပ္ပန်မှာ ကြုံရသလို တမလွန်ဘဝသို့ ရောက်မည်ဆိုပါလျှင်
ထိုအကုသိုလ်များကြောင့်
အပါယ်သို့ကျရောက် ရပေဦးတော့မည်။

သင်္ကန်းဝတ်ကို ရန်သူမြင်ကာ စော်ကားခဲ့သည့် မုဆိုး၏ ဘဝနိဂုံးကား မရှုမလှ ပွဲသိမ်းသွားရလေသည်။ တမလွန်ဘဝမှာ ဒေါသအပြစ် အကုသိုလ်အပြစ်များကြောင့် အပါယ်သို့ ဆင်းရပေဦးတော့မည်။ ပစ္စုပ္ပန် တမလွန် ဆိုကျိုးများနှင့် ကြုံတွေ့ရပေတော့မည်။

ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)သင်္ကန်းဝတ်ကို
ရန်သူလိုမြင်ကာ စော်ကားခဲ့သော မုဆိုး၏ ဘဝနိဂုံး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬

မြတ်စွာဘုရားရှင် ဇေတဝန် ကျောင်းတော်ကြီးမှာ သီတင်းသုံးနေတော်မူစဉ် ကောကအမည်ရှိသော ခွေးမုဆိုးကို အကြောင်းပြု၍ ဟောကြားခဲ့သည့် ဝတၳုဖြစ်ပါသည်။ တစ်နေ့သ၌ ခွေးမုဆိုးကောကသည် လေးကိုထမ်း၍ ခွေးအပေါင်းခြံရံကာ တောသို့ အမဲလိုက်ထွက်ခဲ့၏။
FB_IMG_1532156489417.jpg
လမ်းခရီးကြားမှာ ဆွမ်းခံကြွတော်မူသည့် ရဟန်းတစ်ပါးကို မြင်လျှင် ဒေါသထွက်ပြီး
ငါကား သူယုတ်ကို မြင်၏။
ယနေ့ တစ်စုံတစ်ခုသော အမဲကိုမှ ရတော့မဟုတ်ဟု တွေးပြီး တောသို့သွားလေသည်။ ရဟန်းသည်လည်း ဆွမ်းခံ၍ ဆွမ်းစားပြီးသော် ကျောင်းသို့ ပြန်သွား၏။

မုဆိုးသည်လည်း တောထဲမှ အမဲမရဘဲ ပြန်လာသည်ရှိသော် တစ်ဖန် ထိုရဟန်းကို မြင်တွေ့ပြန်၏။ မုဆိုးသည် ယနေ့ငါသည် အမဲ မရခြင်းသည်ကား ထိုရဟန်းကြောင့်ဟု ထင်ပြီးလျှင်၊ ရဟန်းအား ခွေးများဖြင့် ကိုက်စေတော့၏။ ရဟန်းတော်သည် မုဆိုးအား ဒါယကာ ဤသို့ မပြုပါလင့်ဟု တောင်းပန်ရှာ၏။

သို့သော် မုဆိုးကား မိစာၦဒိဋ္ဌိမျက်လုံးတပ်ထားသူပီပီ ယနေ့ ငါ အမဲမရခြင်းသည် သင်ရဟန်းယုတ်ကြောင့် ဖြစ်၏၊ ထို့ကြောင့် သင်ရဟန်းယုတ်အား ခွေးများဖြင့်ကိုက်စေအံ့ဟုဆိုပြီး တောင်းပန်သည်ကို လက်မခံတော့ဘဲ ခွေးများကို ရဟန်းထံသို့ ရှေ့ရှုလွှတ်လိုက်လေတော့သည်။

သင်္ကန်းကိုမြင်လိုက်တာနဲ့ ခွေးများကလည်း ကိုက်ဖို့ ဟန်ပြင်ပါတော့သည်။ ရဟန်းလည်း နီးစပ်ရာ သစ်ပင်ပေါ်သို့ ပြေးတက်ပြီးလျှင် ခွေးများ မကိုက်နိုင်လောက်သည့် နေရာတွင် ရပ်နေတော်မူ၏။

သို့သော် သင်္ကန်းဝတ်ကို မြင်လျှင် ဒေါသဖြစ်တတ်တဲ့ မုဆိုကား အောက်မှနေ၍ ရဟန်းတော်၏ ခြေဖဝါးတို့ကို မြားချွန်ဖြင့် ထိုးလေတော့သည်။

ရဟန်းတော်သည် ထိုသို့မပြုလုပ်ရန် တောင်းပန်သော်လည်း မုဆိုးကတော့ နားမထောင်ဘဲ အဖန်တလဲလဲ ထိုးလေတော့၏။

ထိုကြောင့် ရဟန်းတော်၏ ခန္ဓာကိုယ်သည် မီးဖြင့်ရှို့မြိုက်ခြင်းကို ခံရသကဲ့သို့ဖြစ်ပြီး ဆင်းရဲခြင်းဝေဒနာသို့ ရောက်လေသည်။

မုဆိုး၏မြားချက်များကို ရှောင်ရင်းတိမ်းရင်းဖြင့် ရဟန်းတော်၏ ခန္ဓာကိုယ်ပေါ်မှ သင်္ကန်းသည် မုဆိုး၏ ဦးခေါင်းပေါ်သို့ ရစ်ပတ်လျက် ကျသွားလေသည်။

သင်္ကန်းကိုမြင်လျှင် ကိုက်ချင်နေသည့် ခွေးများကား ရဟန်းတော် ပြုတ်ကျလာသည်ဟု ထင်မှတ်ကာ မိမိသခင်မုဆိုးအား ကိုက်ဖြတ် စားသောက်လျက် အရိုးမျှလောက်သာ ကြွင်းအောင် ပြုကြတော့၏။

သင်္ကန်းဝတ်ရဟန်းအား မြင်လျှင် ရန်လိုတတ်၊ စော်ကားတတ်သော မုဆိုး၊ သင်္ကန်းဝတ်ကို မြင်လျှင် သခင်အားရ ကျွန်ပါးဝသော ခွေးမိုက်များနှင့် အထင်မှားခံ အမြင်မှားခံ ရဟန်းတော်တို့၏ ဝတၳုကြောင်းကား စိတ်ဝင်စားဖွယ်ထက် သံဝေဂယူဖွယ် ကြောက်လန့်ဖွယ်ပင် ဖြစ်လေသည်။

သင်္ကန်းဝတ်ကို မြင်လိုက်တာနဲ့ ဒေါသဖြစ်ခြင်းသည်ကား အကုသိုလ်ကံ ကြီးမားသောကြောင့်ပင် ဖြစ်၏။
ကိုယ့်အကုသိုလ် ကြီးမားသည်ကို ကြီးမားမှန်းမသိ၊ အမှန်ကို အမှန်တိုင်းမမြင်၊ အမှားကို အမှန်ထင်ကာ စော်ကားမော်ကားပြုခဲ့၏။ လက်သပ်မွေး၊ လေ့ကျင့်ပေးထားသည့် သင်္ကန်းကိုမြင်လျှင် ကိုက်ချင်နေသည့် ခွေးများ၏
အားကိုးဖြင့် ရန်ပြုခဲ့၏။

ထိုအကုသိုလ်ကြောင့်လည်းကောင်း၊ နေ့စဉ်သူများအသက်ကို သတ်ဖြတ်စားသောက်နေခြင်းကြောင့် လည်းကောင်း၊ ထိုထိုသို့သော အကုသိုလ်များကြောင့် သေပွဲဝင်လိုက်ရ၏။

သင်္ကန်းမြင်တိုင်း ဟောင်တတ်သည့် ခွေးများကလည်း သခင်လား
ဘာလား မခွဲခြားနိုင်၊ သင်္ကန်းကိုမြင်လျှင် ရန်သူလိုမြင်ကာ ကိုယ့်သခင်ကို ပြန်လည် ကိုက်သတ် စားသောက်ကြသည့် ခွေးမိုက်များကား သခင်မဲ့တဲ့ဘဝ၊ ခေါင်းဆောင်မဲ့တဲ့ ဘဝသို့ ပစ္စုပ္ပန်မှာ
ကြုံရသလို တမလွန်ဘဝသို့
ရောက်မည်ဆိုပါလျှင်
ထိုအကုသိုလ်များကြောင့်
အပါယ်သို့ကျရောက် ရပေဦးတော့မည်။

သင်္ကန်းဝတ်ကို ရန်သူမြင်ကာ
စော်ကားခဲ့သည့် မုဆိုး၏ ဘဝနိဂုံးကား မရှုမလှ ပွဲသိမ်းသွားရလေသည်။ တမလွန်ဘဝမှာ ဒေါသအပြစ် အကုသိုလ်အပြစ်များကြောင့် အပါယ်သို့ ဆင်းရပေဦးတော့မည်။ ပစ္စုပ္ပန် တမလွန် ဆိုကျိုးများနှင့်တွေ့ရပေတော့သည်။

အခြားသောအကောင့်မှ copy ယူလာသည်။

ဗုဒ္ဓသာသန မာမက

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://chaturbate.com/bon_aventura/