ယောကျာ်းပီသဖို့ ဘာတွေလိုအပ်လဲ လို့
မေးလာတဲ့ ညီငယ်တွေအတွက်ပါ။
ယောက်ျားပီသဖို့ဆိုရင်
ချောမောလှပတဲ့ ရုပ်ရည်မလိုဘူး။
ကြီးမာတဲ့ အင်အား ဗလ မလိုဘူး။
မိုက်ရူးရဲဆန်ဖို့ မလိုဘူး...
.
အဓိက လိုအပ်ချက်တွေက
၁။ကိုယ့်လုပ်ရပ်ကို
တာဝန်ယူရဲတဲ့စိတ် ရှိရမယ် ။
၂။ ကိုလုပ်တဲ့အလုပ်ကို
ယုံကြည်မှု အပြည့်ရှိ ရမယ် ။
၃။ကိုယ့်ကိုကိုယ် အမြဲအားကိုး နိုင်ရမယ် ။
၎။သစ္စာတရားကို အမြဲတမ်း တန်ဖိုးထားတဲ့
ယောက်ျား တစ်ယောက်ဖြစ်ရမယ် ။
၅။အရာရာတိုင်းကို အမှားအမှန်
ခွဲခြား ပိုင်းခြားနိုင်ရမယ် ။
၆။ ဒုတ္ခရောက်တိုင်းလဲ
ခံနိုင်ရည်ရှိအောင် နေရမယ် ။
၇။ ဘဝအခက်ခဲတိုင်းကို
ကျော်လွှားသွားနိုင်ရမယ် ။
၈။လူတိုင်းနဲ့ အဆင်သင့်အောင် နေနိုင်ရမယ်
၉။သူတစ်ပါး အားနည်းချက်ကို
အခွင့်ကောင်းယူပြီး
အနိုင်ယူတတ်သူမဖြစ်ပါစေနဲ့ ။
၁၀။အသက်ကြီးရွယ်အိုတွေကို
မိဘသဖွယ်ရိုသေလေးစားတတ်တဲ့
စိတ်နှလုံးသားအမြဲထားရှိရမယ် ။
၁၁။ လုပ်ချင်တာထက် လုပ်သင့်တာကို
အမြဲ ဦးစားပေးပြီး လုပ်နိုင်ရမယ် ။
.
လူတိုင်း အားကိုးနိုင်လောက်တဲ့
ယောက်ျားတစ်ယောက်ဖြစ်ဖို့ဆိုတာ
တကယ်တော့ မလွယ်ပါဘူး။
ဒါပေမယ့် ကိုယ့်စိတ်ကရိုးသားဖြူစင်နေရင်
အလိုလိုနေရင်း လူတွေလေးစားလာတဲ့
လူတစ်ယောက် ဖြစ်လာတယ်။
စိတ်သဘောထား ကြီးမားတဲ့
ယောက်ျား တော်တော်များများ
ကတော့ မနာလိုစိတ် သဝန်တိုစိတ်တွေ
ကင်းကြတာများပါတယ်။
Hi. I am a volunteer bot for @resteembot that upvoted you.
Your post was chosen at random, as part of the advertisment campaign for @resteembot.
@resteembot is meant to help minnows get noticed by re-steeming their posts
Even better: If your reputation is lower than 28 re-steeming only costs 0.001 SBD!
If you want to learn more - read the introduction post of @resteembot.
If you want help spread the word - read the advertisment program post.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit