ရှေးလူကြီးတွေ လက်ဆင့်ကမ်းပြောခဲ့ကြတဲ့ စကားတွေထဲက လုပ်ငန်းကြီးတွေ အစမပြုသင့်သောရက်လို့
ရှိခဲ့တာ အံ့သြ၀မ်းသာရပါတယ် ကျနော်လဲ မိတ်ဆွေတို့အတွက် မျှ ဝေ ပေး ဖို့စိတ်ကူးပေါ်လာမိတာနဲ့
ရေးမိလိုက်ပါတယ် တကယ်တော့ မှတ်ရလွယ်လွယ်လေး သိပ်မခက်ပါဘူး စကားတွေကတော့
ဝါဆိုဝါခေါင် နှစ်ရက်ရှောင်.တော်သလင်းသီတင်းကျွတ် နှစ်ရက်လွတ်၊တန်ဆောင်မုန်းနတ်တော် သုံးရက်ကျော်၊
ပြာသို တပို့တွဲ လေးရက်လွဲ၊ တန်ပေါင်း တန်ခူး ငါးရက်ကြူး၊ ကဆုန်နယုန် ခြောက်ရက်ခုန် ၊ မဟာရက်ကြမ်း မီးနှင့် ရမ်း ......ပါတဲ့
ခင်ဗျာ ယုံကြည်တာ မယုံတာ ရေးတဲ့သဘောမျိုးမဟုတ်တဲ့ အတွက် ဗဟုသုတအနေနဲ့ ဝေမျှပါတယ်ခင်ဗျ
သိသူများလဲ ထပ်ဆင့်သိသလို မသိသူများလဲ
သိဖူးရတာပေါ့ခင်ဗျာ
အခုလိုဆုံးအောင် ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ အပမ်းမကြီးရင် vote ပေးသွားကြပါအုံးနော်
By JB
Aug.5.17 sat