Asus Zenfone Ares

in asus •  7 years ago 

" Snapdragon 821, RAM 8GB သုံးထားတဲ့ Asus Zenfone Ares ကို ကြေညာ "

Asus ဟာ ထိုင်ဝမ်မှာ စမတ်ဖုန်းသစ်တစ်လုံးကို တိတ်ဆိတ်စွာ ကြေညာလာပါတယ်။ တိတ်ဆိတ်စွာ ကြေညာတယ်ဆိုတာ သတင်းစာရှင်းလင်းပွဲ (သို့မဟုတ်) မိတ်ဆက်ပွဲလုပ်ပြီး ကြေညာတာမျိုး မဟုတ်တာကို ဆိုလိုတာဖြစ်ပါတယ်။ Asus Zenfone Ares ကို ကြေညာလာတာ ဖြစ်ပါတယ်။ ဒီဖုန်းက ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့တဲ့ AR နှင့် VR ထောက်ပံ့ထားတဲ့ Zenfone AR မှာ သုံးထားတဲ့စနစ်တွေနဲ့ တော်တော်လေး တူပါတယ်။ Asus Zenfone Ares က မျက်နှာပြင် 5.7 လက်မရှိပြီး Super AMOLED 16:9 QHD ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ 1440 x 2560 px Resolution ရှိပါတယ်။ ဒီဖုန်းမှာ Outdoor မှာ ကြည့်ရှုရကောင်းမွန်အောင် Tru2ife နည်းပညာပါဝင်ပြီး မှန်အပေါ်ယံမှ ဆီတစ်ထပ်သုတ်ထားတာ တွေ့ရပါတယ်။ Zenfone Ares ကို Snapdragon 821ယ RAM 8GB နှင့် ပါဝါထောက်ပံ့ထားပြီး Storage 128GB ပါဝင်ပါတယ်။ micro USB မှ ထပ်မံတိုးမြှင့်နိုင်ပါသေးတယ်။ Google ARCore နည်းပညာ သုံးနိုင်ပါမယ်။ ကျောဘက်ကင်မရာက 23MP ဆင်ဆာ ဖြစ်ပါတယ်။ PixelMaster 3.0 Lens သုံးထားပြီး AR 3D Effects များ ရိုက်ကူးနိုင်ပါမယ်။ ရှေ့ကင်မရာက 8MP ဆင်ဆာ ဖြစ်ပါတယ်။ စိတ်ပျက်ဖို့ကောင်းတာကတော့ ဒီဖုန်းမှာ Android Nougat အသုံးပြုထားတာ ဖြစ်ပါတယ်။ ဘက်ထရီ 3300 mAh ပါဝင်ပြီး Quick Charge 3.0 ဖြင့် အလျင်အမြန် အားသွင်းနိုင်ပါမယ်။ ဒီဖုန်းမှာ အသံပိုင်းအတွက် SonicMaster 3.0 Hi-Res Audio 384 kHz ပါဝင်ပြီး အသံပတ်လည်စနစ်ဖြင့် နားဆင်နိုင်အောင် လုပ်ဆောင်ထားပါတယ်။ Asus Zenfone Ares ကို ထိုင်ဝမ်မှာ ဒေါ်လာ 333 ဖြင့် ရောင်းချနေပါတယ်။35345837_1751488924938926_5360229454398357504_n.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
  ·  7 years ago Reveal Comment