Bitcoin ကို Electronic Cash အဖြစ်သုံးဖို့ထွင်ခဲ့တယ်။ ဒါပေမယ့် လက်ရှိသူ့အနေအထားအရ 10tx per second ပဲရတော့ ငွေကိုလေလိုသုံးဖို့မဖြစ်နိုင်သေးဘူး။ ဒီကြားထဲ arbitrage သမားတွေရဲ့ tx တွေအစုလိုက်အပြုံလိုက် ပြီးတော့ spam သမားတွေရဲ့ ဝိုင်းသမမှုတွေကြောင့် electronic cash အရသာပျက်ပြီး store of value ပါဖြစ်လာတယ်။
အခုလာပြန်ပြီ bitcoin ကို on chain ပေါ်ကမသွားဘဲ off chain အဖြစ် lighting network ထွင်ပြီး Bitcoin ကိုသုံးဖို့ မကြာမှီဖြစ်လာတော့မယ်။ bitcoin ကို ASIC miner နဲ့ ချနေတဲ့ mining သမားတွေ တခြား SHA-256 ပြောင်းချရတော့မယ့် အနေအထား။ ဒီကြားထဲ Bitcoin Cash ကလည်း သူကသာ Bitcoin အမှန်ပါဆိုပြီးဖြစ်လာပြန်တယ်။ Block Size ကို GB ထိတိုးဖို့ စမ်းသပ်မှုတွေလည်းလုပ်နေကြတယ်။ လက်ရှိ size က MB။ Bitcoin က 1MB, Bitcoin Cash က 8MB. 10Mins အကြာမှာ 1Block ဖြစ်ပေါ်တယ်။ 1Block မှာ size ရှိသလောက်ပဲ tx လက်ခံနိုင်တယ်။
ဒီတော့ Next Block ထဲကိုယ့် tx ပါအောင် Satoshi/byte တိုးတိုးပေးကြရင်း Bitcoin tx fee တက်လာတယ်။ အတင်းအကြပ်ပေးရတာတော့မဟုတ်ဘူး။ မပေးရင် ကိုယ် tx ဘယ် block အလှည့်ကျမှပါမလဲမသိ။ စောင့်ပေတော့ပဲ။ Bitcoin Cash ကတော့ block size ကြီးတော့ tx များများလက်ခံနိုင်တယ်။ 2satoshi/byte လောက်ပေးတောင် next block ထဲ ကိုယ့် tx ပါသွားတယ်။
ဒါဆို electronic cash အနေနဲ့ ဘယ်ဟာပိုသင့်တော့မလဲ။
၂ခုစလုံး မသင့်တော်သေးပါ။
fee လည်းပေးစရာမလို။ ခုပို့ခုရောက်တဲ့ blockchain ရှိပါတယ်။ တလောကဘဲ rebranding လုပ်ပြီး name ပြောင်းထားသေးတယ်။ သူရော electronic cash မဖြစ်နိုင်ဘူးလား။ XXX?
The purpose of crypto-currencies is to transmit value around the World without permission.