Bitcoin ကိုရယူဖို့ ​အ​ကောင်းဆုံး နည်းလမ်း 

in bitcoin •  7 years ago  (edited)

Bitcoin ကိုရယူဖို့ ​အ​ကောင်းဆုံး နည်းလမ်း 

သွားချင်​ရာ သွားစားချင်​ရာစား ​ပျော်​တာမ​ပျော်​တာ​တွေ ​နောက်​ထား အလုပ်​​လေးနည်းနည်း​လောက်​​တော့ လှမ်းကြည့်​ရအုံးမှာပဲ။ ​​ခေါင်းစဉ်​က​တော့ Bitcoin ရယူဖို့ ​အ​ကောင်းဆုံးနည်းလမ်းတဲ့။ ဆို​တော့ကာ ကျွန်​​တော်​ ဒီစာစု​လေး​ရေးသားတဲ့အခါ မည်​သူတစ်​ဦးတစ်​​ယောက်​ကိုမျှ ထိခိုက်​နစ်​နာ​စေလိုသည့်​ရည်​ရွယ်​ချက်​မရှိပါ။ ကိုယ့်​အနည်းသိသမျှ​လေးကို ​စေတနာ ဗလပွဖြင့်​ ​ဝေမျှ​ပေးရုံသာဖြစ်​ပါသည်​။ တစ်​ဖက်​သတ်​​ရေးသား​ပြောဆိုခြင်းလည်းမဟုတ်​၊ ကျွန်​​တော်​၏ ​လေ့လာမှုအားနည်းချက်​​ကြောင့်​ အနည်းငယ်​လွဲ​ချော်​မှုသာဖြစ်​ပါလိမ့်​မည်​။ သို့အတွက်​ အမှားအယွင်းများ ပါလာခဲ့သည်​ရှိ​သော်​ သီးခံခွင့်​​လွတ်​​ပေးဖို့ ကြိုတင်​​တောင်းပန်​အပ်​ပါသည်​။

Bitcoin ရဲ့တန်​ဖိုးဟာ အရမ်းကိုမြင့်​မားလွန်းတာ​ကြောင့်​ Bitcoin ရယူဖို့ ကျွန်​​တော်​တို့ ကြိုးစားလာရတယ်​။ ဒီလိုမျိုး Bitcoin ဆိုတဲ့ Cryptocurrency အတိုင်း တခြား Cryptocurrency များစွာလည်း ​ပေါ်​ပေါက်​လာပါတယ်​။
Bitcoin (15145$)
Ethereum (1119$)
Litecoin (252$)
Dogecoin (0.015333$)
Ripple (2.46$)......
စသဖြင့်​ Cryptocurrency ​ပေါင်း​ထောင်​​ကျော်​ ​ဈေးနှုန်းအသီးသီး ဖြင့်​ရှိပါတယ်​။ ကဲ Bitcoin ရယူမယ်​ဆို​တော့ ကျွန်​​တော်​တို့ ပထမဆုံးစဉ်းစားမိတယ်​၊ Bitcoin ရချင်​ရင်​တူးလို့ရတယ်​ဗျ၊ Bitcoin Mining ​ပေါ့ဗျာ၊ Bitcoin Mining အ​ကြောင်းနည်းနည်း​လောက်​​ဖောကြည့်​မယ်​​နော်​၊ ကျွန်​​တော်​တို့ Bitcoin ဆိုတဲ့ စနစ်​ကို စထွင်​လိုက်​ပီ ဆိုပါစို့။ ဒီလို စထွင်​ပီးတဲ့​နောက်​ပိုင်းမှာ bitcoin ပမာဏ တစ်​ခုကို Wallet တစ်​ခုက​နေ Wallet တစ်​ခုကို Transaction လုပ်​လိုက်​တယ်​​ပဲဆိုပါစို့။ အဲ့ဒီအခါ ဒီ Bitcoin ပမာဏ တစ်​ခုက blockchain ဆိုတဲ့​ ကွန်​ရက်​တစ်​ခုကို ဖြတ်​သွားရပာတယ်​၊ blockchain အ​ကြောင်း​တော့ မ​ပြော​ပြ​တော့ပါဘူး။ ဒီblockchain ကပဲ Bitcoin လွဲ​ပြောင်းတဲ့ History ​တွေကိုမှတ်​တမ်းတင်​​ပေးပါတယ်​၊ ဒီလိုမျိုး လွဲ​ပြောင်းတဲ့အခါမှာ Blockchain စနစ်​အရ ကိုယ့်​လွဲလိုက်​တဲ့ wallet ထဲ​ရောက်​ဖို့ သူ့လမ်း​ကြောင်းမှာ key ​တွေနက်​သွားပါတယ်​၊ key ​ပေါင်း 256 လုံးရှိပြီး အက္ခ​တွေ ဂဏန်း​တွေပါဝင်​ပါတယ်​ ဒီ key ​တွေကို Ramdom သတ်​မှတ်​ပါတယ်​။ ကို​ယ်​လွဲလိုက်​တဲ့ Bitcoin ဟာသက်​ဆိုင်​ရာ wallet ထဲ​ရောက်​ဖို့ ramdom ဖြစ်​​နေတဲ့ key ကိုမှန်​ကန်​​အောင်​ ကွန်​ပျူတာ ​တွေ လျှပ်​စစ်​​တွေနဲ့ တပ်​ဆင်​ပြီး တွက်​ချက်​​ပေးရပါတယ်​။ ဒီလို တွက်​ချက်​​ပေးတဲ့သူ​တွေကို bitcoin mining လုပ်​သူ လို့​ခေါ်ပါတယ်​။ ဒီလို ရှုပ်​​ထွေးတဲ့ problem ​တွေ သချာင်္လိုအရာ​တွေကို gpu cpu တခြား mining ပစ္စည်း​တွေနက်​ အမြန်​ဆုံးနဲ့ အမှန်​ကန်​ဆုံး တွက်​ချက်​​ပေးနိုင်​တဲ့သူကို bitcoin ​တွေ reward အဖြစ်​​ပေးလိုက်​ပါတယ်​။ ဒီရရှိတဲ့ bitcoin ​တွေဟာ ကျွန်​​တော်​တို့် ​ဈေးကွက်​ထဲမှာ သုံးစွဲ​နေတဲ့ bitcoin ​တွေမဟုတ်​ပဲ သူ့အလိုလို ထွက်​လာတဲ့ bitcoin အသစ်​​တွေဖြစ်​ပါတယ်​။ အကယ်​၍ ကျွန်​​တော်​တို့ mining လုပ်​မယ်​ဆို သက်​ဆိုင်​ရာ ပစ္စည်း​တွေလိုမယ်​။ လျှပ်​စစ်​မီးလိုပါတယ်​...ဒီအတွက်​ အရင်းနှီးအရမ်းကြီးပါတယ်​။ ပြီး​တော့ bitcoin ကို အကန့်​အသတ်​နဲ့ ထုတ်​မှာမို့ ​လက်​ရှိ bitcoin ဟာ 1.6 သန်း​ကျော်​ရှိ​နေပီး 2.1 သန်းသာ ထုတ်​နိုင်​မှာဖြစ်​ပါတယ်​။ ဒီ​တော့ မိုင်းတူ​တွေများလာရင်​ reward ​ပေးတဲ့ bitcoin ပမာဏ ကနည်းလာပြီး mine တူးဖို့ ခက်​ခဲလာပါလိမ့်​မယ်​။ သို့​ကြောင့်​ mine တူးမယ်​ဆို သင်​ဟာ အရင်းအနှီးရှိသူဖြစ်​လျင်​ ယခုအချိန်​မှစ၍ mining လုပ်​ငန်းကို စတင်​သင့်​ပါတယ်​၊ ဒါဟာ အလွန်​ကြီးမားတဲ့ စီးပွား​ရေးလုပ်​ငန်းတစ်​ခုဖြစ်​ပါတယ်​။

Cloud mining ဆိုတာဘာလဲ၊ Cloud Mining ဆိုတာက​တော့ ကျွန်​​တော်​တို့ mining လုပ်​ငန်းကို လုပ်​ကိုင်​တဲ့အခါ mining ဆိုင်​ရာ ဆက်​စပ်​ပစ္စည်း​တွေ ဝယ်​ယူသုံးစွဲရပါတယ်​။ ဒီလို ဝယ်​ယူပြီး mining လုပ်​တဲ့အခါ တခြား​သော mining လုပ်​ချင်​တဲ့ သူ​တွေကို share အဖြစ်​​ခေါ်ယူပြီး အမြတ်​ကို အချိုးကျ ပြပန်​လည်​ ခွဲ​ဝေးပါတယ်​၊ အမှန်​တယ်​လဲ mining hardware ​တွေနက်​ mining လုပ်​ကြပါတယ်​၊ share ဝင်​သူ​တွေကိုလည်း ပြန်​လည်​ ခွဲ​ဝေ​ပေးပါတယ်​၊ ဥပမာ genisis mining ကို​ပြောရပါမယ်​၊ genisismining က​တော့ အမှန်​အကန်​ mineတူ​နေပီး အ​တော်​နာမည်​ ကြီးတဲ့ cloud mining အဖြစ်​ ထင်​ရှားပါတယ်​၊ ဒီလို cloud Mining အတိုင်း အမှန်​တကယ်​ mining မလုပ်​ပဲ share ​ခေါ် တဲ့ cloud mining ​ပေါင်းများစွာလည်း ရှိပါတယ်​၊ အကယ်​၍ သင်​ဟာ mining ဆက်​စပ်​ပစ္စည်း​ဖြင့်​ mine မလုပ်​နိုင်​​သော်​လည်း Cloud mine မည်​ဆိုပါက Genisis လို ခိုင်​မာတဲ့ site မှာ share ဝင်​သင့်​ပါတယ်​၊ သို့​သော်​ genisis mining က ​ကောင်း​ကောင်း မလည်​ပတ်​နိုင်​​တော့တဲ့ အခါ သင့်​ရဲ့ share လည်းရှုံးဆုံးနိုင်​ပါတယ်​၊ 99% ​လောက်​ထိ risk ရှိနိုင်​ပါတယ်​၊ ဒါဟာ bitcoin ရယူဖို့ ​အ​ကောင်းဆုံး နည်းလမ်း မဟုတ်​နိုင်​ပါဘူး risk ရှိ​နေပါ​တယ်​။ မည်​သည့်​ investment site မဆို risk 99% ​လောက်​ထိရှိပါတယ်​၊ 😁

ဒါဆို bitcoin ရယူဖို့ အ​ကောင်းဆုံး နည်းလမ်းက ဘာလဲ? Cryptocurrency ​ပေါင်း​ထောင်​​ကျော်​ရှိပါတယ်​၊ ဒီ currency ထဲမှာ top 100 မှာပါတဲ့ currency ကိုအလကား ရနိုင်​တယ်​ဆိုပါစို့။ ဒီလိုဆို ဒီ အလကားရတဲ့ currency ကို bitcoin နဲ့ exchange လုပ်​မယ်​ဆို ကျွန်​​တော်​တို့ bitcoin ကိုရနိုင်​ပါတယ်​။ ဒီလိုအလကားရနည်းက​တော့ ကျွန်​​တော်​တို့ bitcoin ရယူဖို့ အ​ကောင်းဆုံး နည်းလမ်းလို့ ​ပြောလို့ရပါတယ်​။ ကျွန်​​တော်​တို့ လိုချင်​တဲ့ Bitcoin နဲ့ Exchange ဖို့ တခြား currency ကို အလကားရနိုင်​ပါတဲ့ Currency ရှိပါတယ်​။ ဒါက​တော့ STEEM နဲ့ Steem Dollar ဖြစ်​ပါတယ်​။ အလကား လို့​ပြောမိတာ အရမ်းကို များသွားပါတယ်​။ အမှန်​တကယ်​​တော့ ​ပေးဆပ်​မှု​လေး​တွေ ရှိ​နေပါတယ်​။ Internet ​ရင်းနှီးရမယ်​၊ လုံ့လစိုက်​ထုတ်​မှု ရင်းနှီးရမယ်​၊ ကို​ယ့်​ရဲ့ creation စွမ်းရည်​ ရင်းနှီးရမယ်​။ ဒီ​လောက်​ဆို Steem ရယူဖို့ အရင်းအနှီးလုံ​လောက်​ပါပြီ။ steem ကိုဘယ်​လို ရယူမလဲ​ပေါ့၊ steem ရယူတာ အရမ်းလွယ်​ပါတယ်​။ ကျွန်​​တော်​တို့ facebook သုံးတတ်​ရင်​ steem ရဖို့လွယ်​ကူသွားပါပြီ။ ကျွန်​​တော်​တို့​တွေဟာ steem ကို www.steemit.com ဆိုတဲ့ social media က​နေရရှိနိုင်​ပါတယ်​၊ steemit ဆိုတဲ့ social media ​ပေါ်မှာ အ​ကြောင်းအရာ တစ်​ခုကို ဖန်​တီးပီး တင်​လိုက်​မယ်​၊ ဥပမာ- တားတား အီးပါ​နေတာ fighting လို့​ပြောဝါး​ပေး 😂😂 ဒီလိုမျိုး ပို့စ်​​လေး တင်​လိုက်​မယ်​​ပေါ့ အကယ်​၍ အ့ပို့မှာ သင်​ဟာ like ရတယ်​ဆို steem ရနိုင်​ပါပြီ။ အမှန်​တကယ်​ တင်​မယ်​ဆိုရင်​​တော့ အကျိုးရှိရာ အ​ကြောင်းအရာ တစ်​ခုခုကို တင်​​ပေးမှာသာလျှင်​ vote ​and comment ရမှာဖြစ်​ပါတယ်​။ ဒီလို အကွက်​​လေး​တွေ​တော့ ရှိပါတယ်​။ facebook မှာလို တစ်​ရာဖိုး သုံးပုဒ်​​တွေ ​ပေါက်​ကရ ​လျှောက်​​ရေးလို့မရပါဘူး copy ကူးပြီး credit ​ပေးလို့မရပါဘူး ဒါ​ကြောင့်​ သင်​ဟာ ကိုယ်​ပိုင်​ creation စွမ်းရည်​​တော့ အသုံးပြု​ပေးရမှာဖြစ်​ပါတယ်​။ story တစ်​ခုဟာ မြန်​မာ​ငွေနဲ့ တွက်​ရင်​ ဆယ်​သိန်း ထိရနိုင်​ပါ​ကြောင်း ခပ်​​လောင်း​ပြောရ​စေခင်​ဗျာ။ steem coin အပါအဝင်​ ​တခြား coin ဈေးနှုန်းများ သိရှိလိုပါကလည်း coinmarketcap.com မှာ ဝင်​​ရောက်​ကြည့်​ရှုနိုက်​ပါတယ်​။ လက်​ရှိ steem coin ​ပေါက်​​ဈေး 5$ နီးပါး (​ဈေးကျ) ရှိပါတယ်​။ steemit မှာ ​အ​ကြောင်းအရာ​တွေ ဖလှယ်​ reward ​တွေရယူပြီး bitcoin နဲ့ exchange လုပ်​ပြီး btc ရယူခြင်းက risk မရှိပဲ bitcoin ရယူဖို့ ​အ​ကောင်းဆုံးနည်းလမ်း ဖြစ်​​ကြောင်း ​ပြောကြားရင်း နိဂုံးချူပ်​လိုက်​ပါတယ်​။

အထက်​ပါ အ​ကြောင်းအရာနှင့်​ ပတ်​သက်​၍ coin ​ဈေးနှုန်းများ လွဲ​ချော်​မှုရှိသည်​၊ အထက်​​ပါအ​ကြောင်းအရာနှင့်​ ပတ်​သက်​​၍ steemit မှာ ရှာချင်​ရင်​​တော့ ကျွန်​​တော့်​၏ facebook chatbox သို့ လာ​ရောက်​​နိုင်​ပါသည်​။ အထက်​ပါအ​ကြောင်းအရာကို မိမိနှစ်​သက်​ရာ media ​တွင်​ copy ကူးယူ၍ တင်​နိုင်​ပါသည်​။

Nay Myo Aung 11.1.2018
@konay1997

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

This post has received gratitude of 1.05 % from @appreciator thanks to: @konay1997.

Thanks

Btcကတော်ပြီ
မလိုက်တော့ဘူး