လူမျိုးတုံးသတ်ဖြတ်မှုရှောင် ရိုဟင်ဂျာလှေတစ်စင်း အင်ဒိုနီးရှားသို့ဆိုက်ရောက်

in boatpeople •  6 years ago 


ရေးသူ။ ။ရိုရတီ
ရိုဟင်ဂျာ ဗွီးရှင်း

Aceh (၅.၁၂.၂၀၁၈)။ ။ မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ လူမျိုးတုံးသတ်ဖြတ်မှု သားကောင် ရိုဟင်ဂျာ အမျိုးသား ၂၀ ဦးပါတဲ့ လှေတစ်စင်းသည် ကမ္ဘာ့ မွတ်စလင်လူမျိုးအများစု နေထိုင်ကြတဲ့ အင်ဒိုနီးရှားနိုင်ငံကို အင်္ဂါနေ့က ရောက်ရှိခဲ့ကြောင်း တာဝန်ရှိသူများက တင်ပြထားပါတယ်။

အသက် ၁၄ နှစ်ကနေ၂၈နှစ် ၀န်းကျင်ရှိတဲ့ အမျိုးသားအများစုနှင့် အသက်၅၀ရှိသော သက်ကြီးအမျိုးသား တစ်ဦးကို သယ်ဆောင်လာတဲ့ သစ်သားစက်လှေဟောင်း တစ်စင်း အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း စူမားတျားကျွန်းဆွယ်ရဲ့ Aceh ပြည်နယ်ကို ရောက်ရှိလာတာဖြစ်ကြောင်း ဒေသခံအရာရှိတစ်ဦးက ပြောကြားထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံကိုရောက်ရှိသွားတဲ့ လှေစီးဒုက္ခသည်တွေကို မေးမြန်းရာကနေ မလေးရှားကိုသွားနေတာဖြစ်ကြောင်း သိရှိရပြီး ၄င်းရိုဟင်ဂျာဒုက္ခသည်တွေဟာ ကျန်းမာရေးအရ ကောင်းမွန်တဲ့အခြေနေမှာရှိနေပြီး သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ခိုလှုံစရာနှင့် အခြေခံလိုအပ်ချက်များ စီစဉ်ပေးနေကြောင်း Idi Rayeuk ခရိုင် ရေတပ်မှူး Razaliက ပြောကြားခဲ့ပါတယ်။

မကြာသေးမီ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ မလေးရှားကို ဦးတည်သွားနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပါဝင်တဲ့ လှေတွေကိုလည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံက တားစီးခဲ့တာရှိပါတယ်။

ပြီးခဲ့တဲ့နှစ်အချို့မှာ လှေစီးဒုက္ခသည်အများပြား ရေနှစ်သေဆုံးပြီး အရှေ့တောင်အာရှနိုင်ငံတွေ အကြပ်အတည်းနဲ့ ရင်ဆိုင်လာရတဲ့ လူကုန်ကူးမှုကွန်ယက်ကို ထိုင်းအာဏာပိုင်များက ၂၀၁၅ ခုနှစ်မှာ ဖြိုခွင်းခဲ့ပြီးတဲ့နောက် ရိုဟင်ဂျာလူနည်းစု ဒုက္ခသည်တွေက တောင်ဘက်ပင်လယ်လမ်းကြောင်းဖြင့် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားခဲ့ခြင်းမှာ အလွန်နည်းပါးသွားပြီး လူ့အခွင့်ရေးချိုးဖောက်မှုများ ဆက်လက်တည်ရှိနေသဖြင့် ယခုပြန်လည်ကြိုးစားနေတာ တွေ့ရပါတယ်။

အဲ့ဒီနှစ်မှာပဲ Acehပြည်နယ်ကိုကမ်းကပ်ခဲ့ကြတဲ့ ရာပေါင်းများစွာသော ရိုဟင်ဂျာတွေကို ရှေးရိုးစွဲအခိုင်မာယုံကြည်ကြတဲ့ အစ္စလာမ္မစ်ပြည်နယ်က လက်ခံကြိုဆိုခံကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာတော့ သစ်သားစက်လှေဟောင်းတစ်စင်းနဲ့ လူနည်းစုရိုဟင်ဂျာ ၈၀ခန့် Arch ပြည်နယ်ကိုရောက်ရှိခဲ့ပြီး ဒီ့ထက်ပိုမိုများစွာသောရိုဟင်ဂျာတွေကတော့ အိမ်နီးချင်းဖြစ်တဲ့ မလေးရှားနိုင်ငံကို ရောက်သွားကြပါတယ်။

 

ရိုဟင်ဂျာလူမျိုးတွေကို လူ့အခွင့်ရေးအပြည့်ဝပေးဖို့ မြန်မာအစိုးရအား နိုင်ငံတကာအသိုင်းဝိုင်းများက ဖိအားပေးနေသည့်ကြားမှ ယခုလို ရိုဟင်ဂျာများအစုလိုက်အပြုံလိုက် ထွက်ပြေးနေခြင်းဟာ ဆိုးရွားတဲ့ပြည်တွင်းအခြေနေကို မီးမောင်းထိုးပြနေပါတယ်။

ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ ဖိနှိပ်ခံ လူနည်းစုရိုဟင်ဂျာလူမျိုးတွေက မိမိတို့နေရပ်ဒေသကိုပြန်ချင်ပေမယ့် မြန်မာအစိုးရက မိမိတို့ရသင့်ရထိုက်တဲ့ နိုင်ငံသား အခွင့်ရေးကိုပေးဖို့ ငြင်းဆန်နေသရွေ့တော့ ရိုဟင်ဂျာလူမျိုးတွေဟာ သက်စွန့်ပြီး မိမိတို့အတွက် လုံခြုံတဲ့နေရာတစ်ခုဆီကို ထွက်ပြေးနေကြရမှာ ဖြစ်ပါတယ်။

SOURCE: Mail Online


Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%9c%e1%80%b0%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%90%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%90%e1%80%b9%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%99%e1%82%88%e1%80%b1%e1%80%9b/

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!