နားလည်မှုရှိပါစေ

in busy •  7 years ago 

DQmPMe19YiG4K8smxr1TGQ6jXwWA1rhv2SZePEw5wBL8PaL.png
နားလည်မှုအကြောင်းလေး

နားလည်မှုရှိကြစေချင် ပါလေသည်။ နားလည်မှုသည် စကားလုံး သုံးလုံးသာ ရှိလေသည်။ ထိုစကား သုံးလုံးသည်
လူ့ဘောင် လောကတွင် အားလုံး အဆင်ပြေစေရန် ချိတ်ဆက်ပေးထား လေသည်။ မိဘနှင့် သားသမီး ကြားမှာလည်း နားလည်မှုလိုသည် ဆရာနှင့် တပည့်ကြားမှာလည်း နားလည်မှု လိုပါလေသည်။ မိတ်ဆွေ သူငယ်ချင်း အပေါင်း အသင်းတွေ ကြားမှာလည်း နားလည်မှုက လိုအပ်နေ ပြန်ပါသည်။ တစ်ဦးနှင့် တစ်ဦး နားလည်မှု ရှိမှ အရာရာ အဆင်ပြေနိုင် ပါလေသည်။ နားလည်မှု ရှိခြင်းသည် အားလုံး အဆင်ပြေစေသည်။
လူတွေရဲ့ ပေါင်းသင်းဆက်ဆံရေးတွင် နားလည်မှု သည် အလွန် ရေးကြီးသည်။ ပေါင်းသင်း ဆက်ဆံရေးတွင် မရှိမဖြစ်လိုအပ်သလို လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင်လည်း နားလည်မှုက မပါမဖြစ် ပါဝင်ရပါလေသည်။

လူ့သဘောတွေကလည်း ဆန်းကျယ်လွန်းပါသည်။ နားလည်မှု ဆိုသည်ကလည်း လူ့သဘောနောက်တွင် အမျိုးမျိုး
ကွဲပြား ခြားနားပါလေသည်။ အသင်းအဖွဲများတွင် ငါထင်တာအမှန် ငါလုပ်တာ အမှန် ငါပြောတာ အမှန် ငါလုပ်တာမှ
ကောင်းတယ် ဟု ခံယူ လုပ်ဆောင်သူ များကို တွေ့မြင်ရတက် ပါလေသည်။ ထိုသူများ ရှိနေသော အဖွဲ အစည်းသည်
အောင်မြင်ခြင်း ပျော်ရွှင်ခြင်းများ အတော်ကို ဝေးကွာနေသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါလေသည်။ ထိုသူမျိုး ထိုအဖွဲ့တွင် ရှိနေသမျှ စည်းလုံးခြင်း ညီညွတ်ခြင်း သည်လည်း စာထဲတွင်သာ ရှိနေမည် ဖြစ်ပါလေသည်။
DQmUvYSH1UFb7w37eBzzTzMNie6yVgnHg2Pn1ikWFkqs23n.png
နေရာတကာတွင် သူသာ တော်နေ တက်နေသည်ဟု သွေးနားထင် ရောက်နေတက်လေသည်။ သူ့နောက်လိုက်များ
သူ့အပေါင်းအပါ အဖွဲ့ဝင်များ မည်သူ့ကိုမျှ လေးစားမှု တန်ဖိုးထားမှု အရေးပေး နေရာပေးမှု မရှိဖြစ်သွားပါလေ တော့မည်။ သူတစ်ပါး လုပ်ဆောင်သမျှ အထင်သေးနှီမ့်ချ တက်သူများ သည် လူ့လောကနှင့် အံမ၀င်သူ ဖြစ်ပါလေမည်။ လူတိုင်းသည် အရည်အချင်း ကိုယ်စီ ရှိကြပါလေသည်။ သူ့နေရာနှင့် သူတော်သူ တွေချည့်ဖြစ်လေသည်။ ကိုယ်တစ်ယောက်တည်း တော်နေ တက်နေသည်ဟု ထင်မြင်နေခြင်းသည် ရူးနေသူ မသိမသာရူးနေခြင်း သာဖြစ်ပါလေသည်။ ထိုသူမျိုးသည် အလွန် သနားစရာ ကောင်းပါလေသည်။

ငါးတို့သည် ရေထဲတွင် ရေကူးကျွမ်းကျင်ပေမည်။ ကုန်းပေါ်တွင်တော့ ပုရွက်ဆိတ် တစ်ကောင်လောက်တောင် အသုံးမကျဖြစ် ပါလေသည်။ ထိုသူမျိုးကို ထိုဥပမာ ပေးရပေလိမ့်မည်။ ဒီနေရာမှာ အလွန်တော်နေ တက်နေတာနှင့် ဒီကလူတွေကို လူမထင် မလေးမစား ငေါက်လား ဆူလား ဆဲလား အာဏာပြနေတာကတော့ အလွန်ကို သနားစဖွယ် ဖြစ်ပါလေသည်။ အသိခေါက်ခက် အ၀င်နက်နေသေး သူသာဖြစ်သည်ဟု ဆိုချင်ပါလေသည်။

မျောက်တစ်ကောင်သည်လည်း ကုန်းပေါ်တွင် သစ်ပင်တက်ကျွမ်းကျင်သူအဖြစ် သိမြင် တွေ့မြင်ရ ပေမည်။ ရေထဲတွင်တော့ ငါးပေါက်စ တစ်ကောင် လောက်မျှ အရေးမပါ အရာမရောက် ဖြစ်တက်ပါသည်။ မျောက်သည် မျောက်နေရာတွင်သာ နေသင့်သည်။ ငါးသည်လည်း ငါးနေရာတွင်သာ လူစွာ ငါးစွာ လုပ်လို့ရပါလေမည်။ သူ့နေ ရာနှင့် သူသာဖြစ် ပါလေသည်။ အဆင့်အတန်းဆိုတာ ဘာကိုခေါ်သလဲ ပညာတက်ခြင်း ပညာသိခြင်း သိသည့်ပညာ တက်သည့် ပညာအတိုင်း နေထိုင် လုပ်ကိုင် ဆောင်ရွက်ခြင်းကို အဆင့်အတန်း ရှိသူ အဆင့်အတန်း
မဲ့သူ အဖြစ် သတ်မှတ်လို့ ရနိုင်သည်။ ပညာတစ်ခုတည်းဖြင့်တော့ အဆင့်အတန်းကို အသေ သတ်မှတ်လို့မရနိုင်ပါ

အကြောင်းနဲ့ အကျိုး အကောင်းနဲ့ အဆိုး ခွဲခြား ဝေဖန်တက်သော စိတ် သည် အရေးကြီးလာ သည်။ ကိုယ်ချင်းစာ တရားထားတက်ရန်လည်း အလွန် အရေးကြီးပါသည်။ လူတစ်ဖတ်သားကို အကောင်းမြင်ပေး တက်သော စိတ်သည်လည်း အလွန် အရေးကြိးပါသည်။ အများအကျိုး သယ်ပိုး လုပ်ဆောင်တက်သော စိတ်သည်လည်း ပိုလို့ အရေးပါလာ နေပါသည်။ ကိုယ်တစ်ယောက်တည်း အတွက် အလုပ်လုပ်သူနှင့် အများအတွက် အလုပ်လုပ်သူတို့
ကို ယှဉ်တွဲကြည့်ပါ အဘယ်သူသည် မြင့်မြတ်သူ ဖြစ်လေမည်နည်း။

လူအများနှင့် ပူးပေါင်းဆော်င်ရွက် ရသည့်အခါတွင် သူတက်သော နေရာတွင် ငါက၀င်ရောက်ကူညီပေးမယ် ငါတက်သော နေရာတွင် သူတို့ကို ၀င်ရောက် ပူးပေါင်း ဆောင်ရွက် ခိုင်းမယ် ဒီလိုတွေးမည် ဆိုလျှင် လုပ်မည် ဆိုလျှင် အလွန်ကို သင့်တင့်သော အောင်မြင်သော အဖွဲ့အစည်း ဖြစ်ပေါ်လာမည် ဖြစ်သည်။ ညီညွတ် မျှတခြင်းသည် အောင်မြင်ခြင်းရဲ့ အခြေခံ ဖြစ်သည်။ မညီညွတ်သော အခြေခံ စိတ်များနှင့် အထက်သို့ တက်မည် ဆိုသည်ကား အင်မတန် ရူးနှမ်းခြင်း အသိမဲ့ခြင်း စိတ်ကူးယဉ် နေခြင်းမျှသာ ဖြစ်သွားနိုင် ပါလေသည်။
နားလည်မှု ကိုယ်ချင်းစာမှု မရှိပါဘဲ အဖွဲအစည်း တစ်ခုကို ကြီးထွားအောင် လုပ်ဆောင်လို့ လုံးဝ မရနိုင် ဆိုသည်ကိုတော့ လူတိုင်း သိမြင်နိုင်မည် ဖြစ်ပါလေတော့ သတည်း။

Author : @a7lady
Photos credit; Google Image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဒါတွေဟာ အမှန်တွေပါဘဲ

ငါးသည်လည်း ငါးနေရာတွင်သာ လူ

သူ့နေရာနဲ့သူ