ရေးလိုက်ရတဲ့စာတွေ

in busy •  6 years ago 

@bobokyaw.jpg

တစ်ရက်ပြီးတစ်ရက်ေ၇းလိုက်ရတဲ့စာတွေ မနည်းမနောပါဘဲလား မရေးလို့ကလည်း မဖြစ်ပါဘူး
စာလေးရေးမှ ဒေါ်လာလေးတွေရမယ်မဟုတ်လား ဒီတော့ မဖြစ်ညစ်ကျယ် စာလေးတွေ ဖျစ်ညှစ်လို့
ရေးရသည် ရေးပြီးသားစာတွေ ပြန်ဖတ်ဖြစ်လားမေးရင်တော့ နိုးပါ လုံးဝမဖတ်အားပါဘူး။ ဖတ်ချင်တဲ့စိတ်
လေးကော မရှိဘူးလား မေးခဲ့ရင်တော့ အမှန်အတိုင်း ပြောကြရအောင် အဲ့ဒီလို ဖတ်ရလောက်အောင်
အချိန်တို့သည် မလုံလောက်တော့ပါ အချိန်သည် ငွေဖြစ်လို့နေသည် အချိန်များကို အသုံးချပြီး
ရှာဖွေနေကြရသည် မဟုတ်ပါလော ကိုယ်တစ်ယောက်တည်း ဒီလို ဖြစ်နေသလား မဟုတ်ပြန်ပါ
အားလုံးနီးပါးသည် ဒီလို ဖြစ်နေကြသည်။ ဘယ်သူမှ အထူးတလည်း ဖတ်လို့မနေကြတော့ပြီ
တစ်ခုတော့ရှိသည် မကြာခဏ နဲ့ လူအများ ဖတ်သည့်စာကတော့ ဘာလုပ်ရင် ဘာဖြစ်မယ် ဘာရမယ်
ဘာလုပ်မှ ဘာရမယ် ဆိုရင်တော့ ထိုစာသည် ဖတ်အားကောင်းသော အားပေးသူများသော ဖတ်ကြ
သော စာများဖြစ်သွားတက်လေသည်။ အဓိကလိုအပ်ချက်က ထိုသို့သာဖြစ်သည်။
အသင့်စာများအား လူအများက အာရုံစိုက် ဖတ်စေလိုလျှင် နည်းပညာအသစ်အဆန်းများ နည်းလမ်း
များအကြောင်းကိုသာ အသားပေး ရေးပါလို့ အကြံပြုရမည်ဖြစ်သည်။
အခြေအနေကိုက ထိုသို့သော စာများသာ လိုအပ်ချက်ဖြစ်လို့နေသည်။ ယခု စတီးမစ်လုပ်နေသော သူအားလုံး စိတ်ဝင်စားတာက စတီးမစ်နဲ့ တိုက်ရိုက်ပါတ်သက်သည့် စာများ နည်းလမ်းများ သတင်းများ
အကြောင်းအရာများသာဖြစ်သည်။ လိုအပ်သည့်စာအမျိုးအစားဖြစ်သည်။ ထိုစာမျိုးရေးနိုင်သူဆိုလျှင်
တော့ စတီးမစ်တွင် နာမည် တစ်လုံး ရရန် မခက်ခဲလှပါဘူး။
ယခုတော့ ကိုယ်ရေးသည့်စာ အကြောင်းအရာတို့သည် ဦးတည်ချက် တစ်ခုတည်းကိုသာ ဦးတိုက်ထား
ရလေသည်။ ဒေါ်လာရရေး ဒို့အရေးဖြစ်ကုန်လေတော့သည်။ မတက်နိုင်တော့ပါ လိုအပ်ချက်ဖြစ်လို့
လက်ခံရတော့မည်။ နောင်များမှသာ စာကောင်းပေကောင်းလေးတွေ ရေးမည်ဟု မချိတင်ကဲ အားမာန်လွှဲ
ရတာလည်း အခါခါဖြစ်လို့နေရသည်။ ယခုအချိန်ထိတော့ ယက်ကန်ယက်ကန် အနေအထားသာ ရှိ
လေသည်။ ဘယ်အချိန်များမှ စာကောင်းလေးတွေ ရေးနိုင်မည်နည်း ။ တကယ်မသိနိုင်ခဲ့ပါဘူး
စတင်းပါဝါနောက် လိုက်ရင်း အချိန်တို့သည် ကုန်ဆုံးလို့လာရသည်။ ထင်သလောက်လည်း အလွယ်
မရလေတော့ ပါဝါပြီး ပါဝါ ဖြစ်လို့နေရသည်။ အခြားအရာတွေကို သိပ် အားမပြုနိုင်တော့ပါဘူး။
ဒီကြားထဲ ဈေးက ကမောက်ကမ လုပ်ပြန်တော့ ခရီးက ပိုလို့ ရှည်ကြာလာရပြန်တော့သည်။
ဈေးအတက်လေး မျှော်ရတာ မောလှပါလေပြီ။ စိတ်ကူးထဲမှာတော့ ထိုက်သင့်သော ပါဝါတွေ အမြန်ရပြီး
ပျော်စရာနေ့ရက်လေးတွေကို စာရေးရင် ဖြတ်သန်းရလိမ့်မည်ဟု အိပ်မက်နေမိပါသည်။ ထိုနေ့ရက်သည်
မဝေးသောအနာဂါတ်ဟုလည်း အားပေးရပြန်သေးသည်။ တကယ် မဝေးတော့ဘူးလို့ စိတ်မှာ ယုံကြည်
နေဆဲပါဘဲ တစ်နေ့တော့ ကောင်းမွန်သော စာလေးတွေ ရေးရင်း စတီးမစ်ကို တစ်ဖန် ကျေးဇူးပြုနိုင် ကောင်းပါရဲ့လို့ တွေးရပါသည်။ ယခုတော့လေ ပါဝါကလွဲရင် ဘာကိုမှ မမြင်နိုင်တော့ပါဘူး။
@bobokyaw

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Have a great post. So I've read your post

ကျေးဇူးတင်ပါတယ်

You got a 2.75% upvote from @postpromoter courtesy of @bobokyaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanks you postpromoter

သူတောင် ပြန်မဖတ်တဲ့ စာကိုရေးပြီး သူများကိုဖတ်ခိုင်းရတယ်လို့။ အရေးအသားကောင်းတယ် များများရေးပါ။ အချိန်ရရင်ဖတ်ပါမည်

ကျေးဇူးတင်ပါတယ်