တစ်နေ့တော့ သိလာမယ်

in busy •  7 years ago 

U5du8ADDHL6kgd2pzv3vkQWBEEdS1Nq_640x480.jpg

မပြေလည်တဲ့ အဖြစ်မျိုးတွေကြုံခဲ့ရင်လည်း ဒါတွေဟာ အရှုံးတွေပါလို့
မတွေးပါဘူး ခဏတာအတွက် အခက်အခဲလေးတွေ ဖြစ်တည်ခဲ့တယ်လို့
တွေးပါမယ်
ဒီအချိန် ဒီအခါမှာ မင်းကတော့ အနိုင်နဲ့ပိုင်းလို့ ပျော်နေနိုင်မယ်လား အားရကျေနပ်နိုင်နေမလား မင်းအားရကျေနပ်အောင် ရယ်လိုက်ပါ
မင်းရဲ့ ပျော်ရွှင်မှု ဟာ ကိုယ့်ရဲ့ ကျေနပ်အားရခြင်းတွေဆိုလည်း မမှားပါဘူး
ဒါတွေ ဟာ မင်းအတွက်ပါ ဘဲလေ။

အညှာကြွေလွယ်လွန်းခဲ့တာလား ဒါဆိုလည်း မနားပါဘူး အလွယ်ကြိုက်လို့
လမ်းလွဲလိုက်ခဲ့တယ် မင်းထင်နေတုန်းဘဲလား
အခွင့်အရေးသမားတစ်ယောက်လို့ မင်းရဲ့ အထင်မြင်တွေကို ရပ်တန့်လိုက်ပါဦးလား တစ်ချိန် တစ်ခါ တစ်နေ့နေ့မှာတော့ မင်းဒါတွေကို သိမြင်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်လေ

မင်းကိုသိစေချင်ပါတယ် မင်းအတွက်နဲ့ ကိုယ့်ဦးတည်ရာဟာ လွဲမှားသွားခဲ့
ရတယ်ဆိုတာကိုပေါ့ တစ်ချိန်မှာတော့ နားလည်ပါလိမ့်မယ် အခုတော့ မင်း
ကျေနပ်အောင် လုပ်မပေးနိုင်သေးပါဘူး။ အရာအားလုံးကိုနားလည်လာတဲ့
တစ်နေ့ အဲ့ဒီတစ်နေ့ဟာ အချိန်တွေ များစွာ နှောင်းခဲ့ပြီဆိုတာ မင်းသိလာ
ပါလိမ့်မယ်။ အညှာကြွေလွယ်တဲ့ အကိုင်းမှန်း အစကတည်းက သိခဲ့ရင်လေ
ကိုယ်မနားခဲ့ပါဘူး ကိုယ်မလာခဲ့ပါဘူး။
@bobokyaw

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

လူတွေအားလုံးကအခွင့်အရေးသမားတွေပါပဲ။တဖြေးဖြေးနဲ့တော့သိလာသလို နားလည်တက်ခဲ့ပါပြီ။