လောကမှာ
လူသားတစ်ယောက်ရယ်လို့
ဖြစ်လာရင် မရှိမဖြစ်ရှိကြတာကအမှားတွေပါပဲ
မမှားဖူးတဲ့သူမရှိပါဘူး
အမှားနည်းတဲ့သူပဲရှိမယ်
မမှားတဲ့ဆေးနည်းမရှိပါဘူး
အမှားနည်းအောင်
နေထိုင်နည်းတော့ ရှိပါတယ်
အမှားများမှ သင်ခန်းစာယူပါ
အမှားတိုင်းမှသင်ခန်းစာ မရပါ
ယူတတ်အောင်ယူပါ
သို့သော် သင်ခန်းစာရယူဖို့
အမှားများ ထပ်ခါထပ်ခါ
လုပ်နေရမည်မဟုတ်ပါ
စိတ်ဓာတ်မကျပါနဲ့.
ဘုရား ရဟန္တာ မှတစ်ပါး
ခြောက်ပြစ်ကင်းသဲလဲစင် ဟူ၍မရှိနိုင်ပါ
Ideal ဟူသောနည်းဥပဒေသ များသည်
စာအုပ်ထဲတွင်သာရှိသောအရာပါ ။
အပြင်လက်တွေ့ဘ၀မှာ ထပ်တူထပ်မျှ
လုပ်ဆောင်နိုင်ဖို့မလွယ်ပါ ။
လက်တွေ့ဘ၀မှာ
နေရာတိုင်း professional ဆန်နေလို့မရပါ။
ကျွန်ုပ်တို့ဟာ လူသားတွေဖြစ်တဲ့အတွက်
labor law အတိုင်း ကျင့်သုံးနေပြန်လျှင်လဲ
သူများတကာထက် နောက်ကျကျန်ခဲ့ပေလိမ့်မည် ။
လုပ်ပြီးသည့် အလုပ်တိုင်းကို ပြန်လည်သုံးသပ်ပါ
အမှားများမှ သင်ခန်းစာရယူပါ ကိုယ်လုပ်တဲ့အလုပ်ဟာ
စေတနာ ပါပါစေ ကိုယ်ချင်းစာစိတ်ထားပါ
ဘာလူမျိုးပဲဖြစ်ဖြစ် မည်သည့်ဘာသာဝင်ပဲ
ဖြစ်ဖြစ်အားလုံးဟာ လူသားတွေဖြစ်လို့
တစ်ယောက်နဲ့တစ်ယောက်
ကိုယ်ချင်းစာစိတ်လေးသာ ရှိကြရင်
ကမ္ဘာမြေငြိမ်းချမ်းမှာပါ
စိတ်ကောင်းနှလုံးကောင်းထားခြင်းဟာ
သင့်ကိုအောင်မြင်မှု့ဆီပို့ဆောင်ပေးမဲ့အရာထဲက တစ်ခုပါ
အလုပ်လုပ်တော့မယ်ဆိုလျှင်ဘယ်တော့မ တွေဝေငေးမေနေခြင်း မလုပ်ပါ နဲ့ 
ချက်ခြင်းပီး စီးအောင်ဆောင်ရွက်ပါ
ဒီနေ့ လုပ်ပီး တဲ့အရတေကိုမနက်ဖြန်ရွေ့ ပါနဲ့  ဒီနေ့ အတွင်းပီးစီးအောင်လုပ်ပါ အချိန် နဲ့ ရေသည်လူကိုစောင့် ဟုလူကြီးတေပြော ခဲ့ကြတယ် ဒါကြောင့်မို့ အလုပ်ကို အမြန်ဆုံး ပီးစီအောင်လုပ်ဆောင်ကြပါ
အမှားနည်းပြီး အောင်မြင်သောဘ၀များပိုင်ဆိုင်နိုင်ကြပါစေ