အဖေ
ဟုတ်တယ်
ကျုပ်တို့ တမ်းတပီးအချစ်ဆုံးဆိုတဲ့နေရာတေထဲမာ မပါဖြစ်ခဲ့ကြဘူး
နို့ချိုတိုက်ကျွေးပီး ဆုံးမသွန်သင်ပေးခဲ့တဲ့အမေကိုသာမြင်ခဲ့မိတယ်
ထမင်းရှာပေးခဲ့တဲ့
အဖေ့ရဲ့ လက်တစ်စုံကို မသိခဲ့ကြဘူး
မမက်မောခဲ့ကြဘူး -- ။
ရေချိုးပေးတဲ့
အမေရဲ့လက်တစ်စုံကိုသာ
ကျုပ်တို့ ချစ်ခင်ခဲ့ကြတာ
နဖူးကချွေးခြေမကြသည်အထိ အပြုံမပျက်လုပ်ပေးခဲ့တဲ့အဖေရဲ့ ဘဝကို
ကျုပ်တို့ တန်ဖိုးမထားခဲ့ကြဘူး---။
ကျောင်းတက်ပီးပညာတေရအောင်ပြောဆိုခဲ့ကြတဲ့
အမေရဲ့ စေတနာတေ အချစ်တေကိုသာမြင်ခဲ့ကြတယ်
ကျောင်းထားပေးဖို့ ပိုက်ဆံတေကိုအပြင်ကလောကဓံကိုမမူဘဲ ပြုံးပြုံးကြီးနဲ့သားသမီးပညာရေးအတွက်ရှာ
ဖွေပေးနေတဲ့ အဖေ့အချစ်တေကိနားမလည်ခဲ့ဘူး
အခက်ခဲတေနဲ့စိတ်ညစ်စရာတေကြုံတိုင်း
အမေကို တမ်းတခဲ့ကြတယ်
သို့သော်
အခက်ခဲတေကို ရှေ့ကမားမားမတ်မတိရပ်တည်ပေး
မဲ့အဖေ့ကိုသတိမရခဲ့ကြဘူး
အဖေ တဲ့
ဟုတ်တယ်
ကျုပ်တို့ တမ်းတမ်းတတ ရှိခဲ့တဲ့ အထဲမှာ
ဒီစကားလုံး မပါခဲ့ဘူး
အဖေ ကို အားနာလိုက်တာ --။
သားတို့မျက်ဝန်းမှာ ကျလာတဲ့မျက်ရည်ကို
အမေက သုတ်ပေးခဲ့တာဘဲရှိတယ်
အဖေကတော့မျက်ရည်မကျအောင်မျက်နှာမငယ်
အောင်လုပ်ပေးခဲ့တာတေမမြင်ခဲ့မိဘူး
အဖေဆိုတာ
သားတို့ မျက်ရည်မကျရအောင်
အရာရာကို ဖြည့်ဆည်းပေးခဲ့တဲ့သူ ။
မိကောင်းဖခင် တဲ့
အမေကို အပြစ်တင်တာ မဟုတ်ပါဘူး
အမိ ကောင်းမှ အဖကို ခင်တာလေ
ကျုပ်တို့ အဖေကို ခင်တတ်အောင်
အဖေကို ချစ်တတ်အောင်
အမေ မသင်ပေးခဲ့ဘူး -- ။
အဖေရဲ့ လက်တစ်စုံဟာ
သားတို့ဘဝ အနာဂတ်လှပဖို့အတွက် လုပ်ပေးခဲ့တာတေသားမမြင်ခဲ့မိဘူး
....တွေးတောရင်း
MSU- 072
Writen..nyinyiphyo
![FB_IMG_1533779710794.jpg]
Creadit
Google photo ()