အချစ်ဆုံးလေးရေ ကျမ်းစာထဲမှာ
အာဒံရဲ့နံရိုးတစ်ချောင်းကို
ဘုရားကထုတ် ဧဝအဖြစ်
ဖန်းဆင်းပေးခဲ့တယ်နော်
အချစ်ကိုတော့ပန်းသီးထဲမှာ ကွယ်ဝှက်
မစားကောင်းတဲ့အသီးလို့ဆိုပြီပေါ့
မြွေဆိုးတွေကဖော်ထုတ်
အာဒံနဲ့ဧဝကို စားသုံစေကာ
အချစ်ကိုမွေးဖွားစေခဲ့တယ်လေ
အာဒံရဲ့နံရိုးဟာသူ့ဖူးစာဖက် ဧဝပေါ့
ယနေ့အချိန်ထိလူတွေသတ်မှတ်ခဲ့ကြတယ်
အာဒံရဲ့နံရိုးဟာ ဧဝဆိုရင်
ချစ်သူ မင်းလည်း
ငါ့ရဲ့အသွေးထဲက သွေးတစ်စက်ဖြစ်ပါစေ
ငါ့ရဲ့အသားထဲက အသားတစ်စဖြစ်ပါစေ
ငါ့ရဲ့အရိုးထဲက နံရိုးတစ်ချောင်းဖြစ်ပါစေ
ဖြူဖြူဖွေးဖွေးအသားရေ မပိုင်ဆိုင်ရလဲနေပါစေ
စည်းစိမ်ဥစ္စာမပြည့်စုံလည်းနေပါစေ
ငါ့ကိုမေတ္တာစစ် မေတ္တာမှန်နဲ့သာချစ်ပေးပါ
မင်းဟာငါအတွက်တော့
ခေတ်သစ်ဧဝလေးမို့ပါ
ယုံကြည်လိုက်ပါ ချစ်သူလေးရေ
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!