The teacher's kindness

in busy •  6 years ago 

image

... that's how students doing Master Repeat words talking about. Since all teachers already in this sentiment. You might what I'm talking and sending it to the losses "

"What do you mean"

"This heart's hobby of this work is to get accepted. Like a sacrificial means yet. Sacrificing what we did "

"... You have to say ... I have sacrificed for such a remote region from"

"I did not then understand the important terms offend local arrival time. The region is a positive opportunity and never wonder. I want to come. Helping government has set for the coming months. Do not tell, do not go there to pay. My sense from script.Threatened if it does not become one. So I accept that losses "

"... You're a manner similar to the traditional three said they could play"

နာသလား

ကျောင်းလွှတ်တော့ အစည်းအဝေးတဲ့။ ကျွန်တော်က စာသင်ကောင်းနေတာကြောင့် မနည်းဖြတ်ပြီး အတန်းဆင်း၊ ရုံးခန်းထဲဝင်လိုက်တော့ ကျောင်းအုပ်ဆရာကြီးက ပြောနေတဲ့စကား

“စေတနာ … ဝါသနာ … အနစ်နာ” ဆိုတာနဲ့ တန်းတိုးတယ်

ကျွန်တော်က သူ့စကားတွေ အပ်ကြောင်းထပ်လာတာကြောင့် တာလီချိုးထားလိုက်တယ်။

“စေတနာ … ဝါသနာ … အနစ်နာ”

အဲဒီစကားကိုချည်း အကြိမ်ကြိမ်ပြောနေတာ စုစုပေါင်း ၇ ကြိမ်

အမှန်အတိုင်း ပြောရရင် အဲဒီလိုပြောတာကြားရင် နားခါးတယ်

“ကဲ … ကိုယ့်အလုပ်ကို စေတနာ …”

ကျွန်တော်က မနေနိုင်တော့ဘူး။

“ဆရာကြီး … ဒီမှာရှိတဲ့ ဆရာတိုင်း ဘယ်လိုတွေ လုပ်နေကြလို့ ဆရာကြီးက ဒီစကားကို အကြိမ်ကြိမ် အထပ်ထပ်ပြောနေတာပါလဲခင်ဗျာ။ အားလုံး ကျောင်းဆရာဖြစ်ကတည်းက ဒီစိတ်ဓာတ်တွေ ရှိပြီးသားပါ။ ဆရာကြီးဘာတွေ နစ်နာနေလို့ အထပ်ထပ်ပြောနေရပါသလဲခင်ဗျာ”

“ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ”

“ဒီလိုရှိပါတယ် ဆရာတိုင်း စေတနာအရရော … ဝါသနာအရရော ဒီအလုပ်ကို ဝင်လုပ်တယ်ဆိုတာ လက်ခံပါ တယ်။ အနစ်နာခံပြီး လုပ်တယ်ဆိုတာတော့ မဟုတ်သေးဘူးနဲ့တူတယ်။ ကျွန်တော်တို့ ဘာတွေ နစ်နာနေသလဲ”

“ဟာ … ခင်ဗျား စကားကပ်ပြောတာပဲ … ဒီလို ဝေးလံခေါင်သီတဲ့ ဒေသကို လာတာ အနစ်နာခံတာပေါ့”

“မဟုတ်သေးဘူးဗျ … အဲဒါ အနစ်နာခံပြီး လာတာလို့ပြောရင် ဒေသခံတွေကို စော်ကားရာ ရောက်တော့မှာပေါ့။ သူတို့ဒေသကို ကျွန်တော်လာတာ နစ်နာတယ်လို့ တစ်ခါမှ မတွေးမိပါဘူး။ လာချင်လို့လာတယ်။ လာတဲ့ အတွက်လည်း အစိုးရက သတ်မှတ်တဲ့လစာ ပေးနေတာပဲ။ အဲဒီနေရာကိုသွားလို့ လစာမပေးဘူးလို့ မပြော ပါလား။ ကိုယ့်သဘောနဲ့ကိုယ်လာတာပဲဗျ။ မသွားရင် သတ်မယ်ဆိုပြီး ခြိမ်းခြောက်လို့လာတာ တစ်ယောက်မှ မပါဘူး။ ဒါကြောင့် နစ်နာတယ်ဆိုတဲ့ စကားကိုတော့ ကျွန်တော်လက်မခံဘူး”

“ဟာ … ခင်ဗျားနှယ် ဒီလိုပဲ အစဉ်အလာအတိုင်း နာသုံးနာကို ဖွင့်ဆိုခဲ့ကြတာပဲ”

“မဟုတ်ဘူးဆရာကြီး … အစဉ်အလာဆိုတာ ဘယ်သူက သတ်မှတ်တာလဲ။ လူတွေက သတ်မှတ်ကြတာပဲ။ ကျွန်တော်လက်ခံတဲ့ နာသုံးနာက စေတနာ … ဝါသနာ … အကြင်နာပါ။ ကလေးတွေအပေါ် အကြင်နာတရားနဲ့ သင်ပါတယ်။ အနစ်နာခံပြီး မသင်ပါဘူး။ အနစ်နာခံနေရတယ်ဆိုတာက တင်စီးသလိုကြီး ဖြစ်နေပါတယ်”

ကျောင်းအုပ်ကြီးက မျက်နှာကြီးနီလာပြီး ရှူးရှူးရှားရှားဖြစ်လာတယ်။ ဒီလိုပါပဲ လောကကြီးမှာ ငါနဲ့မတူရင် ငါ့ရန်သူလို့ သတ်မှတ်ပြီး ဒေါခီးကြတာပဲ။

ကျွန်တော် အသက် ၄၀ လောက်က စိတ်ဓာတ်နဲ့ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ကို ရင်ဆိုင်ခဲ့တာ သွားပြီးတော့ သတိရလို့ပါ။

ကျွန်တော် ပင်စင်ယူပြီးပါပြီ။ ကျွန်တော့်ဘဝမှာ ကျောင်းဆရာဖြစ်ခဲ့တာ အနစ်နာခံခဲ့တယ်၊ နစ်နာလိုက်တာလို့ ခုထိ တစ်ခါမှ မတွေးဖူးပါ။

ယခုတိုင် အကြင်နာတရားနဲ့ သင်ခဲ့တဲ့အတွက် စဉ်းစားတိုင်း ပီတိဖြစ်နေရတဲ့အလုပ်ပါ။

Credit,google photo

၅.၅.၂၀၁၈

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!