ရဟန်းသံဃာ ဖူးမြော်ရခြင်းအကျိုး

in busy •  6 years ago 

ရဟန်းသံဃာအား ဖူးမြင်​ရခြင်းအကျိုး

(၁)။ ဘဝတစ်​​ထောင်​ မျက်​စိ​ရောဂါ ကင်းခြင်း။
(၂)။ပူပန်​မှု ငြိမ်း​အေးခြင်း။
(၃)။မျက်​စိကြည်​လင်​၍ ရတနာဗိမာန်​၌ဖွင့်​ထား
သော ပတ္တမြား ပြူတင်း​ပေါက်​နှင့်​တူခြင်း။
(၄)။ကမ္ဘာတစ်​သိန်းကာလပတ်​လုံး နတ်​စည်းစိမ်
ချမ်းသာကို ရရှိခြင်း။

                       (သုတ္တနိပါတ်​၊ဋ္ဌ၊၂၊၃၂။)။   

ဘုရားရှင်၏ခင်ပွန်းကြီးဆယ်ပါးကန်တော့နည်း @@@@@@@@@@@@@@@@
ဗုဒ္ဓါ ပ​စ္စေကဗု​ဒ္ဓေါစ၊ အရဟာ အဂ္ဂသာဝကာ။
မာတာပိတု ဂုရုသတ္တာ၊ ဓမ္မ​ဒေသကာစ ဒါယကာ။
ဣ​မေ ​တောစ မဟာဂု​ဏေ၊ အဟံဝန္ဒာမိ သဗ္ဗဒါ ။

ဘုရားတပည့်တော်သည်သံသရာဘဝအဆက်
ဆက်​မှစ၍ ယ​နေ့ထက်​တိုင်​​အောင်
၁။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်​သော မြတ်စွာဘုရားရှင် ကိုယ်​​တော်​မြတ်​ကြီး
တို့၏ အပေါ်၌။
၂။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်​​တော်​မြတ်​ကြီး
တို့၏အပေါ်၌။
၃။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက မဟာသာဝက ရဟန္တာအရှင်​မြတ်​ကြီး
တို့၏အပေါ်၌။
၎။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့၏ အ​ပေါ်၌။
၅။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့အပေါ်၌။
၆။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့အပေါ်၌။
၇။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန်ကျိုး​ကြောင်းပြ၍ ဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌။
၈။ဂုဏ်​​ကျေးဇူးကြီးမားကြကုန်​​သော
သီလဂုဏ်၊သမာဓိဂုဏ၊်ပညာဂုဏ်​တို့ကို
ဆည်းပူးဖြည့်ကျင့်​လျက်​ ရှိကြကုန်​​သော
လူပုဂ္ဂိုလ်​၊ရဟန်းပုဂ္ဂိုလ်​၊
အရိယာပုဂ္ဂိုလ်​တို့၏ အ​ပေါ်၌။
၉။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကိုဟောကြားပြသ
ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌။
၁ဝ။ထမင်းတစ်လုတ်၊ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြင့် ​ထောက်​ပံ့ဖူး​သော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံ၊ဝစီကံ၊
မနောကံ သုံးပါးသောကံတို့ဖြင့်ပြစ်မှားမိသည်ရှိခဲ့ပါ
သော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှါ ရိုသေမြတ်​နိုးလက်စုံမိုး၍ရှိခိုးပါ၏ ဘုရား။ ။

ဆု​တောင်း
°°°°°°°°°°
ခင်​ပွန်းကြီး(၁၀)ပါးတို့၏ ​မေတ္တာဓာတ်​ကို
ခံယူပါ၏။
ခင်​ပွန်းကြီး(၁၀)ပါးတို့သည်​ ကျွနု​ပ်​၏ဦး​ခေါင်း
ထိပ်​၌ အမြဲကိန်းစက်​ တည်​​နေပါ​စေသတည်း။
ခင်​ပွန်းကြီး(၁၀)ပါးတို့၏ ​မေတ္တာတန်​ခိုး​ကြောင့်
(၉၆)ပါး​သော ​ဘေး​ရောဂါများမှ ကင်းငြိမ်းရပါလို၏
ဘေးအမျိုးမျိုးတို့မှ ကင်းလွတ်​ရပါလို၏။
(၁၆)ပါး​သော ဥပါဒ်​​ဘေးတို့မှ ကင်း​ဝေး
ရပါလို၏ဘုရား။
လောကီမင်္ဂလာ အဖြာဖြာတို့သည်​ ​တောင့်​တတိုင်း
ပြည့်​စုံ၍ နှလုံးစိတ်​ဝမ်း ​အေးချမ်းရပါလို၏ဘုရား။
မြတ်​စွာဘုရား​ဟောကြား​တော်​မူ​သော
သစ္စာ​လေးပါး မြတ်​တရားကို ​ကောင်းစွာသိမြင်​၍
နိဗ္ဗာန်​သို့ စံဝင်​နိုင်​​သောကိုယ်​ ဖြစ်​ရပါ​စေသား
အရှင်​ဘုရား.....။

မြတ်စွာဘုရားအားရှစ်ခိုးပူဇော်ခြင်း
©©©©©©©©©©©©©©
ငါးမာန်အောင်မြင်ဘုရားရှင်ကိုကြည်လင်မြတ်နိုး
ရှိခိုးပါ၏ ဘုရား။

ကိလေသာကင်းစင်ဘုရားရှင်ကိုကြည်လင်မြတ်နိုးရှိခိုးပါ၏ဘုရား။

သစ္စာသိမြင်ဘုရားရှင်ကိုကြည်လင်မြတ်နိုးရှိခိုးပါ၏ဘုရား။

အနန္တဂုဏ်အင်ဘုရားရှင်ကိုကြည်လင်မြတ်နိုးရှိခိုးပါ၏ဘုရား။

ငြိမ်းအေးသခင်ဘုရားရှင်ကိုကြည်လင်မြတ်နိုးရှိခိုးပါ၏ဘုရား။

သံသရာကယ်တင်ဘုရားရှင်ကိုကြည်လင်မြတ်နိုး
ရှိခိုးပါ၏ ဘုရား။

နိဗ္ဗာန်စံဝင်ဘုရားရှင်ကို ကြည်​လင်​မြတ်​နိုး
ရှိခိုးပါ၏ ဘုရား။

ပရိနိဗ္ဗာန်စံဝင်​ ဘုရားရှင်​ကို ကြည်​လင်​မြတ်​နိုး
ရှိခိုးပါ၏ဘုရား။

                တရားစာအုပ်​မှ​ရေးသားပူ​ဇော်​၏။

သဗ္ဗဒါနံဓမ္မဒါနံဇိနာတိ

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-09-09T14:53:39
Account Level: 1
Total XP: 630.50/200.00
Total Photos: 97
Total comments: 0
Total contest wins: 0
And have also received a 1.00 percent upvote.

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Thank you for your contribution to the "photocircle" tag

Cheers,
@photocircle Team

Check out this post for information on all the Photocircle tags

Learn about this photo curation project by clicking >here

To learn more about the new project feature, please click on the quest image below.

If you would like to stop receiving comments then reply!STOP!