အသံတစ်ခု နားထဲတွင် ကြားလိုက်ရသည် ကိုရင်နှစ်ပါး ငြင်းခုံနေကြသောအသံဖြစ်သည်
“ထူးဆန်းသောပုံပြင်”
××××××
စာအုပ် တစ်အုပ်ကိုဖက်ရင်း နားမလည်သောကြောင့်ဖြစ်သည် စာထဲပါသော အကြောင်းကား ဒီလိုဗျ
ကိုရင် ကိုရင် !.......
“အေး ဘာလည်း”
“ဒီတောင်ပို့ကြီးက နေ့မီးလျှံ ညဥ့်ခိုးလျှံ နေတယ် ထူးဆန်းပါဘိ”
“ထူးရင်တူးဟဲ့ ရတနာရှိမယ်ရှာ”
“ဆရာ တပည့် အတူ တူးကြမည်”
“ တူရွင်း လက်နက် ကိုယူ ၍တူးဟဲ့ “
“ဘာတွေ့လည်းဟေ့”
“တံခါးကန့်လန့်ကိုတွေ့ပါသည် ဘုရား “
“တံခါးကန့်လန့်ကိုဖယ်၍ ဆက်သာတူးဟေ့”
“ဘာတွေ့လည်းဟေ့” “ဖားတစ်ကောင်တွေ့တယ်ဘုရား”
“ဖားကိုဖယ် ၍ ဆက်သာတူးဟ”
အတော်လေး နက်လာသောအခါ “ဘာတွေ့ပြန်လည်းဟေ့”
“မြေအောက် လမ်းနှစ်သွယ်ကိုတွေ့ပြန်ပြီဘုရား”
“လမ်းနှစ်သွယ်ကို ဖယ်ပြီးဆက်သာတူးလော့”
“ရေစစ်ကို တွေ့ပြန်ပြီဘုရား”
“ရေစစ်ကို ဖယ်ပြီးဆက်သာတူးကွာ”
“လိပ်ကိုတွေ့ပြန်ပြီဘုရား”
“လိပ်ကိုလည်း ဖယ်ပြီးဆက်သာတူပါဦး”
“သားလှီးဓားနှင့်စဉ်းတီတုံးကိုတွေ့ပြန်ပြီဘုရား”
“အဲဒါကိုလည်းဖယ်ပြီး ဆက်တူးပါဦး”
“သားတစ် တစ်ခုကိုတွေ့လေ၏”
“သားတစ်ကိုလည်း ဖယ်ရှားပြီး ဆက်တူးပါဦး”
“အမလေး!.. အလန့်တကြား ဘာတွေ့လို့လည်းဟေ့ နဂါးကြီးဗျ.......”
“ဟေ့ဟေ.... အဲဒီနဂါးကြီးတွေ့ရင် ဆက်မတူးနဲ့တော့ အန္တရာယ်ရှိတယ် ......”
နောက်ဆုံး ရတနာကား နဂါးကြီးဖြစ်နေပါလေ၏ ထိုနဂါးကြီးကား ရှိခိုးဦးခိုက်ထိုက်ပါပေ၏......
“မောလိုက်တာကွာ ရတနာဟူသည် နဂါးကြီးတဲ့....”
ဒီလိုဆိုတော့ ဆရာလုပ်သူက စာရှင်းရတော့မည်ဖြစ်ပြီ ဆရာလည်း သေခြာလေ့လာရတော့ပြီ ကလေး နားလည်အောင် ရှင်းပြရတော့မည်ပါတကား.....
ထိုအခါမှ အမေးအဖြေ ဆက်ရပေတော့မည် သတင်းစာရှင်းလင်းပွဲကဲ့သို့တည်း.....
၁။ တောင်ပို့ဟူသည် အဘယ်နည်း
၂။ နေ့မီလျှံ ညဥ့်ခိုလျှံဆိုသည်မှာ အဘယ်နည်း
၃။ ရတနာရှိမယ်ရှာ
၎။ ဆရာ တပည့် ဆိုသူသည်မည်သူနည်း
၅။ တူရွင်း လက်နက် ဆိုသည်မှာ
၆။ တံခါးတံခါးကန့်လန့်သည် အဘယ်နည်း
၇။ ဖား ဆိုသည်မှာ အဘယ်နည်း
၈။ လမ်းနှစ်သွယ်ဟူသည် အဘယ်နည်း
၉။ ရေစစ်မည်သည် အဘယ်နည်း
၁၀။ လိပ် ဆိုသည်မှာ အဘယ်နည်း
၁၁။ သားလှီးဓားနှင့်စဉ်းတီတုံးဟူသည် အဘယ်နည်း
၁၂။ သားတစ်ဟူသည် အဘယ်နည်း
၁၃။ နဂါးကြီးက မည်သူနည်း
ထိုထူးဆန်းသော တောင်ပို့ ကြီး၏ အဖြေကားဤသို့ဖြစ်လေသည်.........
၁။
တောင်ပို့ဆိုတာ ဟောဒီရုပ်ခန္ဓာကြီးကို ပြောတာဟဲ့။ ဒီခန္ဓာကိုယ်ကြီးက ပထ၀ီ၊ တေဇော ၊အာဘော၊ ၀ါယော နှင့် တည်ဆောက်ထားလို့ “စတုမဟာဘူတော ကာယော” ဆိုတဲ့ဒီမဟာဘုတ် ကို အကြောင်းပြုပြီး ဖြစ်လာတဲ့ အမိ အဖ ၏သုတ် သွေးနှင့်တည်ဆောက် ထားသော ကိုးပေါက်ဒွါရ အမာဝတွေနဲ့ တည်ဆောက်ထားတာ တောင်ပို့နဲ့ တူလို့ ဟောဒီ ခန္ဓာကိုယ်ကြီးကို တောင်ပို့လို ဆိုခြင်းဖြစ်ပါသတဲ့.....
၂။
နေ့မီးလျှံ ညဉ့်ခိုးလျှံ ဆိုသည် မှာ လူတွေဟာ နေ့ကြလျှင် အလုပ်တွေ လုပ်စရာရှိတာတွေကို အကောင်အထည်ဖော်ကြတာ စက်ရုံကြီးလိုဘဲ မီးတွေနဲ့ လည်ပတ်နေကြတယ် ဒေါသမီး လောဘမီးတွေနဲ့ဆိုတော့ ဒီရုပ်ခန္ဓာကိုယ်ကြီး မီးလျှံတွေနဲ့ ပြည့်နေတာပေါ့ ညဥ့်ခိုးလျှံဆိုတာကတော နောက်တစ်နေ့အတွက် ညရောက်တော့ မနက်ဖြန်ဘာလုပ်မယ် စသဖြင့် တွေးတွေးပြီး လောဘ အခိုးတွေ ထွက်နေလို့ နေ့မီးလျှံ ညဥ့်ခိုးလျှံလို့ဆိုသကွယ့်.....
၃။ ရတနာရှိမယ်ရှာ
ဘာပြေားတာလည်းဆိုတော့ တရားရှာကိုယ်မှာ တွေ့ ဆိုသလို မိမိကိုယ်မှာ တရားရှာရမယ် တရားထူးရတနာက မိမိကိုယ်မှာ ဘဲရှိတယ် တွေ့ အောင်ရှာရမယ်ဆိုတာ ကိုပြေားတာ....
၎။ ဆရာ တပည့်ကား မည်သူတို့နည်း
ဆရာဆိုတာ သုံးလောက ထွဋ်ထား ဘုရားကို ပြေားတာ .... ကြည့်လေ ဘ၀ရဲ့အနှစ်သာရကို အပြင်မှာ သွားရှာနေကြတယ် မဟုတ်လား ၊အပြင်မှာ ရွှေ ငွေ တိုက်တာ အပျော် စသဖြင့် ....
“မရှာကြဘူးလား”
“ရှာတယ်ဘုရား.....”
အေး အဲဒါတွေက ရတနာအစ်မဟုတ်ဘူး ရတနာ အစစ်ကို တွေ့အောင် လမ်းညွန်ပြနိုင်သူကိုဆရာ လို့ ခေါ်တာ ....
“ ဒါဆို တပည့်က ဘယ်သူလည်းဘုရား”
“တပည့်ဆိုတာ ဘုရားဟောထားတဲ့အတိုင်း တရားတော်တွေကို လိုက်နာကျင့်သုံးသူကို တပည့်လို့ခေါ်တာ.....”
၅။ တူရွင်းလက်နက်ဆိုတာ
တူရွင်းဆိုတာ တစ်ခြားမဟုတ်ဘူး ဉာဏ်လက်နက် ကိုပြေားတာ ရတနာကိုရှာတဲ့နေရာမှာ တူရွင်းလိုဟာမျိုးနဲ့ တောင်တွေကိုတူးဆွရတယ် အဲဒါမှ တူးဖြိုလို့ရသလို ဉာဏ်လက်နက်နဲ့ မိမိခန္ဓာကိုယ်ကို တူးဖြိုမှ ၊တစ်နည်းပြေားရရင် ပညာလို့ပြေားတာ...ပညာဆိုတာက သမ္မဒိဋ္ဌိဉာဏ် ပေါ့ကွာ ..ဒီ ပညာဉာဏ်နဲ့တူးမှ တရားထူးရမယ် ပြေားတာ...တူးဆိုတာကတော့ ၀ီရိယကိုပြောတာ လက်နက်ရှိပြီးမတူးရင် ဘာမှရမှာမဟုတ်လို့ပဲ.....
၆။ တံခါးကန့်လန့်ကြီး
အဲဒါကတော့ မသိမှုအ၀ိဇ္ဖာကိုပြေားတာပါ.....အဲဒါကိုဖယ်ပြစ်လို့ပြေားတာပါ။
၇။ ဖား ဆိုသည်မှာ
အားကြီးသောအမျက်ထွက်ခြင်းကိုပြေားတာပါ အေးဒေါသကို ဖယ်ခိုင်းတာပါ....
၈။ လမ်းနှစ်သွယ်ဟူသည်မှာ
အေး သဂြိုလ်မှာသင်နေတဲ့ ၀ိစိကိစ္ဆာကို ပြေားတာကွယ့် တွေးတော ယုံမှားခြင်းကိုပြေားတာ ဒီတရားတွေကရှိမှရှိပါ့မလား ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ ၀ိစိကိစ္ဆာကိုပယ်ခိုင်းတာ.....
၉။ ရေစစ်မည်သည်မှာ
အပိတ်အပင် (၅)မျိုးကိုပြေားတာကွယ့်..
၁။ ကာမ၌ လိုချင်ခြင်းတည်းဟူသောအပိတ်အပင်
၂။ ပျက်စီးစေလိုမှု ဟူသောအပိတ်အပင်
၃။ ထိုင်းမှိုင်းခြင်းတည်းဟူသောအပိတ်အပင်
၎။ပျံ့လွင့်ခြင်း နောင်တရခြင်းတည်းဟူသောအပိတ်အပင်
၅။ တွေးတောယုံမှားခြင်းတည်းဟူသောအပိတ်အပင်
ဒီငါးမျိုးကို ဖယ်ခိုင်းတာကွယ့်...
၁၀။ လိပ်ဆိုသည်မှာ
လိပ်ကိုကြည့်လေ ခေါင်းရှိတယ် ခြေထောက်နှစ်ဖက် လက်နှဖက်ရှိတယ် ပေါင်းလိုက်တော့ ငါးခု ၊ခေါင်းအပြင်ထွက်မှသွားလာ လှုပ်ရှားတယ် အပြင်မထွက်ရင် ဘာမှမလုပ်ဘူး၊လက်တွေခြေတွေ အပြင်မထွက်လည်း ဘယ်မှမရွေ့နိုင်ဘူးမှတ်လား အေး အဲဒါနဲ့တူတဲ့ခန္ဓာငါးပါးကိုကိုပြေားတာကွယ် ရူပက္ခန္ဓာ၊ဝေဒနက္ခန္ဓာ၊သညက္ခန္ဓာ၊သင်္ခါရက္ခန္ဓာ၊၀ိညာဏက္ခန္ဓာ ၊ဒီငါးမျိုးကိုပေါင်းစပ်လိုက် မှ စွမ်းအားတွေတက်လာပြီး ၊စကားပြေား သွား လာ လှုပ်ရှားတယ် လိပ်နဲ့တူတဲ့အတွက် ဒီခန္ဓာငါးပါးကို တွယ်တာမနေပဲ ဖယ်ရှားပစ်လို့ပြေားတာ....
၁၁။ သားလှီးဓားနှင့်စဉ်းတီတုံး
အေး လူတွေဟာ အာရုံငါးပါး ကာမဂုဏ်တရားမှာ အလှီးခံနေရတယ် နေ့စဉ် မျက်စီက တီဗွီကြည့်ချင်တယ် နားက သီချင်းလေးနားထောင်ချင်တယ် နှာခေါင်းက မွှေးတာလေးခံချင်တယ် လျှာက အရသာလေးစားလိုက်ချင်တယ် ကိုယ်ကလည်း အိစက်တဲ့အတွေ့လေး စသဖြင့် ထိလိုက်ချင်တယ် အဲဒါလောဘပဲ ဒီလောဘကို ဖယ်ရှားလို့ပြေားတာ...
၁၂။ သားတစ်ဆိုတာ
သားတစ်ဆိုတာ နန္ဒီရာဂ ကိုပြေားတာ အခုခေတ်လို “စူပါဂလူးပေါ”့ နှစ်သက်တပ်စွန်းခြင်း ကိုပြေားတာ စွဲလမ်း နှစ်သက်တဲ့ တဏှာကို ဖယ်လို့ပြေားတာ... ကြည့်လေ လူတွေကအသစ်လေးမြန်းတွေ့ရင် အဟောင့်မေ့တက်ကြတယ်မှတ်လား နောက်အသစ်အသစ်တွေဆက်ပေါ်လာတော့လည်းအသစ်ကိုဘဲလိုက်နေကြတယ်...အဲဒါ တပ်စွန်းခြင်း(နန္ဒီရာဂ)ကြောင့်ပေါ့ ...အဲဒါကြောင့် အသစ်ကိုလည်းတနဲ့ အဟောင်းကိုလည်းစွန့် မစွဲလမ်းနဲ့ ဖယ်ရှားလို့ပြေားတာ...
၁၃။ နဂါးဆိုတာ
ရဟန္တာ၏ အမည်ပဲ ။ တခြားမဟုတ်ဘူး နဂါးကိုရှိခိုးလော့တဲ့ ။
“အာဂုံ န ကရောတီတိ နာဂေါ” ။
ရတနာ တွေကိုစောင့်ရှောက်တဲ့သူက နဂါးတဲ့ အေး ရတာတွေကို ယူနိုင်တဲ့သူဆိုတာ ဘုရား ဟောကြားတဲ့တရားတွေကို အကုန်စင်သိမြင်ပြီးသွားတဲ့သူ ရတနာတွေကို အားလုံးပိုင်ဆိုင်သွားတဲ့သူကိုပြေားတာ...
ကျမ်း။ မဇ္ဈိမနိကာယ်၊ ၀မ္မိယသုတ်။နှာ၊၂၂၀။
နားလည်အောင် ရေးသားထားခြင်းသာဖြစ်သည် မူရင်းကိုလေ့လာလိုပါက အထက်စာမျက်နှာညွန်းတွင်ကြည့်ရှုနိုင်ပါသည်
ရေး ။ ခရစ်တွန်သြဘာ၊ @chirstonawba
hi
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit