မောင်လေး ငယ်ငယ်

in chirstonawba •  6 years ago 

မောင်လေး ငယ်ငယ်
********************IMG_20180504_132339_HDR.jpg
ဆွဲလည်းရှိုက်သံ
ကြားရပြန်သော်
ရှေးဖိုးအဖွား
အမွေထားခဲ့
သားမြေးတီတွတ်
ချွတ်ခဲ့သည်မို့ 
ဆာလောင်ရှာမည်
ဧကန်တည်း
စုပေါင်းသဒ္ဓါ
တိုးဖြာပါမှ
ဆာလောင်မွတ်သိပ်
ပြေပေလိမ့်မည်။
သိသူများစုပေါင်းကာ
ပြုစုပါမှဖြစ်ချိမ့်မည်။

ပြုစုပါမှဖြစ်ချိမ့်မည်။
“ စွန် ”
====
" ဟေ့ဟေ့ !
မောင် သြဘာ စွန်လွှတ်မလို့လား ?
ရဟန်းအလုပ်မလုပ်ဘဲ ကလေးတွေနဲ့ ဆော့နေတာ မရှက်ဘူးလား။”
“တပည့်တော် ဆော့နေတာ မဟုတ်ဘူးဘုရား စာသင်နေတာပါ။”
ဘာကွ ! မင်းက ငြင်းချင်သေးတာလား ?....
မျက်စိနဲ့မြင်တာတောင် မုသာဝါဒ သုံးချင်သေးတာလား၊”
“အရှင်ဘုရား တစ် နည်းတွေ့ရုံ စာမစုံ တင်တုံ ခံမငြင်းနဲ့” ....
“ဟဟ ! မင်းက အလာကြီးပါလား။ပြေားစမ်းပါဦး မောင်သြရ”...
“တပည်တော် ပညာသင်နေတာ စွန်ပညာရေးပေါ့....”
“ မကြားဘူးပါကွာ ကောင်းကောင်းတင်ပြနိုင်ရင် မင်းကိုငါဒါဏ်မပေးဘူး မတင်ပြနိုင်ရင်တော့ ဒီနေ့ ဒါဏ်ပေးရလိမ့်မယ်...”
“ဒီလိုပါ ဆရာတော် ဦးပညာ စွန်လွတ်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး ... စွန်လွတ်တဲ့နေရာမှာ စွန်က နှစ်မျိုးရှိတယ်ဘုရား ...”
၁။ အမှီးပါတဲ့စွန်
၂။ အမှီး မပါတဲ့စွန်
“အင်း...ဆိုစမ်းပါဦး ; "
"အမှီးပါတဲ့စွန်က ပတ်ဝန်ကျင်က လေနည်းနည်းတိုက်တာနဲ့ သူ့အလိုကိုလိုက်ပြီး နည်းနည်းလေး လမ်းကြောင်းမမှားအောင်ထိန်းလိုက်တာနဲ့တင် အထက်ကို အသာတချည် တက်သွားတယ်ဘုရား...”
“စွန်ကို လွှတ်တဲ့နေရာမှာလည်း ...... အကြောင်းတွေရှိသေးတယ်ဘုရား.....”
၁။ ပတ်ဝန်ကျင်ကောင်း
၂။ ပဲ့ကိုင်ရှင်ကောင်း
၃။ စွန်ကောင်း ဆိုပြီးနည်းလမ်းကောင်း (၃)မျိုးရှိတယ်ဘုရား.....
၁။ ပတ်ဝန်ကျင်ကောင်း
'' ပတ်ဝန်ကျင်က ကွင်းကျယ်ကျယ်ရှိရမယ် ကွင်းကျယ်ပေမည့်လည်း ပတ်ဝန်းကျင်မှာ လေမတိုက်ရင် သူကမတက်နိုင်ပြန်ဘူး..... လေတိုက်ပြန်တော့လည်း ပတ်ဝန်ကျင်က သစ်ပင်တွေရှုတ်နေရင် သစ်ပင်တွေနဲ့ငြိပြီး ဆုံးရောပေါ့...
အဲဒီလိုပဲ.... တပည့်တော်တို ပညာသင်နေတဲ့နေရာမှာ ပတ်ဝန်းကျင်ကောင်းရှိဘို့လိုတယ် စာပေကို အားပေးတဲ့ပတ်ဝန်းကျင် စာချပေးတဲ့ကျောင်း လိုအပ်တယ် ဒီလိုဘဲ စာပေသင်ကြားနေရုံနဲ့ မပြီးသေးဘူး ပညာရေးအတွက်လိုအပ်ချက်တွေကို ဖြည့်စည်းပေးတဲ့ ဒါယကာ ဒါယိကာမတွေလိုအပ်သေးတယ် ပစ္စည်းလေးပါး ထောက်ပံ့မည့်သူဆို မှန်တာပေါ့ ဘုရား....
ယခု တပည့်တော်တို့မှာ ပတ်ဝန်းကျင်ကောင်းတွေ လျော့ကျလာနေပြီဆရာတော်။ စာပေသင်ကြားပေးမည့် စာချကျောင်းတွေရှားပါးလာပြီဘုရား.....
တစ်ချို့ကစာပေသင်ပြီးဘွဲ့တွေအများကြီးယူထားပြီး ပြန်သင်မပေးတော့ စာသင်သားတွေအတွက် ကွင်းပျောက်ကုန်တာပေါ့ ဘုရား....
ဘွဲ့ထူးရထားတဲ့သူတွေကို ကွင်းလို့သတ်မှတ်ရမှာပေါ့ဘုရား...
.လေဆိုတာကတော့ အားပေးတဲ့ ပစ္စည်းလေးပါထောက်ပံ့သူတွေပေါ့ သူတို့ကအားပေးမှ စာသင်သားတွေ လိုတာဖြည့်စည်းပေးမှ သူတို့တွေတိုးတက်မှာပေါ့ဘုရား ...... "
၂။ ပဲ့ကိုင်ရှင်ကောင်း
" ပဲ့ကိုင်သူက ဘယ်လောက်ကောင်းကောင်း အထက်ကိုတက်အောင်မည်သို့ပင်ကျိုးစားပေးပေး အထက်ကိုတက်အောင် တွန်းတင်ပေးနေပေမယ့်လို့ စွန်ကောင်းမဟုတ်ရင် တစ်ဖက်ဆွဲနေရင် လိုရာကိုမရောက်ဘူး ဆရာဦးပညာ..
စောစောက ပြေားခဲ့သလို ပြေားရရင် ကွင်းလည်းရှိပြီ လေလည်းတိုက်ပြီဆိုပါစို့...
ပဲ့ကိုင်ရှင်က အသုံးမချတက်ရင်လည်း စွန် ဘယ်လောက်ကောင်းကောင်း အထက်ကိုမတက်ပြန်ဘူး ... တပည့်တော်ပြောချင်တာက ပဲ့ကိုင်တဲ့သူက မေတ္တာဆိုတဲ့ကြိုးနဲ့ ကောင်းကောင်းပဲ့ကိုင်နိုင်မှ ပေါ့ဘုရား.....
ဥပမာ ။ ထိန်းချုပ်သူက စာသင်တပည့်တွေကို ကောင်းကောင်းမွန်မွန်သွန်သင် မပြနိုင်ရင် မတိုးတက်နိုင်ဘူး သင်ပြသူက ဘယ်လောက်ကောင်းကောင်း တစ်နည်းပြေားရရင် ဆရာကစာပေတက်တယ် တပည့်ကို စိတ်ရှည်ရှည်သည်းခံ ပြီးသင်ပြမပေးရင်ပေါ့....
ဒါကြောင့်ပဲ့ကိုင်ရှင် ကောင်းတွေများများ လိုအပ်တယ်ဆရာတော် ဦပညာ... "
၃ ။ စွန်ကောင်း
"စွန်ကောင်းဆိုတာ အသာတချည် ပဲ့ကိုင်လိုက်ရုံနဲ့ အထက်ကို လျှင်လျှင်မြန်မြန်တက်တဲ့စွန်ကိုပြေားတာပါ အမှီးတက်ပြီးလွတ်တဲ့စွန် အမှီးမပါဘဲလွတ်တဲ့စွန်နှစ်မျိုးရှိတယ် အဲဒီထည်းမှာ တစ်ဖက်ဆွဲစွန်လည်းပါသေးတယ်.....
တပည့်တော်ပြေားချင်တာက အမှီးပါတဲ့စွန်ဆိုတာ ဉာဏ်ပညာသူကြီးတဲ့သူတွေ နည်းနည်းသင်ပြရုံနဲ့တိုးတက်သွားတာကိုပြေားချင်တာပါ ခဏလေးသင်ပြီးတက်မြောက်သွားသူတွေ ဘွဲ့တွေများတော့ အမှီးပေါက်တယ်လို့ဆိုချင်တာ အဲဒီလိုလူတွေက စွန်ကောင်းဘုရား... အမှီးမပါတဲ့စွန်ကတော့ ချာလည်ချာလည်နဲ့ တော်တော်နဲ့မတက်ပြန်ဘူး လူ့လောကမှာလည်းဒီလိုဘဲ ပညာ ဉာဏ်နည်းတဲ့သူတွေက ချာချာလည်နဲ့ ဘ၀မှာရုံးကန်လှုပ်ရှားနေရတယ် ဒီလိုလူတွေကတော့ စွန်အလတ်စားပေါ့ဘုရား ...
တစ်ချို့စွန်တွေက တစ်ဖက်လေးပြီး လိုရာကိုဆွဲလို့ကိုမရဘူး ချာချာလည် တစ်ဖက်ဆွဲပေါ့....
သူတို့လိုလူမျိုးတွေက လောကမှာတစ်ပုံကြီးရှိသေးတယ် တပည့်တော်ဆီကိုလာလာနေတဲ့သူကိုကြည့်ပေါ့ နာမည်ကသာထိန်လင်း ဉာဏ်ကတော့ မှောင်လို့ တစ်ဖက်စွန်းရောက်နေတယ်လေ သူကြည့်လိုက်ရင် ပွဲတိုင်းကျော် အမျိုးသားရေးဆိုလည်းပါတာဘဲ နတ်ပွဲလည်းသွားတာဘဲ ဆန္ဒပြပွဲတိုင်းပါနေတာလေ အဲဒီလိုသူတွေက သာသနာတော်ထဲ ၀င်လာတော့ အယူကမစွန့်တစ်ဖက်ဆွဲတွေပေါ့ ဒါကတော့ စွန်ညံ့ပေါ့ဘုရား......
အားလုံးကို ခြုံကြည့်ရင် “ပတ်ဝန်ကျင်ကောင်းရယ် ပဲ့ကိုင်သူရယ် စွန်ကောင်းရယ်” ပေါင်းလိုက်တော့ အထက်ကိုတက်နေတာပေါ့ ဒါပေမည့် တက်တိုင်းလွှတ်ထားလို့မရပြန်ဘူး အချိန်တန်တော့ သူ့ကိုပြန်သိမ်းထားမှ ........
စွန့်ပြစ်လို့မရဘူး တပည့်ကောင်းတွေ ထွက်ပေါ်လာရင်လည်း မိမိကျောင်းတိုက်မှာ အမြဲနေနိုင်အောင် ထိမ်းသိမ်းထားမှ လွှတ်လိုက်လို့မရဘူးဘုရား....... "
ပတ်ဝန်းကျင် ကောင်း
ပဲ့ ကိုင်ကောင်း၍
ကြိုးကောင်းသုံးကာ
လွှတ် လိုက်ပါသော်
စွန်ဟာအထက်
လွင့်ပျံတက်သည်
ပြစ်မဲ့ စွန်က ဘဝဂ်မျှထိ
အရှင်ဘုရား
တပည့်တော်အားလည်း
ပဲ့ကိုင်ခြင်း ပြုတော်မူပါဘုရား
စွန်ကောင်းဖြစ်ဘို့လည်း
ကြိုးစားဆဲပါဘုရား
ဒါပဲဘုရား တပည့်တော်စွန်လွှတ်တာ မဟုတ်ဘူးဘုရား ပညာနဲ့အသိကို တစ်ထပ်တည်းကျအောင်လေ့လာ ကြည့်တာပါဘုရား......
ဆရာတော်မည်သို့မျှစကားမတုံ့တော့.......
ရေးသူ ။ ။ ခရစ်တွန်သြဘာ။
1-8-2017

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.txxx.com/latest-updates/5/