မြန်မာစစ်တပ်ကို နိုင်ငံရေးသြဇာကနေ ဖယ်ထုတ်ဖို့ ကုလစုံစမ်းရေးအဖွဲ့ရဲ့ စုစည်းမှုငါးခုထဲမှ အ...

in cnu-cmeraphai •  6 years ago 


၁၉.၀၉.၂၀၁၈

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေ မှာ မြန်မာစစ်တပ်ရဲ့ ရက်စက်ယုတ်မာတဲ့ လူမျိုးတုန်းသတ်ဖြတ် ရှင်းလင်းမှုတွေအတွက် မြန်မာအရပ်သားအစိုးရက စစ်တပ်ကို နိုင်ငံရေး သြဇာရှိတဲ့နေရာကဖယ်ရှားပစ်ဖို့ ခက်ခက်ခဲခဲအလုပ်လုပ်ရမယ်လို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က မနေ့က အစီရင်ခံစာမှာ ထုတ်ပြန်ရာမှာ ပြောဆိုခဲ့ပါတယ်။

အဆိုပါ အစီရင်ခံစာဟာ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းရှင်းလင်းသုတ်သင်ခံရတဲ့ မြန်မာနိုင်ငံက လူနည်းစု ၈၅၀ ကျော်ရဲ့ မျက်မြင်ကိုယ်တွေ့ များကို ကိုယ်တိုင်တွေ့ဆုံးမေးမြန်းပြီး ၁၈ လကျော်ကြာ ပြုစုခဲ့တာဖြစ်ပါတယ်။

စစ်သားများဟာ ရခိုင်ပြည်နယ်အတွင်းမှ လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားရိုဟင်ဂျာများအား ယောက်ျား၊ မိန်းမ အုပ်စုခွဲပြီး ယောက်ျားအုပ်စုများကို တဖြေးဖြေးအယောက်ရေစီ တခါတည်း ပစ်သတ်တာမျိုးမဟုတ်ပဲ သွေးထွက်ဒဏ်ရာရတဲ့ထိ ညှင်းပန်းနှိပ်စက်ပြီး ဓားဖြင့်ခုတ်သတ်ကြတာဖြစ်တယ်လို့ ၂၀၁၇ ခုနစ် သြဂုတ်လ က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းစစ်ဆင်ရေး မှာ သေနတ်ထိမှန်ပြီး လွတ်မြောက်လာတဲ့ ရိုဟင်ဂျာတစ်ဦးက ၄င်းရဲ့ မျက်မြင်ကိုယ်တွေ့ အဖြစ်အပျက်တွေကို ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့လက စုံစမ်းရေးအဖွဲ့အစည်းတွေက ICC ခုံရုံးမှာ မြန်မာစစ်ခေါင်းဆောင်များကို မြန်မာနိုင်ငံမှ လူနည်းစုများဖြစ်တဲ့ ရိုဟင်ဂျာများနဲ့ အခြားတိုင်းရင်းသားများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခြင်းများအတွက် တရားစွဲဆိုရင်ဆိုင်ဖို့ အစီရင်ခံစာတွင် ဖော်ပြထားပြီး ဖြစ်ပါတယ်။

ပြည်နယ်အကြံပေး ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရအဖွဲ့လည်း ဒီရက်စက်ယုတ်မာလှတဲ့ ပြစ်မှုကျူးလွန်မှုတွင် ပါဝင်ပတ်သတ်နေမယ်လို့ အဖွဲ့ဝင်များက သုံးသပ်ပြောဆိုခဲ့ပါတယ်။

စာမျက်နှာ ၄၄၄ပါတဲ့ အစီရင်ခံစာတွင် မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာများနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းကျင့်မှု နဲ့ ကျွန်အဖြစ်မတရားခိုင်းစေမှု စတာတွေ အသေးစိတ် ပြည့်ပြည့်စုံစုံပါဝင်နေပါတယ်။ ဒီအစီအရင်ခံစာဟာ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ရိုဟင်ဂျာတွေ၊ တရုတ် မလေး နဲ့ ထိုင်းကိုရောက်နေတဲ့ အခြားတိုင်းရင်းသားတွေကိုပါ တွေ့ဆုံပြီး အလုံးစုံစုံစမ်းပြီးမှ ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ စုံစမ်းရေးအဖွဲ့က ပြောပါတယ်။

သြစတေးလျနိုင်ငံသား Dominic Sidoti က လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု၊ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေကို အခြေခံပြီး ဒီမိုကရေစီကို မတည်ဆောက်နိုင်ကြောင်း၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီမရှိရင် ဖွံ့ဖြိုးရေး မဖြစ်နိုင်ဘူးဆိုတာကို မြန်မာအနေနဲ့ သဘောပေါက်ရမှာ ဖြစ်ပြီး အထက်ပါ ၂ ခုပျက်စီးယိုယွင်းနေတာကလည်း မြန်မာတပ်မတော်ကြောင့် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။


Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%85%e1%80%85%e1%80%b9%e1%80%90%e1%80%95%e1%80%b9%e1%80%80%e1%80%ad%e1%80%af-%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%84%e1%80%b6/

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!