ကြိုးစားမှုနဲ့ပဲ ဘဝကို ဖြတ်သန်းမယ်

in confidence •  8 years ago 

တစ်ရက်တစ်ရက် ကုန်ဆုံးသွားပါတယ်။အချိန်တွေကုန်ဆုံးသွားတဲ့အမျှ မင့်ဘဝရဲ့ တိုးတက်ရာ လမ်းကြောင်းပေါ်မှာ လျှောက်ခဲ့လား တွေးသင့်နေပြီ။
မင့်ဘဝအတွက် မဖြစ်မနေလုပ်ရမယ့် တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလား။
တခြားလူတွေကို မယှဉ်ပါနဲ့။ မင့်ဘဝကို မင့်ကိုယ်တိုင် အကောင်းဆုံးတည်ဆောက်ရမှာပါ။
ကိုယ့်ဘေးက သူငယ်ချင်းလည်း သူ့လမ်းသူလျှောက်ပါလိမ့်မယ်။
မင့်လျှောက်မယ့် လမ်းမှာ ဘယ်လောက်ပဲ အနှောက်အယှက်တွေများပြားနေပါစေ၊မင့်ဟာ စိတ်ဓာတ်ခိုင်မာစွာနဲ့ ကျော်လွှားရမယ်လေ။
လေတိုက်ရာသာ ယိမ်းနေမယ်ဆိုရင်မင့်ဘဝကြီး ပြိုလဲ ပျက်စီးသွားမယ်ဆိုတာ မင့် သတိထားပါနော်။
မင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို တစ်ပါးသူရဲ့ အပြော၊တစ်ပါးသူရဲ့ အလုပ်နဲ့ အပျက်အစီးမခံပါနဲ့ ကွာ။
မင့်ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ မတွေဝေဘဲ ကုန်သွားတဲ့ အချိန်အစား တန်ဖိုးရှိရှိ အသုံးချသင့်ပါတယ်။
မင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မင့် ကိုယ်တိုင်လက်တွေ့ အကောင်အထည် မဖော်ရင် မင့်ဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။
မင့်ရဲ့ ရည်ရွယ်ချက်အတွက် မင့်သာလျှင် အရှင်သခင်ပါ။
မင့်ရဲ့ ကြိုးစားမှုကို လောကကြီးက ကောင်းချီးပေးမှာပါ။စိတ်ဓာတ်ကို ခိုင်ခိုင်မာမာထားပြီး ကြိုးစားပေတော့။
တစ်ချိန်ကြရင် အံအော်စရာကောင်းလောက်အောင် မင့်ဘဝကြီးပြောင်းလဲသွားပါလိမ့်မယ်။
အဲ့ဒီအခါကျရင် မင့်ဟာကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လောကဓံကို တွန်းလှန်ရဲတဲ့ သတ္တိတွေ့နဲ့ ယုံကြည်မှုအပြည့်ရှိသူတစ်ယောက်ဖြစ်နေပါလိမ့်မယ်။

ကြိုးစားပါဦးမယ်
@foreverwithyou
ကိုယ့်ဟာကိုယ် အားပေးနေရတယ်။.. image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

hello bro, '' tag''ထည့်တာ ၅ခုထည့်လို့ရပါတယ် ပိုပီးပြည့်စုံစေရန် ပိုစ် နှင့်လိုက်ဖက်သော tag ကို ထပ်ထည့်စေချင်ပါတယ်
ဥပမာ life , thinking , knowledge.

Okay,bro!