Dangal
(Base on True Story)
photo from Google
Mahavir Singh Phogat, a wrestler who didn't get gold medal for his country in player life. But this dream not disappear.
When he had married, he expect his wife will gives birth the son to helps fulfill of his dream. But his wife gives birth four daughters for him. That was really disappointed for him. He believed that only the boy can perfect his dream.
But one day the two boys who had injury came his house with their parents. His dream became active again when he saw the injury boys whom fought by his two daughters.
This isn't impossible case women India the country which underestimate on women. But they can do it. He can train his two daughters (Geeta and Babita) how to play well and express in wrestling. They changed criticisms to applause.
You can see in movie his daughters how to satisfy his dream by his guidelines.
Cast
Photos from Google
l want to share the words that Mahavir told her daughter before the final match night.
Fight! people remember you. People may not no longer remember you, if you got silver medal. But you got gold medal, you may be role model. Role model exemplifies and never forget. People always remember you. If you win tomorrow, this isn't only you. Zillion of women win with you. This match is the victory of the women who assume that inferior than men. Tomorrow! My daughter, you not only fight the Australian girl but also fight the people who underestimate the women.
Me:I'm not actor (just kidding)
Try to watch you may also like. The next time I'm also sharing another movies.
Mahavir Singh Phogat တယောက် နပန်းအားကစား ကနေ နိုင်ငံအတွက် ရွှေတံဆိပ် ရယူမပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဲ့ အိပ်မက်ကလည်း မပျောက်ကွယ်သွားခဲ့ပါဘူး။
အိမ်ထောင်ရှင် ဖြစ်နေခဲ့ပြီဖြစ်တဲ့ Mahavir အတွက် သူ့သားက သူ့ အိပ်မက်ကို ဖြည့်ဆည်း ပေးလိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် သူ့မိန်းမက သူ့အတွက် သမီး ၄ ယောက် သာ မွေးပေးခဲ့ပါတယ်။ သားယောက်ျားလေးကသာ သူ့အိပ်မက်ကို ဖြည့်ဆည်း ပေးနိုင်မယ်လို့ ယုံကြည်ထားတဲ့ သူ့အတွက် အလွန်ပဲ စိတ်ပျက်ခဲ့ရပါတယ်။
ဒါပေမယ့် တနေ့မှာ ဒဏ်ရာ တွေ ဗရပွ နဲ့ ကောင်လေး ၂ ယောက် သူတို့ရဲ့ မိဘ တွေနဲ့အတူ သူ့ အိမ်ကို ရောက်လာခဲ့ပါတယ်။
သူ့ သမီး ၂ ယောက်ရဲ့ လက်ချက်နဲ့ ဒဏ်ရာတွေ ကိုယ်စီရထားတဲ့ ကောင်လေး ၂ ယောက်ကို မြင်တဲ့ အခါမှာ သူ့အိပ်မက်တွေ တဖန် အသက် ပြန်ဝင်လာစေခဲ့ပါတယ်။
အမျိုးသမီး တွေကို နှိမ့်ချမှု လွန်ကဲလွန်းတဲ့ India လို နိုင်ငံမျိုးရဲ့ ရွာတရွာမှာ အမျိုးသား တွေနဲ့ ဖက်ပြိုင်ပြီး နပန်းသတ်ဖို့ဆိုတာ အမျိုးသမီး တွေအတွက် ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စ ရပ်ကြီးပါ။ သို့ပေမယ့် ဒါကို သူတို့ သားအဖ တတွေ ဖြတ်ကျော်ပြနိုင်ခဲ့ပါတယ်။ သူဟာ သူ့ သမီး ၂ ယောက် ဖြစ်တဲ့ Geeta နဲ့ Babita ကို နပန်း အားကစား မှာ ကျွမ်းကျင်ထူးချွန်လာအောင် သင်ကြားပေးနိုင်ခဲ့ပါတယ်။ ဝေဖန်သံတွေကို သူတို့ဟာ လက်ခုပ်သံ အဖြစ် ပြောင်းနိုင်ခဲ့ပါတယ်။
သူ့ရဲ့ လမ်းပြမှုနဲ့အတူ သူ့ သမီးတွေက သူ့အိပ်မက်ကို ဘယ်လို ဖြည့်ဆည်းပေးသလဲ ဆိုတာကိုတော့ ဇာတ်ကား ထဲမှာ ဆက်လက်ခံစားစေလိုပါတယ်။ (ကျတော် အများကြီးပြောလိုက်ရင် ပေါ့သွားမစိုးလို့ပါ)
ဒီဇာတ်ကားလေးမှာ ကျတော် စွဲစွဲထင်ထင်ဖြစ်မိတဲ့ အခန်းလေးတွေကို အနည်းငယ် ပြောရရင်
ဗိုလ်လုပွဲ မတိုင်မီ Mahavir က သူ့ သမီး Geeta ကို မနက်ဖြန်အတွက် ပြင်ဆိုဖို့ ပြောပြတဲ့ အခန်း
ဗိုလ်လုပွဲ မှာ သမီးကို အားပေးခွင့်မရတဲ့ အဖေ တယောက်ရဲ့ ဝမ်းနည်း အားငယ်မှုကနေ နိုင်ငံတော်သီချင်းသံ ကြားတဲ့ အခါမှာ Mahavir ရဲ့ မျက်ရည်တွေ ကြားထဲက ကြည်နူးပီတိဖြစ်ရဲ့တဲ့ အခန်း လေးတွေပဲ ဖြစ်ပါတယ် ။
ဒီဇာတ်ကားလေး ကြည့်နေရင်းနဲ့ ညီမလေး မေမွန် ကို သွားသတိရမိတယ်။ အမျိုးသမီး အခန်း ကဏ္ဍနဲ့ ပတ်သက်လာရင် သူ့လောက် ကိုယ်တွေက မပြင်းထန်ပေမယ့် အမျိုးသမီး တွေကို ခွဲခြားဆက်ဆံတာ၊ နှိမ့်ချင်တာ၊ အကြမ်းဖက်တာတွေကို လုံးဝ မနှစ်သက်ပါဘူး။ ဒီကားလေးမှာ အမျိုးသမီး တွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို ဖော်ကျူးထားတာလေးက အလွန်မှ အားရ ကျေနပ်ဖို့ ကောင်းပါတယ်။
Mahavir က သူ့သမီး Geeta ကို ဗိုလ်လုပွဲ မတိုင်မီ ညမှာ ပြောခဲ့တဲ့ စကားလေးကို မျှဝေလိုက်ပါတယ်။
"လူတွေ သမီးကို မှတ်မိနေအောင် တိုက်ခိုက်သွားရမယ်။ သမီး ငွေတံဆိပ်ရခဲ့ရင် အနှေးနဲ့အမြန် သမီးကို လူတွေ မေ့သွားကြလိမ့်မယ်။ ဒါပေမယ့် ရွှေတံဆိပ် ရခဲ့ရင်တော့ စံပြဖြစ်လာမယ်။စံပြဆိုတာ ဥပမာ အပေးခံရတယ် သမီး၊ နောက်ပြီး အမေ့မခံရတော့ဘူး။ သမီး နက်ဖြန် နိုင်ခဲ့ရင် သမီးတယောက်တည်း နိုင်တာမဟုတ်ဘူး။ သန်းပေါင်းများစွာသော မိန်းကလေးတွေ သမီးနဲ့ အတူ နိုင်လိမ့်မယ်။ဒီပွဲဟာ ယောက်ျားသားတွေထက် နိမ့်ကျတယ်လို့ ယူဆခံနေရတဲ့ မိန်းကလေးတွေအတွက် အောင်ပွဲ ဖြစ်လိမ့်မယ်။
.... ....
မနက်ဖြန် သြဇီသူကိုပဲ တိုက်ခိုက်ရုံတင် မဟုတ်ဘူး၊ မိန်းကလေးတွေ ကို အထင်သေးနေတဲ့ လူတွေ အားလုံးကိုသမီး တိုက်ခိုက်ရလိမ့်မယ်။"
အရမ်းကြိုက်တာ ထွက်ထွက်ချင်းကတည်းက ဝယ်ကြည့်ဖြစ်တယ် အဲ့ခေတ်အဲ့အခါ အိန္ဒယနိုင်ငံရဲ့ ဓလေ့ထုံးစံတွေနဲ့ ရိုးရာတွေကြားထဲက
ဖခင်တစ်ယောက်ရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက် ဘယ်သူဘာထင်ထင် ဦးတည်ရာကို ရောက်အောင်ပို့နိုင်တဲ့စိတ်ဓာတ် သားသမီးကိုယ်တိုင်ကတောင် ရက်စက်လွန်းတဲ့အဖေ အဖြစ် ထင်ခံရပေမယ့် ဦးတည်ရာကို မဖြစ်မနေသွားရဲတဲ့စိတ်ဓာတ် ဖခင်တစ်ယောက် ရဲ့ မေတ္တာ
Khan ရဲ့ ကြိုးစားမှု့ အရမ်းကြိုက်တတွေအစ်များကြီးပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Right bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank you 🙂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit