ထာက်ခံမှု- ငြင်းခုန်မှု-ဆွေးနွေးမှုများဖြင့် Crypto လောက အပိုင်း(၁)

in dipakyaw •  7 years ago 

ထောက်ခံမှု- ငြင်းခုန်မှု-ဆွေးနွေးမှုများဖြင့် Crypto လောက အပိုင်း(၁)
dpakyaw (47) in myanmar • 3 days ago
image
2018 ခုနှစ်အရောက်မှာ Crypto လောကမှ ဆွေးနွေးငြင်းခုန်မှုများက အရင်ကထက်ပိုပြီးပြင်းထန်လာခဲ့ပါသည်။

India နိုင်ငံမှာ Crypto အပေါ်ပိတ်ပင်ရန် စာများထွက်ပေါ်ပြီးသည့်နောက် Exchange များကလည်းတန်ပြန်စိန်ခေါ်မှုတွေရှိနေပါတယ်
နာမည်ကြီး Mining စက်ထုတ်လုပ်သည့် Company တစ်ခုဖြစ်သည့် Bitmain ကလည်း တရုတ် နှင့် ထိုင်ဝမ်တို့ကို ၎င်းတို့ပစ္စည်းများ မပို့ဖို့ဆုံးဖြတ်ထားကြပါတယ်။

US မှာလည်း တရားမဝင်(မှတ်ပုံတင်ထားခြင်းမရှိသည့်) Miner များကို ဥပဒေအရအရေးယူဖို့ လုပ်ဆောင်နေကြတာတွေ့ရပါတယ်။

UK ငွေကြေးစောင့်ကြည့်ရေးအဖွဲ့အစည်းကလည်း Crypto ကို ဘယ်လိုစံသက်မှတ်ချက်တွေဖြင့်လုပ်ဆောင်ရမည် စသဖြင့်အကြံပြုချက်တွေထွက်ပေါ်နေပြန်ပါတယ်

မြန်မာနိုင်ငံမှာတော့ ဗဟိုဘဏ်ကနေ Crypto အပေါ်တရားဝင်မဟုတ်ကြောင်း ထုတ်ပြန်နိုင်ဖို့ ကျိုးစားဆောင်ရွက်နေမှုတွေရှိပါတယ်

ဒီ Crypto လောကနှင့်ဆိုလျှင် လူအများကြား ပြောဆိုငြင်းခုန်မှုကတော့ ကျယ်လောင်မှုတွေထွက်ပေါ်လျှက် ရှိစမြဲကတော့ ပုံမှန်ဖြစ်နေကြပါ။လက်ခံတဲ့ နိုင်ငံက လက်ခံကြ/ လက်မခံတဲ့ နိုင်ငံကလည်း လက်မခံကြ/ ပိတ်ပင်ထားတဲ့နိုင်ငံကလည်း ပိတ်ပင်ကြနဲ့ပေါ့။ သူအရပ်နှင့် သူ့ဇာတ်ကတော့ ကောင်းနေကြတာပေါ့။

ဒီ Crypto ကလည်း အများနည်းတူ ကောင်းကျိုး/ ဆိုးကျိုးတွေ အတူတွဲနေကြတာပေါ့။ ဒါတွေကို အမျှော်အမြင်ရှိတဲ့ နိုင်ငံက ဥပဒေတွေ/ လုပ်ထုံးလုပ်နည်းတွေဖြင့် ထိန်းချုပ်ပြီး သူတို့ရဲ့ နိုင်ငံသားတွေ ကောင်းကျိုးအတွက် စနစ်တကျလုပ်ဆောင်ရတာပေါ့။ လက်မခံတဲ့နိုင်ငံတွေ/ ပိတ်ပင်ထားတဲ့ နိုင်ငံတွေကတော့ Crypto အတွက် ခေါင်းမစားဘူးပေါ့( အလုပ်မရှုပ်ဘူးပေါ့)။

ဒီနိုင်ငံမှာတော့ အမြဲ အားကြီးရာကနေ အသာရနေကြစမြဲပါ။ဒီလိုပြောလို့ Crypto ကို ပိတ်ပင်မှာမကြိုက်တဲ့သူတွေထဲမှာ ကိုယ်တွေပါတယ်လို့ပြောလဲပြောလို့ရပါတယ်။ ဒါဆိုဒီနိုင်ငံမှာ Crypto သုံးတဲ့သူက နိုင်ငံလူဦးရေရဲ့ 0.001% တောင်ရှိမယ်မထင်ပါဘူး။ ဒီထဲမှာ မှ $50000 နှင့်အထက်ကိုင်တဲ့သူဆိုတာ လက်ငါးချောင်းတောင်မပြည့်ကြပါဘူး။ ဒါကိုဘာကြောင့်ပိတ်ပင်ချင်နေကြတာလဲ? အကြောင်းပြချက်တွေကလည်းများစွာရှိနေပါတယ်။ ဒီအကြောင်းကို အပိုင်း (၂)မှာ ထပ်ပမံဖော်ပြပါမည်။

Crypto မှာလည်း အားနည်းချက်တွေရှိပါတယ်။ ၎င်းအားနည်းချက်က ဒီနိုင်ငံ၏ အားနည်းချက်နှင့် ပူးပေါင်းမိသောအခါ

ဆက်ရန်

ဒီပကျော်

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!