An unhappy return for IDPs in Kachin State | Frontier Myanmar

in dlike •  5 years ago 

Shared From Dlike

ကချင်ပြည်နယ်မှ နေရာပြောင်းရွှေ့ရသူများကို နေရပ်ပြန်ပို့ခြင်း

Kachin Independence Organisation ၏ ပူးပေါင်းမှု မပါဝင်ဘဲ တပ်မတော်က ကချင်ပြည်နယ်မှ နေရာပြောင်းရွှေ့သူများကို နေရပ်ပြန်ပို့ခြင်းသည် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းကြား သံသယများကို ဖြစ်ပေါ်စေကာ လူအသက်များလည်း ထိခိုက်နိုင်သည်။

ရဲမွန် ရေးသားသည်။

တပ်မတော်နှင့် Kachin Independence Army တို့အကြား ပဋိပက္ခများ ပြန်လည်စတင်ပြီး ၈ နှစ်အကြာတွင် မြန်မာအစိုးရနှင့် တပ်မတော်သည် စစ်ပွဲကြောင့် နေရာပြောင်းရွှေ့ရသူ ၁၀၀ ၀၀၀ ကျော်မှ တစ်ချို့ကို နေရပ်ပြန်ပို့ရန် လုပ်ငန်းများ စတင်လာသည်။

အမျိုးသား မဟာဗျူဟာ၏ အစိတ်အပိုင်း တစ်ခုအဖြစ် နေရာပြောင်းရွှေ့ရသူများကို နေရပ်ပြန်ပို့ပြီး IDP စခန်းများကို ပိတ်သိမ်းခြင်းသည် KIO နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြန်လည်စတင်ခြင်းနှင့် အတူ ဖြစ်လာခြင်း ဖြစ်သည်။ KIA နှင့် နှစ်ဖက် အပစ်အခတ် ရပ်ဆဲရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။

အစိုးရနှင့် Kachin Humanitarian Concern Committee တို့သည် နေရပ်ပြန်ပို့ရေး ကိစ္စနှင့် ပတ်သက်ပြီး အလားအလာများကို ဆွေးနွေးခဲ့ကြသည်။ Kachin Humanitarian Concern Committee တွင် ကချင်ပြည်နယ်မှ လူသားချင်းစာနာရေး ခေါင်းဆောင်များ ဘာသာရေး ခေါင်းဆောင်များအပြင် KIO ၏ IDP ကော်မတီမှ အဖွဲ့ဝင် နှစ်ဦးလည်း ပါဝင်သည်။

I tried to translate the article from the link below

You can donate steem or sbd @donatemesteem to support the translation

Any donations to me are considered no strings attached but just support my translation


Source of shared Link

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!