လောကရဲ့သင်္ခန်းစာ

in education •  7 years ago  (edited)

တစ်ခါက ပင်လယ်ကမ်းစပ်က ခရုခွံလေး တွေထဲက အကောင်လေးတွေကို စာတဲ့ ငှက်အုပ်ကလေး တစ်အုပ်ရှိတယ်။ ငှက်အုပ်ထဲက ငှက်အမေကြီး တစ်ကောင်က ငှက်သားသမီးလေးတွေ စားဖို့ အတွက် ကမ်းခြေက ခရုခွံလေးတွေထဲက အကောင်လေးတွေကို ဖမ်း ပြီးရင် သားသမီးတွေကို ကျွေးသည်။
ငှက်ကလေးတွေ အချိန်တန် အရွယ်ရောက် လာသောအခါ ငှက်အမေကြီးက ကိုယ်အားကိုယ် ကိုး၍ အစာရှာစားဖို့ ပြောကာ သားသမီးတွေကို ပင်လယ်ကမ်းစပ်ဘက်သို့ ခေါ်သွားလေသည်။ ငှက်ကလေးများထဲမှ ရေကြောက်သော ငှက်လေး တစ်ကောင်ရှိသည်။ ထိုငှက်ကလေးမှာ ကိုယ်တိုင် အစာရှာမစားဘဲ မိခင်ခွံ့ကျွေးသော အစာကိုပင် စားလိုစိတ်ရှိသူဖြစ်သည်။ သို့သော် ငှက်အမေကြီးမှ အတင်းစေခိုင်းမှုကြောင့် ပင်လယ်ဘက်သို့ ထွက်ကာ အစာရှာလေသည်။ အစာရှာသော ငှက်အုပ်ကြီးမှာ ရေကြောက်သောကြောင့် ကမ်းခြေသို့ လှိုင်းများရိုက် ခတ်သော အခါတွင် ကုန်းပေါ်သို့ တက်ပြေး၍ လှိုင်းပြန်ကျသွားမှာ တဖန်ပြန်၍ အစာရှာကြ ခြင်းဖြစ်သည်။ ထိုအခြင်းအရာကို နားမလည်သော ငှက်ကလေးမှာ လှိုင်းရောက်လာသည်ကို မသိဘဲ အစာကို အတင်းရှာနေသောကြောင့် တစ်ကိုယ်လုံး ရေများရွှဲကာ ဖျားလေတော့သည်။
ထိုကြောင့် ငှက်ကလေးမှာ အသိုက်ထဲမှာ ပင်နေ၍ မိခင်ရှာပေးသော အစာများကို စားနေလေ သည်။ အဖျားပျောက်သွားသောအခါတွင်လည်း မိခင်မှ အစာလာကျွေးမည်ဟုထင်သာ အသိုက်ထဲမှပင် စောင့်နေလေသည်။ သို့သော် မိခင်က လာမကျွေးပေ။
ငှက်လေးမှာ ဆာလောင်လွန်းလှသော ဒဏ်ကို မခံနိုင်၍ နောက်ဆုံးတွင် မိမိကြောက်သော ပင်လယ်ဘက်သို့ တစ်ဖန် ထွက်လာခဲ့လေသည်။
ဒီတစ်ကြိမ်တွင် ငှက်ကလေးမှာ အစာရှာလိုက် ကုန်းပေါ်သို့ ပြန်တက်ပြေးလိုက်ဖြင့် အလုပ်ရှုပ်နေ လေသည်။ ထိုအချိန်တွင် ပင်လယ်ရေကို မကြောက်ပဲ
ပင်လယ်ဘက်သို့ မနားတမ်းသွားနေသော တိရစ္ဆာန် လေးတွေကို တွေ့သွားလေသည်။ ငှက်ကလေးမှာ သူတို့က လှိုင်းရိုက်ခတ်လာချိန်တွေ ထိုတိရစ္ဆာန် လေးမှာ မည်ဆို့ ပြုမူသည်ကို စောင့်ကြည့်လေသည်။ ထိုတိရစ္ဆာန်လေးများမှာ လှိုင်းရိုက်ခတ်လာချိန်တွင် သဲကြားထဲသို့ ခန္ဓာကိုယ်ကို မြုပ်၍နေလေသည်။ ထိုအခြင်းအရာကို မြင်လိုက်သော ငှက်ကလေးမှာ လည်း ရေတက်လာသောအခါ သဲထဲသို့ဝပ်၍ နေလေသည်။ ငှက်ကလေးမှာ ရေအောက်သို့ ရောက်သွားသည်နှင့် မျက်လုံးဖွင့်ကြည့်လိုက်သော အခါ ရေထဲတွင် မိမိတို့၏ အစာများ ရေပေါ်တွင် ပေါ်နေသည်ကို မြင်လေသည်။ ထိုနေရာများကို မှတ်ထားပြီး ရေပြန်ကျသွား သည်နှင့်တပြိုင်နက် အစာရှိသည့်နေရာများကို သွားကာ စားလေသည်။
ငှက်ကလေးမှာ မိမိတင်မဟုတ်ပဲ မိမိ၏ သူငယ်ချင်းများကိုပါ အစာများ ရှာဖွေကျွေးလေသည်။
Note: :ရင်ဆိုင်ကြုံတွေ့လာရမည့် အခက်အခဲ အတားအဆီးများကို ထွက်ပြေးပုန်ရှောင်နေမည့် အစား ရဲရဲကြီး ရင်ဆိုင်လိုက်ပါ။ နောက်ဆုံးမှာ ရင်ဆိုင်ရမည် နည်းလမ်းကို ရှာဖွေတွေ့ရှိပါလိမ့်မည်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

good story

Yeap

Nice Post.

Thanks

Good

Thank you