လူ့လောကရဲ့ ရိုးသားမှုတွေ ဘာ့ကြောင့်တစ်နေ့တခြားပျောက်ဆုံးလာရတာလဲ ကလေးငယ်တွေ ဘာ့ကြောင့်အရောင်ပြောင်းသွားကြတာလဲ ဖတ်ကြည့်စေချင်ပါတယ် တကယ်ကို အကျိုရီိတဲံ စာမူလေးပါ
အိုင်ဖုန်း
(၁)
'' ဒီ ဖုန်း ကို သား ဘယ်က ရသလဲ''
'' ကျွန်တော် ကျောင်း ဂိတ်ပေါက်ဝက ကောက်ရတာပါ''
'' အင်း ကျောင်းသား တစ်ယောက်ယောက် ကျခဲ့တာဖြစ်မယ်။ လော့ဂ် ကလည်း ချထားတော့ ဖုန်း ပြန်ဆက်လို့ မရဘူး။ ဆက်လာမယ့် ဖုန်းကိုပဲ စောင့်ပြီး ပြန် ပေးကြတာပေါ့''
'' ဟုတ်''
ဖိုးထောင် မနေ့ က ဖုန်းတစ်လုံး ကောက်ရခဲ့တယ်။ ဖုန်းက တန်ဖိုးကြီး အမျိုးအစား တစ်ခုပဲ။ ဖိုးထောင် တို့  အတွက် အိမ်မက် တောင်မက်ဖို့  ခက်တဲ့  အိုင်ဖုန်း ဆိုတာကြီးလို့  ဦးကျော်သာ က ပြောတယ်။အဲဒီ အိုင်ဖုန်း ကို ကောက်ရ ပြီး ဖိုးထောင် ဘာမှ မလုပ်တတ် ။ ဖိုးထောင် တွေးမိတာက ဒါကြီးကို ကျပျောက်တဲ့ လူ တော်တော်နှမျော ပြီး ဝမ်းနည်းနေ မယ်ဆိုတာပဲ။ဟုတ်တယ်လေ။ဖိုးထောင် တစ်ခါသားက လက်မှာပတ်တဲ့  ၁၅၀၀ တန်နာရီ ပျောက်ဖူးတယ်။ အဲ့တုန်းက ဝမ်းနည်းလွန်းလို့  မစားနိုင်မအိပ်နိုင် ဖြစ်ရတာ။ ဦးကျော်သာ မိန်းမ က ဖိုးထောင်ကို သနားလို့ ဆိုပြီး ၂၀၀၀ တန် နာရီ ပြန်ဝယ်ပေးတယ်။အဲ့တော့မှ ဖိုးထောင် နေလို့ ထိုင်လို့ ရတာ။ ခု အိုင်ဖုန်း ပျောက်တဲ့ သူကို ကိုယ်ချင်းစာ တယ်။ သူဆို ဘယ်နှစ်ရက်လောက် မအိပ် မစားပဲ နေမလဲမသိ။ ဖိုးထောင် လဲ ဦး ကျော်သာ ကြီး ပြောသလို မြည်လာမယ့် ဖုန်းသံကိုစောင့်ရုံပဲ တက်နိုင်တယ်။ သူငယ်ချင်းတွေကတော့
''ဟေ့ကောင် မင်း ဖာသာကောက်ရတာ မင်းပိုင်ပြီ။ ဘာမှ လုပ်မနေနဲ့ ။ယူလိုက်တော့''
လို့ ပြောကြတယ်။ ဖိုးထောင်ကတော့ သူများ ကို သနားတယ်။ ဒီဖုန်းကြီး ပျောက်တဲ့ သူ ကို ဖိုးထောင်ကိုယ် ချင်းစာတယ်။
''သူများ ပစ္စည်း မလိုချင်ပါဘူးကွာ။ပိုင်ရှင် ဘယ်လောက်သနားစရာကောင်း မလဲ''
ဖိုးထောင်ကတော့ ဒီစကားပဲ ပြန်ပြောဖြစ်ခဲ့တယ်။
(၂)
ဖိုးထောင်က မုန့်  ဗန်းကို လည်ပင်းချိတ် ဈေးရောင်းတာ။ ကားသမား တွေ ဝယ်တတ်လို့  ဆေးလိပ်လေး ဘာလေးလည်း တင်တယ်။ ဖိုးထောင်အတွက် ကျောက်းဂိတ်ဝ နဲ့  အပြင်လမ်း ဘပ်စ်ကားဂိတ် တွေက ရောင်းနေကျ နေရာတွေပဲ။ တစ်နေ့ တစ်နေ့  အမြတ် ၂၀၀၀ လောက်ရဖို့  ခြေတိုအောင်လျှောက်ရတာ။ ချိတ်ထားရတဲ့ မုန့် ဗန်းက ခပ်လေးလေး။ တစ်ခါတစ်ခါ အရောင်းကျဲ တဲ့ အချိန်ဆို ကျောင်းရထား နဲ့  ဘူတာကြီး အထိ လိုက်ပြီး ရထားပေါ် လိုက်ရောင်း တတ်တယ်။ အဲ့ဒီ အခါကျ သုံးထောင်ကျော်လောက်အမြတ် ကျန်တယ်။ ဒါက ဖိုးထောင် ရှင်သန် နေရတဲ့  နေ့ စ္စဓူဝ ပုံစံပဲ။
ဖိုးထောင် အမေက ပန်းနာရင်ကျပ်ရောဂါသည်။ ဖိုးထောင်တစ်နေ့ လုံး လုပ်သမျှ ဝင်ငွေက အမေ့ဆေးဖိုး တောင် မကာ မိ ပါဘူး။ ဆေးမှီးတိုလေးတွေနဲ့ အမေ က အသက်ဆက်နေတာ။ ဖိုးထောင်အမေက သူများအိမ် အဝတ်လျှော် တယ်။ အခုကျန်းမာရေးကြောင့် မလုပ်နိုင်သေးဘူး။ဒါကြောင့်ဖိုေးထာင်ပဲ ရှာကျွေး နေတာ။
ပွင့်ပွင့်လင်းလင်းပြောရ ရင် ဖိုးထောင် တခြား ကလေးတွေလို ဝတ်စားချင်တယ်။ ကျောင်းလဲ တက်ချင်တယ်။ ဒါပေမယ့် ဖိုးထောင် အတွက် အဲဒါတွေက အိမ်မက် တွေပဲ။ ဈေးဗန်းကုန်အောင် ရောင်း။ မကုန်ရင် အမြတ်နည်းမယ် ။ ကုန်ရင် အိမ်အတွက် လောက်ငှမယ်။ဒါပဲ။
ဖိုးထောင်အတွက် ဒါဟာ ပှုံမှန် ရပ်တည်မှု တစ်ခုမို့ ဘာပြဿနာမှ မရှိပါ။ ဖိုးထောင် ကိုယ့်ဘဝ ကိုယ် စိတ်ပျက် ညည်းငြူ မိတာမျိုးလည်း မရှိ။ ဖိုးထောင်ကို အမေက သင်ပေးထားတာရှိတယ်။
'' ရိုးသား ပါ'' တဲ့ ။
ရိုးသား တယ်ဆိုတာ ကို ဖိုးထောင် သေသေချာချာ ဘာသာ မပြန် တတ်ပေမယ့် မမှားအောင်နေတာ ၊ သူတစ်ပါး ပစ္စည်း ကို လောဘ မတက်တာ ၊သူတစ်ပါး ဒုက္ခရောက်အောင် မလုပ်တာ၊ မခိုး မဝှက် မလိမ်တာ ။ ဒါတွေက ရိုးသားတာတွေ လို့  တော့ နားလည် ထားပါတယ်။
အခု ဖိုးထောင် အိုင်ဖုန်း တစ်လုံးကောက်ရထားတယ်။ ဒါ ခိုးခဲ့တာ မဟုတ်ပါဘူး။ ပိုင်ရှင်အပေါ်လည်း ကိုယ်ချင်း စာမိတယ်
သူ့ ခမျာ ခေါင်းမီးတောက်နေလောက်ရောပေါ့။
'' တီ တီ တီ '''
'' ဟဲ့ ပလုတ်တုတ်''
ဖိုးထောင် ဘောင်းဘီထဲ ထည့်ထားတဲ့ ဖုန်းက လှုပ်နေတယ်။ အသံ လည်း မြည်နေတယ်။ ဒါ ဖုန်းလာတာပဲ။ ဖိုးထောင် ဖုန်းကို ထုတ်ကြည့် လိုက်တယ်။ ဖုန်းမျက်နှာမြင်မှာ အနီ ဝိုင်းလေးနဲ့  အစိမ်း ဝိုင်းလေးနှစ်ခု မြင်ရတယ်။ ဖိုးထောင် ဘာလုပ်ရမှန်း မသိဘူး။လက်နဲ့  ကြုံသလို ပွတ်ကြည့်မိတယ်။ မြည်တုံး။ ဒါနဲ့ပဲ ဘေးမှာ လမ်းလျှောက် သွားနေတဲ့  အမ တစ်ယောက်ကို အကူအညီတောင်း မိတယ်။
''အမ အမ''
''ဟေ ဘာတုန်း''
''ဟိုလေ ဒါ ဒါ ဖုန်းလာနေတာ မလား အမ''
အဲဒီ အမက ဖိုးထောင် ဖုန်းကို လှမ်းကြည့်ပေးတယ်။
'' အေး ဟုတ်တယ် ကလေး ဖုန်းလာနေတာ''
''ဟို ဟိုလေ အမ ကျွန်တော် ဘာကိုဘယ်လို''
ဖိုးထောင်အဖြစ်ကို သဘောပေါက်သွားဟန်နဲ့  လက်ညိုးလေးထောက်ပြောပါတယ်။
''ဒီမှာ အဲ့ အစိမ်းလေးကို နှိပ် လိုက်၊ ပြီးရင်နားမှာ ကပ်ပြော''
ဖုန်းထောင် အဲဒီ အမပြောတဲ့  နေရာလေးကို နှိပ်လိုက်တယ်။ တကယ်ဆို ဖိုးထောင် ကို အဲဒိ အမက ရွဲ့ ပြောပေးသွားတာဖိုးထောင် ခံစားမိတယ်။ စဉ်းစားကြည့်လေ ဗျာ။ နားမှာကပ်ပြောတဲ့ ။ အဲ့ဒါလောက်တော့ ဖိုးထောင်သိတာပေါ့။ ဖိုးထောင်လဲ ဖုန်းကို နားမှာ ကပ်ပြီး
''ဟယ်လို အမိန့် ရှိပါ ခင်မျာ ဖိုးထောင်ပါ''
ဖိုးထောင် ကို ကြည့်ပြီး အဲ့ဒီ အမ က ရီသွားတယ်။ ဖိုးထောင် လည်း စတိုင်အပြည့် နဲ့  ပြောနေလိုက်တယ်။
'' ဒီမယ် ဒီဖုန်းက ဦး သူဌေး သူ့ သားကို ကျောင်းလိုက်ပို့  ရင်း ကျကျန်ခဲ့တာ ပြန်ပေးမယ်ဆို ပိုက်ဆံပေးပါ့မယ်''
''ဟုတ်ကဲ့ ခင်မျ ပြန်ပေးမလို့  ပါပဲ။အဲဒါ ဘယ်လို ပေးရမလဲ မသိဘူး။ ''
''အေးကျေးဇူးကွာ အဲဒိအထဲမှာ အရေးကြီးတဲ့ အလုပ် ကိစ္စတွေ ပါလို့ ။မင်းဘယ်ကလဲ ။ဦး လာခဲ့မယ်''
'' ကျွန်တော် က ကျောင်း နားမှာ ဈေးရောင်းတာ။ ကျောင်းကားဝင်းကို လာခဲ့ပါဦး''
''အေး အေး မနက်ဖြန် မနက် ကိုးနာရီလောက်လာမယ်ကွာ ကလေး''
ပြီးတော့ ဖုန်းချသွားပါတယ်။ဖိုးထောင်ရင်ထဲ ကြည်နူးနေတယ်။ ဖိုးထောင် သူတစ်ပါး ပျော်ရွှင်အောင် လုပ်ပေး နိုင်တော့မှာကိုး ။အဲ့ဒီ နေ့ က ဈေးကလည်း ရောင်းကောင်းချက်ဗျာ။ လေးထောင်နီးပါးလောက်ကျန်တယ်။
အမေ့ အတွက်ဆေးတွေ ပါ ဝယ်ပေးနိုင်တယ်။ တကယ် ပျော်စရာပဲ။
ဖိုးထောင် ရင်ထဲ တလှပ်လှပ်နဲ့ ။အိမ်ကို မြောက်ကြွ မြောက်ကြွ ပြန်နေတဲ့  ဖိုးထောင်ကို ရေ ဗူးရောင်းတဲ့  မာမာစိန်တို့  အကြော်ရောင်း တဲ့ ထွန်းလင်းတို့ က ကွက်ကြည့် ကွက်ကြည့် နဲ့။ ဖိုးထောင်ကတော့ခေါင်းမော့ရင်ကော့ ပြီးပြန် လာခဲ့တာ။
(၃)
''ဖိုးထောင် မင်း ဖုန်းကို ဦး ငါးသောင်းပေးမယ်။ရောင်းပါလား''
ဦးကျော်သာ က ဖိုးထောင်ကို ပြောတယ်။ ဖိုးထောင် အံအားသင့်သွားတယ်။ ငါးသောင်းဆိုပါလား။ အဲ့လောက်တောင်ပေး တယ်ဆိုတော့ ဖုန်း ကတော်တော်ဈေးကြီးမှာပေါ့။ငွေငါးသောင်း ဆိုတာ ဖိုးထောင် တစ်ခါမှ မကိုင် ဖူးတဲ့ပိုက်ဆံပါ။ဖိုးထောင် နေရင်းထိုင်ရင်း ငါးသောင်းတောင်ရမှာ ဆိုတော့ လိုချင်စိတ်တော့ဖြစ်မိတယ်။ဒါပေမယ့် ဒါ သူများ ဖုန်း။ဖိုးထောင်မှ မပိုင်တာလေ။ဒါကြောင့်
''ဦး ကျွန်တော် ပြန်ပေးဖို့ချိန်း ထားပြီးပြီဗျ''
လို့ ပြောလိုက်တယ်။
'' မင်းကလဲကွာ ၊ သူ မင်းကို မြင်ဖူးတာမှ မဟုတ်တာ၊ မသိယောင်ဆောင် နေလိုက်ပေါ့ကွ''
ဦးကျော်သာက အကြံပေးတယ်။ ဖိုးထောင် ဒွိ ဟ များသွားမိတယ်။ ဘာလုပ်ရမလဲ။ ငွေ က ငါးသောင်း။
''အမေ့ကို ပြန် တိုင်ပင် လိုက်ဦးမယ်ဗျာ''
လို့ ပဲ ပြောထားခဲ့ပါတယ်။ ဖိုးထောင် လက်ထဲ ရောက်နေပေမယ့် ဒါ သူများ ပိုင်တာပါ။ ဖိုးထောင်ကတော့ မလုပ်သင့်ဘူး လို့ ယူဆပါတယ်။ ဖိုးထောင် တောင် နာရီလေး တစ်လုံးအတွက် ပူဆွေးခဲ့သေးတာ။ ဒီဖုန်း အတွက်ဘယ်လောက်များ ပူဆွေးနေလိမ့်မလဲ ။ အမေပြော ပြောနေတဲ့  ရိုးသားမှု ဆိုတဲ့ အရာကို ပဲ ဖိုးထောင် ရွေးချယ် ချင်ပါတယ်။
ညအိပ်ယာဝင် ချိန်။
'' ဟင်း ဟင်း ဟင်း ''
'' အမေ အမေ ''
အမေ ညည်း နေတယ်။ နှဖူးကိုစမ်းကြည့်တော့ ကိုယ်တွေ အတော်ပူနေတာ။ ဝေဒနာ ကိုအတော်လေး ပျင်းပျင်းပြပြ ခံစားနေရမှန်း ဖိုးထောင်သေချာသိတယ်။ဘာလုပ်ရမှန်းမသိ။ ဆရာဝန်ခေါ် ဖို့  ပိုက်ဆံက မရှိ။ ရှိတဲ့ ဆေးကိုပဲ အမေ့ကို တိုက်ထား လိုက်ရတယ်။ အဖျား အရမ်းကြီးနေတဲ့  အမေ့ကို သနားမိတယ်။ အမေ့အတွက် တစ်ခုခု လုပ်ပေးဖို့ လည်း ဖိုးထောင် စိတ် ပြင်းပျ နေတယ်။
'' အမေ မနက်ဖြန် ဆေး ခန်း ပြမယ်နော် သိလား''
''သားရယ် ဆေးဝယ်သောက်လို့ ရပါတယ်။ ပိုက်ဆံ မရှိပဲနဲ့ ကွယ်''
''ဟိုလေ အမေ မနက်ဖြန် လေ သားဖုန်းကို ဦးကျော်သာ ဆီ ရောင်းလိုက်မယ်။ ငါးသောင်းတောင် ပေးမှာ''
''တော်စမ်း ဖိုးထောင်''
အမေက နေမကောင်းတဲ့ ကြား က ဒေါသ တကြီး အော်တယ်။
''နင် မနက်ဖြန် ပိုင်ရှင်ကိုပြန်ပေးဖို့ ချိန်းပြီ ပြီလေ''
''အဲ့ပိုင်ရှင်က သားကို မသိဘူးလေ အမေရဲ့ ''
''တော် ''
အမေ့ မျက်နှာ အတော်လေး ခက်ထန် နေတယ်။
''ဖိုးထောင် အမေတို့ ဆင်းရဲပေမယ့် လူ ကဲ့ရဲ့ မဲ့ အလုပ်ကို မလုပ် ဘူး။ အမေ့ ဘဝတစ်လျှောက်လုံး သူတစ်ပါး စိတ်ဆင်းရဲပြီးမှ ရမယ့်ငွေကို မယူခဲ့ဘူး ဖိုးထောင်''
ဖိုးထောင် မှားသွားပြီ။ အမေ့ ကို သနားပြီး တွေးမိတဲ့ အတွေးက အမေ့ကို စိတ်ဆင်းရဲစေခဲ့ပြီ။
''ဖိုးထောင် ၊ သားလေး အမေတို့  မှာ ချမ်းသာတာ ရိုးသားမှု ပဲ ရှိတယ်သား၊အဲဒါလေး တော့ မဆုံးရှုံးပါစေနဲ့ ''
ဖိုးထောင် အမေ့ရင်ထဲ တိုးပြီး ငိုမိတယ်။
'' အဟီး ဟီး သား ရိုးသားပါတယ် အမေရယ်။သား လေ ။ ဦးကျော်သာကြီး ပြော ကတည်းက ငြင်းခဲ့တာပါ''
'' အေး ပါ သားလေးရယ်၊ အမေ့သားလေးက သူတော်ကောင်း လေးပါကွယ်။ အမေ လဲ သက်သာ သွားမှာပါ။ မငိုနဲ့ တော့ သား။မနက်အတွက် အားမွေးထား''
အမေ က ဆရာမောင်ဆေးနီမှုန့်  တစ်ထုတ် နဲ့  အိပ်သွားတယ်။ ဖိုးထောင် လည်း အမေ့ကို စောင်ခြုံပေးပြီး အမေ့ ဘေးနားမှာပဲ ခွေခေါက် အိပ်ပျော်သွားတော့တယ်။
(၄)
ဖိုးထောင်ဒီနေ့ ဈေးမထွက်ဘူး။ ကျောင်းကားဝင်း ထဲ မသွားခင် ဦးကျော်သာ အိမ်ကို လာတယ်။
'' အခြေအနေ ဘယ်လိုလဲ ''
ဖုန်း အရောင်းအဝယ်ကိစ္စ ဖိုးထောင်ကို လာထပ်မေးတာပါ။ ဖိုးထောင်က ပိုင်ရှင်ကိုပဲ ပြန်ပေး ဖို့ ပြောလိုက်တယ်။
ဦးကျော်သာ လည်း သက်ပျင်း ချပြီး
'' အေးပါကွာ ။ ဒါကတော့သဘောပါ။ မင့် ဖုန်းက တန်ဖိုးကြီးတယ်ကွ အနည်းဆုံး အဲ့သူဌေးက မင်းကို ငါးသောင်း ခြောက်သောင်းလောက် ကျေးဇူးဆပ်လိမ့်မယ်''
ဦးကျော်သာ က ပွင့်ပွင့် လင်းလင်း ပြောပြ ပေးသွားပါတယ်။ ဦးကျော်သာ စကားကြောင့် ဖိုးထောင် ပျော်ရွှင်မိသွားတာတော့ ဝန်ခံတယ်။ ဖိုးထောင် အဲ့ ဒီလို ရိုးရိုးသားသား မုန့် ဖိုး ရတာကို တော့ လိုချင်တယ်။
အမေ နေမကောင်းဘူးလေ။ ဖိုးထောင် အမေ့ကို ဆေးခန်းပြဖို့  ပိုက်ဆံလိုတယ်။ အိမ်ဈေးဖိုး လိုတယ်။ပြီးတော့ ဖြစ်နိုင်ရင် ဖိုးထောင် လေ အကြော်ရောင်းတဲ့  ထွန်းလင်း လာကြွားတဲ့  လေးထောင့်ငါးရာတန် ရှပ်အကျီင်္ လေးလဲ လိုချင်မိတယ်။အကျီင်္ လေးကို လမ်းထိပ် စတိုးဆိုင် မှာ တွေ့ ကတည်းက ဖိုးထောင် လိုချင်ခဲ့တာ။
နာရီ လက်ပက် ကြိုးလေးလည်း လဲ ဖို့  လိုတယ်။ ဖိုးထောင် စိတ်ကူး ထဲမှာ တော့ လုပ်ချင်တာတွေ အများသား။ အမေ့ အတွက် က အရေးကြီးပါတယ်လေ။ပြီးရင် အမေ့ကို ပါတိတ် အသစ်ကလေး တစ်စုံ လောက် လည်း ဝယ်ပေးဦးမှပါ လို့ လည်း တေးထားလိုက်သေးတယ်။
အိုင်ဖုန်း ကလေးကိုင်ပြီး ကျောင်းဝင်း ထဲ က တရုတ်စကား ပင်ကြီး တွေအနား မှာ ပိုင်ရှင် ခေါ်မယ့် ဖုန်းကို ဖိုးထောင် စောင့်နေလိုက်တယ်။ သူငယ်ချင်းဈေးသည်တွေ ဈေးရောင်းထွက်ကုန်ပြီ။ ဖိုးထောင်ကတော့ ဒီကနေ့  ပိုင်ရှင် ကိုဖုန်းပြန်ပေးဖို့  အသင့်အနေအထားပေါ့။
''တီ တီ တီ''
ဖုန်းလာပြီ။ ဖိုးထောင် အစိမ်း ဝိုင်းဝိုင်းလေးကို နှိပ်လိုက်တယ်။
''ဟယ်လို အမိန့်ရှိပါခင်မျာ ဖိုးထောင်ပါ''
''အေး ကလေး မင်း ဘယ်မှာလည်း ဦးတို့ ကားဝင်းထဲ ရောက်ပြီကွ''
''ဟုတ်ကဲ့  ဦးတို့ နေရာပြောပါဦး''
ပိုင်ရှင်တပည့်ဆိုသူ ဦးလေးကြီး က သူတို့  ကားရပ်ထားတဲ့ နေရာကို ပြောပြတယ်။ ဖိုးထောင်လဲ အပြေးနှင် လာခဲ့တော့တယ်။
''ကလေး မင်းက ဖိုးထောင်ဆိုတာလား''
''ဟုတ်''
ဖိုးထောင် ဆီက ဖုန်းလာယူတဲ့  ဦးလေးက ကားအကောင်းစားကြီးနဲ့ လာတာ။ သူ့ ဘေးနားမှာ နေကာ မျက်မှန် အနက်ကြီးတပ်ထားတဲ့  လူကြီးတစ်ယောက်။
''ဒါက ဦး သူဌေး လေ ၊ ပျောက်တာသူ့ ဖုန်း''
''ဟုတ်ကဲ့  တွေ့ ရတာ ဝမ်းသာပါတယ် ဦး''
မျက်မှန်နဲ့ သူဌေးဆိုသူ ကြီးက ဖိုးထောင်ကို တစ်ချက်ပဲ ကြည့်ပြီး မျက်နှာလွှဲ ထားတယ်။ သူ ပျော်မနေဘူးလား။
ဒီ လောက်တန်ဖိုးကြီးတဲ့  အိုင်ဖုန်း ကြီး ပြန်ပေးတာကို သူက ဘာလို့  ကျေးဇူးတင်ပါတယ် လို့ မပြောပဲ နေနိုင်ရတာလည်း။
ဘေးနားက တပည့် ဦးလေး ကြီးကို လှမ်းပြောနေတာ ဖိုးထောင် ကြားလိုက်သေးတယ်။
''ကဲ မြန်မြန် လုပ်ကွာ ငါ မီတင် ရှိသေးတယ်''
တဲ့ ။
''ဆရာ ကျွန်တော် ဘယ် ဘယ်လောက် ပေးလိုက်ရမလဲ''
သူတို့ အချင်းချင်း စကား ပြောနေတာ ဖိုးထောင် ရပ်ကြည့်နေလိုက်တယ်။ သုဌေး ဆိုတဲ့ သူကြီးကို လည်း ဖိုးထောင် ကြည့်မရ ဖြစ်သွားတယ်။ သူက ခပ်တည်တည်ပဲ။ဖိုးထောင် ထင်ထားတာက
''ကျေးဇူးတင်ပါတယ် ကွာ ''ဆိုပြီး ဖိုးထောင်ကို တရင်းတနှီးနုတ်ဆက်မယ်။ ပြီးရင် ဖိုးထောင်ရဲ့ ရိုးသားမှုကို အသိအမှတ်ပြုတဲ့ စကားလေးပြောမယ်ပေါ့။ အခုဟာက ဖိုးထောင် ကို ခိုးရာပါပစ္စည်း လာရောင်းတဲ့  သူလိုပဲ ဆက်ဆံခံရတာ။ သူဌေး ဆိုတဲ့ လူက ကျွန်တော့်ကို သေချာ ကြည့်တာ မြင်လိုက်ရတယ်။ ဘာသဘောလည်း ဆိုတာဖိုးထောင် သိ သလိုလို ပဲ။ဖိုးထောင် အကျီ င်္ က တော်တော်နွမ်းရိနေတယ်။ ဆံပင်တွေဆို နေလောင်ထားလို့  နီ ကျွတ်ကျွတ် တွေ။ ဘောင်းဘီ တိုကလည်း သူများ ဆီက ရထားတဲ့ တစ်ပတ်နွမ်း။ ဖိုးထောင်ပုံစံကို ကြည့် ပြီး အထင်သေးသွားတဲ့ မျက်နှာကို ဖိုးထောင်သဘောပေါက်လိုက်တယ်။
နောက် သူဌေး ဖြစ်သူက သူ့ တပည့် ဦးလေးကို ပိုက်ဆံ အိတ်ပေးလိုက်တယ်။ နောက် ဖိုးထောင်ဆီ လာပြီး
'' ရော့ ကလေး မုန့် လေး ဘာလေးဝယ်စား တစ်သောင်း ''
ဖိုးထောင် လက်ထဲကို တစ်ထောင်တန် အစည်းပါးပါးလေး လာထည့်ပေးတယ်။
'' ကဲ ဖြစ်လား ကလေး။ လိုသေးလား''
ဖိုးထောင် လက်ထဲက ပိုက်ဆံ ကို ပဲ စိုက် ကြည့်နေမိတယ်။
ဝမ်းနည်း လွန်းလို့  မျက်ရည် ဥတွေ မျက်လုံး မှာ တွဲ ခို နေမိတယ်။ဒါ ဖိုးထောင်ရဲ့  ပုံစံကိုကြည့်ပြီး ဖြတ်လိုက်တဲ့ တန်ဖိုးပဲ။
'' သွားပြီ ကလေး''
ဖိုးထောင် အရိုးထဲထိ တစိမ့်စိမ့် စူးနေသလို ပဲ။ အက်ကွဲနာကျင်မှုက ရင်ထဲကနေ လှိုက် တက်လာတယ်။အိပ်ယာထဲ လဲနေတဲ့ အမေ့ကို မြင်ယောင်လာတယ်။ ဖိုးထောင် နုတ်ခမ်းကို တင်းနေအောင် ကြိတ်ပြီး
'' ဦးလေး ''
ဖိုးထောင် ခေါ်သံကြောင့် သူတို့ ဖိုးထောင်ကို လှည့်ကြည့်တယ်။
'' ပိုက်ဆံက တစ်သောင်း ထဲလား။ ဒါ အိုင်ဖုန်း ကြီးနော်။ ကျွန်တော်ပြန်မပေးခဲ့ရင် . . .''
ဖိုးထောင်ကို သူဌေး ဆိုသူ က မျက်မှောင်ကျုံ့ကြည့်တယ်။
''ကဲ တွေ့ လား ၊ နောက်ဆုံးတော့ ဒါပါပဲကွာ၊ ပိုက်ဆံ တောင်းချင်တာပဲ၊ ကဲကွာ ။ ပေးလိုက်နောက် နှစ်သောင်း''
ဖိုးထောင်ကိုမှတ်ချက် ပေးပြီး ပိုက်ဆံ နှစ်သောင်းထပ်ပေးတယ်။
ပေါင်း သုံးသောင်း။ ဒါ ဖိုးထောင်ရဲ့  ရိုးသားမှု တန်ဖိုးလား ။ တန်ရာတန်ကြေး ဆိုတာကြီးလား။
''ကဲ သွားပြီကွာ ''
တပည့် ဖြစ်သူ ဦးလေးက နှုတ်ဆက် တယ်။ ဖိုးထောင် လုံးဝ လှည့်မကြည့်တော့ဘူး။ အမေ့ကို ဆေးခန်း အမီ ပြရမယ်လေ။
အိမ်အပြန် လမ်းတစ်လမ်းလုံး ဖိုးထောင် ရင်ထဲ တစ်ခုခု တစ်ဆို့ နေသလို ကြီးခံစားနေရတယ်။ ဖိုးထောင် က တခြားသူတွေလို ပညာ မတတ်ပါဘူး။ မချမ်းသာဘူး။ ဖိုးထောင် မှာ ရှိတာ ရိုးသားမှုပဲ။ဒါပေမယ့်
ဖိုးထောင် သိလိုက်တာ တစ်ခုက ရိုးသား မှု နဲ့  မတန်တဲ့ သူတွေ ရှိတယ်ဆိုတာပဲ။
လိမ်းထိပ် စတိုး ဆိုင် ရှေ့ ရောက်တော့ ဖိုးထောင် လိုချင်ခဲ့တဲ့  ရှပ်အကျီ င်္လေး ကို ငေးကြည့်မိလိုက်တယ်။ စိတ်ထဲကနေ ဖိုးထောင် တေး လိုက်မိတယ်။
'' အင်း အိုင်ဖုန်း နောက်တစ်လုံး ကောက်ရ မှ ပဲ ဝယ်တော့မယ်'' လို့ ။
စာဖတ်သူကို လေးစားလျက်။
မောင်သြလေး
ဖတ်ပီးရင်ထဲထိရှကျန်နေမယ်လို့မျှော်လင့်ပါတယ်
လောကရဲ့ သဘာဝတချို့ကိုလည်း မြင်သာမယ်ထင်ပါရဲ့
လောကဟာ အရောင်စုံ ခြယ်မှုန်းနေတာပါပဲ အကယ်၍သင်သာ iph ပိုင်ရှင်ဆို ဘာလုပ်မည်လဲ ကလေးငယ်ဆို ဘာကိုရွေးချယ်မည်လဲ
cm လေး မှာဖြေပေးနော်
အကို့စာမူလေးကို အားပေကြပါအူးလို့ ပြောပါရစေရှင်
awbarkhin
#promo-steem
Hello @awbarkhin If you are a writer, please post your original content, otherwise you are breaking the rules of Steemit . If you would like to share other creation, please open a facebook page and do it. Because this post is a copy by stealing other's creation. The original source is https://www.facebook.com/permalink.php?story_fbid=205083353377361&id=100016270925797 .
Don't do it again. We are watching YOU !
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @awbarkhin! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @awbarkhin! You received a personal award!
Click here to view your Board
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @awbarkhin! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit