*ပျဉ်းမ ငုတ်တို
ဖုထစ် ရွတ်တွ ၊ ငှက် လင်းတ သို့
ပျဉ်းမငုတ်တို ၊ သက်ကြားအိုသည်
ကုန်းမို့ထက်တွင် တစ်ပင်တည်း ။
ခွဆုံ အကွေး ၊ သစ်ခေါင်းဆွေးလည်း
အဖေး တက်လာ ၊ အိုင်းအမာသို့
ကျယ်စွာ ဟက်ပက် ခြအိမ်ပျက် ။
ကုန်းမို ကမ်းပါး ၊ မြေပပ်ကြားတွင်
စစ်သားခမောက် ၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက် စခန်း လက်ပြညွှန်း ။
ထိုပင် ငုတ်တို ၊ ပျဉ်းမအို သည်
စစ်ကိုလည်းကြုံ ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ ၊ နေလျှံလည်း တိုက်
လေပြင်းခိုက်လျက် ၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ၊ ငယ်ရုပ်ဆင်သည်
အသင် ယောင်္ကျားကောင်း တကား ။ ။
မင်း သု ဝဏ်
.......................
ငါ သေသွားသော်
ငါသေသွားသော် . .
ပစ္စည်းဥစ္စာ ရတနာနှင့်
ရာထူးဂုဏ်ရှိန် မြတ်စည်းစိမ်တို့
ဘယ်မှာ ငါ့နောက်ပါမည်နည်း . ..
ငါသေသွားသော် . . .
အိမ်သူသက်ထား သမီးသားနှင့်
နောက်ပါးရံခြွေ ချစ်မိတ်ဆွေတို့
ဘယ်သူငါ့နောက် ပါမည်နည်း . . .
ငါသေသွားသော် . . .
တတ်သိလိမ္မာ နည်းပညာနှင့်
သင်လာခဲ့သမျှ ရဿ အဋ္ဌာ
ဘယ်မှာ ငါ့နောက်ပါမည်နည်း . ..
ငါသေသွားသော် . . .
ကမ္မအလုပ် ကောင်းကျိုးထုတ်နှင့်
စိတ်ယုတ်/စိတ်ကောင်း နည်းလမ်းပေါင်းက
အကြောင်းကြိုးရှာ လမ်းညွှန်ပါမည် . .
ငရဲ နိဗ္ဗာန် မဂ်လမ်းတည်း . . .
![image](https://img.esteem.ws/p9usp3po4k.jpg)
Comming and Upvoted you :) !
:
“Some disabled people spend a significant amount of their energy on trying to come across as abled or as not that disabled.” ====> Mokokoma Mokhonoana
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit