ကိုယ့်ကိုမချစ်ဘူးလို့တွေးမိတဲ့အခါ
ငိုကြွေးနေမယ့်အစား
ကိုယ့်ကိုကိုယ်ပိုချစ်လိုက်တယ်
ကိုယ့်ကိုမသနားဘူးလို့တွေးမိတဲ့အခါ
အားငယ်နေမယ့်အစား
ကိုယ့်ကိုကိုယ်ပိုသနားလိုက်တယ်
ကိုယ့်ကိုမနွေးထွေးဘူးလို့တွေးမိတဲ့အခါ
ကြောက်ရွံ့နေမယ့်အစား
ကိုယ့်ကိုကိုယ်နွေးထွေးပေးလိုက်တယ်
ကိုယ့်ကိုပစ်ထားတယ်လို့တွေးမိတဲ့အခါ
သိမ်ငယ်နေမယ့်အစား
ကိုယ့်ကိုကိုယ်စောင့်ရှောက်ပေးလိုက်တယ်
အဲ့တော့ကိုယ်မငိုကြွေးရတော့ဘူး
ကိုယ်အားမငယ်ရတော့ဘူး
ကြောက်ရွံ့မနေတော့ဘူး
သိမ်ငယ်မနေတော့ဘူး
ကိုယ်သွားချင်တဲ့နေရာတွေ
လျှောက်သွားပစ်လိုက်တယ်
ကိုယ်စားချင်တာရှိရင်
အားရပါးရထိုင်စားလိုက်တယ်
ကိုယ့်ကိုချစ်ပေးတဲ့လူတွေအနား
ကလေးလေးသွားလုပ်ပလိုက်တယ်
အားပါးတရရီမောနေလိုက်တယ်
မနက်ဖြန်တွေလည်းအသက်ရှင်ရဦးမယ်
အချိန်တိုင်း မတမ်းတနေတော့ဘူး
ရင်ထဲမှာရှိတာကရှိပဲလေ........