in esteem •  7 years ago 

image
ညက မကောင်းဆိုးဝါးဆန်လွန်းသည်။
အိပ်လို့မရပါဘူးဆိုမှ ဘယ်ကမှန်းမသိတဲ့ကလေးတွေက
သစ်ပင်အောက်မှာကနေကြတာကိုမြင်နေရသည်။
သစ်ပင်တွေကလည်းအထပ်ထပ်မို့
သူတို့အဝတ်အစားတွေကိုမမြင်ရသည့်တိုင်
သူတို့မျက်လုံးတေစူးကနဲလက်လက်သွားတာမြင်နေရသည်။
နေစမ်းပါဦးကလေးတွေကနေကြတယ်သာပြောတာ
သူတို့လက်မြှောက်ကနေကြတာလား
စည်းချက်နဲ့အညီယိမ်းနွဲ့နေကြရုံလား
ဟင့်အင်း
သူတို့လက်မမြှောက်ပါ
စည်းချက်နဲ့အညီလည်းမယိမ်းနွဲ့နေကြပါ
သူတို့ကစည်းဝိုင်းတစ်ခုလိုမျိုး ပတ်ရင်းလမ်းလျှောက်နေကြခြင်းသာ
ဟုတ်တယ်
သူတို့လမ်းလျှောက်နေကြခြင်းသာ
ဒါပေမယ့် တူညီသည့်အချက်က
သည်နေရာကိုရောက်တိုင်း
ခေါင်းငုံ့ကာ လမ်းလျှောက်အကကနေသည့်ကလေးငယ်တိုင်းက
အမှောင်ထုထဲမှ ကိုယ့်ကိုလှည့်ကြည့်သွားကြခြင်းသာ
ပထမတော့လှည့်ကြည့်တိုင်းသွေးပျက်သွားခဲ့ရသူက
အခုတော့ ဟက်ဟက်ပက်ပက်ရီချင်လာခဲ့ပြီ
အော်ရီလို့မရသေးသည့်တိုင်မျက်လုံးကများကပြုံးရောင်သမ်းလာပြီး
နှုတ်ခမ်းကပြုံးယောင်သမ်းလာသည်
မျက်နှာပေါ်ရှိ ခပ်တင်းတင်းအကြောအချဉ်တစ်ချို့
လျှော့လာချိန်တွင်
မထင်မှတ်ပဲကိုယ်ပါသူတို့ဆီကိုလှမ်းလျှောက်မိနေခဲ့ပြီ
သူတို့စည်းဝိုင်းထဲရောက်မှ
သူတို့ကပုရစ်သံလို စီစီ စီစီအော်ခါ
လက်မြှောက်ခုန်ပေါက်ကနေခြင်းမှန်း သိလိုက်ရလေသည်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!