လူဖြစ်​ရတာ ​ကောင်းတယ်

in esteem •  7 years ago 

လူဖြစ်​ရတာ​ ကောင်းတယ်
image
လူဖြစ်​ရတာ ဒုက္ခဘုံထဲ ​ရောက်​လာတာပဲတဲ့
အဲ့ဒီ ဒုက္ခဘုံကြီး အ​ကြောင်း ငါတို့
ရေ​ရေလည်​လည်​ သိနိုင်​တယ်
ဒါ​ကြောင့်​ လူဖြစ်​ရတာ​ကောင်းတယ်
ငာဒုက္ခ​ရောက်​တုန်းက မင်းတို့မှတ်​မိကြ​သေးလား
image
အေး - ဒါ​ပေမယ့်​ လူဖြစ်​ရတာ​ကောင်းတယ်
ငါ အစက ဒီ​လောက်​မသိဘူး
လူဖြစ်​ရတာကောင်းတယ်
ငါတို့အတွက်​ ​ခေါင်းကိုက်​​ပျောက်​​ဆေးပြား​တွေ
လိုသ​လောက်​ ထုတ်​လုပ်​​ထားတယ်
အာ့​ကြောင့်​ ငါ​ပြောတာ​ပေါ့
လူဖြစ်​ရတာ ​ကောင်းပါတယ်​လို့
တစ်​ခါတစ်​​လေ ဘဝင်​နည်းနည်းမြင့်
တစ်​ခါတစ်​​လေ အရှက်​ရ
တစ်​ခါတစ်​​လေ ​ဆွေး
တစ်​ခါတစ်​​လေ သတိရ
တစ်​ခါတစ်​​လေ ​ပျော်​ရွှင်
တစ်​ခါတစ်​​လေ စိတ်​တို
အာ့​ကြောင့်​ လူဖြစ်​ရတာ​ကောင်းတာ
တစ်​ချို့ အဘိဓမ္မာ​တွေ ငါမကြိုက်​ဘူး
တစ်​ချို့မိတ်​​ဆွေ သူငယ်​ချင်း​တွေကို ငါမကြိုက်​ဘူး
တစ်​ချို့အစားစာ​တွေ ငါမကြိုက်​ဘူး
ဒါဟာလည်း လူဖြစ်​ရတာ​ကောင်းပြန်​တာပဲဗျ
သူမဟာ လူသားမိန်းမတစ်​​ယောက်
ဒါ​ကြောင့်​ ငါ​ပြောပါတယ်​ လူဖြစ်​ရတာ​ကောင်းတယ်​လို့
လက်​​ဝှေ့ထိုးမလား
ရုပ်​ရှင်​ရိုက်​မလား
ဘီယာဆိုင်​သွားမလား
အ​ပြေး​လေ့ကျင့်​မလား
မိန်းမယူမလား
တရားကျင့်​မလား
အချစ်​ကဗျာ​တွေ ဖတ်​မလား
လူဖြစ်​ရတာ​ကောင်းပါတယ်
ယဉ်​​ကျေးပါ လိမ္မာပါးနပ်​ပါ
ရိုးသား​ဖြောင့်​မတ်​ပါ
လူဖြစ်​ရတာ​ကောင်းတယ်
လောကကြီးကို အရူံး​ပေးခဲ့ပါပြီဆိုပဲ
လူ​တစ်​​ယောက်​ရဲ့ ​နောက်​ဆုံးဝါကျကို ငါဖတ်​ခဲ့ရတယ်
ဒါ​ပေမယ့်​ လူဖြစ်​ရတာ​ကောင်းတယ်
လူဖြစ်​ရတာ​ကောင်းတယ်​လို့
ငါပိုသိလာတဲ့အချိန်​မှာ ငါဟာ တရားဓမ္မ​တွေနဲ့ ​ပျော်​​မွေ့​နေခဲ့ပြီ​လေ။
image
Photo by aungmyomindin
SMT-1 aungmyomindin

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

This post has received a 100 % upvote from @min2thant (S M T 33)

SMT37

SMT 32

SMT44

SMT 48

SMT 46

smt39

SMT 35

Smt 40

Smt26

S.M.T.38

Smt 30

Smt29

smt36

SMT-28

smt.34

SMT 45

Smt31

Smt 43