သေရွာပြန် ကိုခွေးသိုး (၂)
"ထင်းခုတ်သွားတာ နေဝင်တော့ ပြန်မလာတဲ့ ကိုခွေးသိုးကို မြေဝင်တောင်အရပ် လူအချို့နဲ့ ထင်းခုတ်ရာတောကို သွားရှာကြတော့ နဘူးချုံတစ်ခုအနီးမှာ လဲနေတာတွေ့ရတယ်။
ချက်ချင်းလဲနေတဲ့ ကိုခွေးသိုးကို ထမ်းပိုးပြီး ဆေးရုံတင်လိုက်ကြပါတယ်"
"ပိုးထိပြီး လဲနေတာလို့ ဘယ်လိုသိတာလဲ"
"သိတာပေါ့၊ ရပ်ရွာတိုင်း ပိုးထိတဲ့သူတွေ မကြာခဏ တွေ့နေကြတာပဲ မဟုတ်လား။
ကိုခွေးသိုး ဆေးရုံလည်းရောက်ရော သေလည်းသေရောလို့ သိကြရတယ်တဲ့"
"သူ့အလောင်း ဆေးရုံမှာလား၊ သူနေတဲ့ မြေဝင်တောင်ရပ်က အိမ်မှာပဲလား"
အပိုင်း (၃) ဆက်ရန်
ရေနံချောင်း ဦးခင်မောင်မြ (သတင်းထောက်) ရေးသားသည်။