နှလုံးသွင်းကောင်းဖို့ ကြိုးပမ်းစို့ အပိုင်း (၆)
"ဒီလိုဆက်ပြီး ငိုနေရင်တော့ လူနာ အသေဖြောင့်မှာမဟုတ်ဘူး၊
ငိုသံတွေကို ကြားနေရတာနဲ့တငိ သံယောဇဉ်တွေနဲ့ အယူလွဲသွားလိမ့်မယ်။
လူနာ အယူကောင်းအောင် ပရိတ်ရွတ်ပေး ၊ သူပြုဖူးတဲ့ ကောင်းမှုကုသိုလ်တွေ ပြောပေး"
ဟု ဆိုကာ ဦးကြီး ပြန်သွားလေသည်။
ထိုအချိန်မှစ၍ ဦးကြီးပြောသွားသည့်အတိုင်း ကျွန်တော်လည်း ပရိတ်ရွတ်ပေးခြင်း၊ သူပြုဖူးသော အမှတ်ရဖွယ် ကောင်းမှုတို့ကို ပြန်လည်ပြောပြခြင်း၊ သာယာသော ကြေးစည်သံတို့ဖြင့် တီး၍ပေးခြင်းများ ပြုလုပ်ပေးလေတော့သည်။
အပိုင်း (၇) ဆက်ရန်
မုံရွာ - ဝင်းထိန် ရေးသားသည်။