Photo;Credit
ဆေးအသုံးပြုရန်ရောဂါ
အရေပြားပိုးဝင်ခြင်း အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း လိင်အင်္ဂါပိုးဝင်ခြင်း ဂနိုပိုးကြောင့်မဟုတ်သော ဆီးပြွန်ရောင်ခြင်း အတော်အသင့် ပြင်းထန်သော တိုက်ဖွိုက်ရောဂါအတွက် အသုံးပြုသည်။ကလေးများအတွက် နှလုံးအတွင်းအမြှေးနှင့် နှလုံးအဆို့ရောင်ခြင်းကာကွယ်နိုင်သည်။မျက်ခမ်းစပ်ရောဂါအတွက်လည်း အသုံးပြုနိုင်သည်။
ဆေးအသုံးပြုပုံအညွှန်း
စားဆေး ၅၀၀ မီလီဂရမ်ကို တစ်နေ့လျှင် တစ်ကြိမ် သုံးရက်သောက်ရပါမည်။ခြောက်လထက်ကျော်လွန်သော ကလေးများကို အသက်အရွယ်လိုက် ချိန်မျှ၍ တစ်နေ့တစ်ကြိမ် သုံးရက် တိုက်ကျွေးနိုင်ပါသည်။လိင်အင်္ဂါပိုးဝင်ခြင်းနှင့် ဂနိုကြောင့်မဟုတ်သော ဆီးပြွန်ရောင်ခြင်းတို့အတွက် ၁၀၀၀ မီလီဂရမ် တစ်ကြိမ်သာ သောက်ရပါမည်။တိုက်ဖွိုက်ရောဂါအတွက် ၅၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် (၇) ရက်ထိ သောက်ရပါမည်။
ဘေးထွက်ဆိုကျိုးများ
ပျို့အန်ခြင်း ဝမ်းဗိုက်မအီမသာဖြစ်ခြင်း ဝမ်းလျှောခြင်း အဖုအပိမ့်ထွက်ခြင်းနှင့် အခြားဓာတ်မတည့်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ဆေးချိန်းများလျှင် အာရုံကြော ထိခိုက်နိုင်ပါသည်။အစားအသောက်ပျက်ခြင်း အစာမကြေခြင်း ဝမ်းချုပ်ခြင်း ခေါင်းမူးခြင်း ခေါင်းကိုက်ခြင်း အိပ်ငိုက်ခြင်းတို့ ဖြစ်တတ်ပါသည်။တခါတရံ အသည်းရောင်ခြင်း ကျောက်ကပ်ရောင်ခြင်းနှင့် အားလျော့ခြင်း ထုံကျဉ်ခြင်း တက်ခြင်း စသည်တို့ဖြစ်နိုင်ပါသည်။
သတိပြုရန်နှင် ရှောင်ကျဉ်ရန်
အသည်းမကောင်းသူ ကျောက်ကပ်မကောင်းသူ နို့တိုက်မိခင်များ နှလုံးခုန်မမှန်ခြင်းတို့တွင် သတိပြုရပါမည်။
အသည်း၏လုပ်ဆောင်ချက် ပုံမှန်မဟုတ်သူများ ရှောင်ကျဉ်ရပါမည်။
အားလုံးသိရှိနိုင်ရန် ဆေးပညာဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါသည်ခင်ဗျာ။
ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ခင်ဗျာ။
မြန်မာ steemit ချစ်သူအားလုံးအပေါင်းကို အစဉ်လေးစားလျှက်ပါ။
MSU
NO;017
good knowledge bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆေးပညာ ဗဟုသုတရပါတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit