မြန်​မာ့အလှူပွဲ

in esteem •  7 years ago 

image

မြန်မာလူမျိုးများသည်ပေးကမ်းစွန့်ကြဲလှူဒါန်းရာတွင်အလွန်ရက်ရောကြသူများဖြစ်ပါသည်။မိမိလုပ်အားခနှင့်ရရှိသည့်ငွေကျေးများကို တတ်နိုင်သမျှဝေင၍ လှူဒါန်းကြပါသည်။ ဝါဆိုသင်ကန်းကပ်ပွဲ တန်ဆောင်မုန်းလတွင် ကထိန်သင်ကန်းကပ်ပွဲ စသည်ဖြင့်ဗုဒ္ဓမြတိစွာဘုရားအားလှူဒါန်းပူဇော်ကြပါသည်။ မြန်မာတို့၏ ဓလေ့အရ သားယောက်က်ျားလေးဖွားမြင်သောမိဘတိုင်းသည် သားရှင်ပြုအလှူပွဲကိုကျင်းပပြုလုပ်ပေးကြပါသည်။
သမီးမိန်းကလေးများကိုနားသမင်္ဂလာပြုလုပ်ပေးကြပါသည်။ မြန်မာလူမျိုးတို့သည် တောင်သူလယ်သမားမိသားစုများဖြစ်ကြ၍ သီးနှံများ စိုက်ပျိုးရိတ်သိမ်းပြီး၍ သီးနှံများရောင်းချရသောငွေဖြင့်အလှူမင်္ဂလာပွဲများကိုပြုလုပ်ရပါသည်။ရှင်ပြုသည်ဆိုသည်မှာ ရွာဦးကျောင်းမှဆရာတော်ထံတွင်သားလေးကိုအပ်နှံကာ ကိုရင်သာမဏေဝတ်ပေးခြင်းဖြစ်ပါသည်။ မောင်ရှင်လောင်းသည်သာသနာ့ဘောင်တွင် ပျော်ရွှင်ပါက ပရိယတ္တိ ပတိပဋိစာပေးများကိုသင်ကြား၍ သာ့သနာ့တာဝန်ထမ်းဆောင်ကြပါသည်။ ဗုဒ္ဓသာသနာတိုးတက်ထွန်းကားလာရန်အတွက်ရှင်ပြုအလှူပွဲများများပြုလုပ်ခြင်းဖြစ်ပါသည်။
အလှူပွဲပြုလုပ်သောအခါ ရွာသူရွာသားများလဲဝိုင်းဝန်း၍ ကူညီဆောင်ရွက်ပေးကြပါသည်။မြန်မာလူမျိုးတို့၏ ကူညီရိုင်းပင်းတတ်သောချစ်စရာဓလေ့တစ်ခုဖြစ်ပါသည်
အလှူပွအကြိုနေ့တွင် ရှင်လောင်းလှည့်ပွဲပြုလုပ်ပါသည်။ အလှူဒကာကြီးကသပိတ်လွယ် အလှူအမကြီးသင်္ကန်းပန်းရွက်ရပါသည်။သားမောင်ရင်လောင်းအားမြင်းပေါ်တင်၍ အလှူလှည့်ပွဲပြုလုပ်အါသည်။ အိုးစည်ဒိုးပတ်ဝိုင်းများဖြင့်လဲပျော်ရွင်စွာတီးမှုတ်ကြပါသည်။ ရွာထဲရှိ မိန်းမပျိုလေးများကလဲ လှလှပပ ပြင်ဆင်ကာအလှူလှည့်လိုက်ကြပါသည်။အလှူလှည့်ပြီးသောအခါ အလှည့်လိုက်ပါသူများအားထမင်းဟင်းများဖြင့်ဧည့်ခံကျွေးမွေးပါသည်။ ညရောက်သောအခါ မနက်ဖြန်အလှူနေ့အတွက် ထမင်းဟင်းများချက်ပြုတ်ရန် ကူညီလုက်ကိုင်ကြရပါသည်။ အလှူပွဲတွင်ရပ်ဝေးရပ်နီးများဖိတ်ကြားထားသောဆွေမျိုးများလာရောက်ကြပါသည်။
ဧည့်ခံကျွေးမွေးပြီး နေ့လယ်ရောက်သောအခါ သားမောင်ရင်လောင်းအား ဆံချကာ ဆရာတော်ထံတွင် သင်္ကန်းစည်းပေးပါသည်။
သားမောင်ရင်လောင်းအားရှင်သာမဏေပြုပြီး ဆရာတော်မှ အလှူရေစက်ချတရားတော်ဟောကြား၍ ဝမ်းမြောက်စွာသာဓုခေါ်၍ အလှူပွဲအောင်မြင်သွာပြီးဆုံးစေပါသည်။ မြန်မာ့ရိုးရာအလှူပွဲ ဖြစ်ပါတော့သည်။
image

Photo;Credit

MSU

NO;17

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မိရိုးဖလာ ရိုးရာအမွေ သာသနအမွေပါ

ဟုတ်​ကိုသက်

GoodPost. Plz write More

ဟုတ်​bro

MSU 018

ဟုတ်

This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.

Good Luck
#msu

Nice bro

ဟုတ်​ဘဒို

အဝါ​လေးလန်း အပြာ​လေးလန်း(သချင်း​နော်​)😝

😜

ကောင်းဒေ

Msu 042