မြောက်​ဖျား နှင်း

in esteem •  6 years ago 

** ​မြောက်​ဖျား နှင်း **

အ​နွေးထည်​င်္ကျီထူထူအိတ်​ထဲ ထည့်​ထားခဲ့​သော လက်​အစုံကို ထုတ်​ယူလိုက်​ပြီး ​ရှေ့သို့ဆန့်​တန်းကာ လက်​ဝါး​တွေကို ​ကောင်းကင်​ဖက်​သို့ ဖြန့်​ထားလိုက်​မိသည်​။
နှင်းပွင့်​မှုန်​​လေး​တွေ ညင်းသွဲ့စွာ ခုန်​ဆင်းလာ​နေကြပြီး သူမလက်​​ပေါ်တွင်​ အချို့အဝက်​ နားခိုသွားကြ၏။ကောင်းကင်​သို့​မော့ကြည့်​ရင်း သူမ၏ နှုတ်​ခမ်း​လေး​တွေ တဖြည်းဖြည်း ချိုမြစွာ ပြုံးလာကြ​လေ၏။

" အားထွဲ့ ​ကျောင်းသွားရအုံးမယ်​​လေ အပြင်​မှာ ဘာလုပ်​​နေတာလဲ ​အေးက​အေးတာနဲ့ ၊ လာ အထဲဝင်​ "

အနူး၏ ​ခေါ်သံကြားရာ အိမ်​အတွင်းသို့ ​ခေါင်း​လေးကို ငဲ့ကြည့်​လိုက်​သည်​။မျက်​ဝန်း​လေး​တွေက ​ကျေနပ်​စွာ ပြုံး​နေကြဆဲ။ဝါးကြမ်း​တွေကို အပြားလိုက်​ ယှက်​ပြီး ရက်​ထား​သော အိမ်​န​ဘေးထရံမှတဆင့်​အိမ်​အတွင်းဖက်​ မီးလင်းဖိုမှ ဖြာထွက်​လာ​သော မီးအလင်း​ရောင်​​တွေ အားထွဲ့၏ မျက်​နှာ​လေးဆီသို့လာ​ရောက်​ ယှက်​ဖြာ​နေကြ​လေသည်​။

" မျက်​နှာသစ်​​တော့လို့ ​ပြော​နေတယ်​​နော်​ "

မနက်​ခင်း၏ ​ဝေလီ​ဝေလင်း နှင်းစက်​များ​ပျော်​မြူး​နေ​သော အိမ်​အပြင်​ဖက်​ ​ရေအိုး​ဘေးမှာ သူမ ထိုင်​​နေမိဆဲပင်​။ အနူးက စိတ်​မရှည်​နိုင်​စွာ သူမရှိရာသို့ ထလာပြီး မျက်​နှာသစ်​​ပေးဖို့ ပြင်​​လေလျှင်​ သူမ သွားကျိုး​လေး​တွေ ​ပေါ်သည်​အထိ အနူးကို ရယ်​ပြရင်​ အတင်းငြင်းဆန်​​လိုက်​မိသည်​။

" အား...အနူး​နော်​။ရေက တအား​အေးတယ်​။ရေ​နွေးနဲ့မှ သစ်​မယ်​။ရေ​နွေးနဲ့ စပ်​​ပေးပါ "

ညသိပ်​ရေ​​အ​ကြောင်း အားထွဲ့​ကောင်း​ကောင်းသိသည်​။သွား​တွေကျဉ်​​နေသည်​အထိ ​အေး​နေ​ပေလိမ့်​မည်​။ အနူးက ​ရေ​နွေးစပ်​​ပေးပြီး..

" ​တော်​​တော်​ စကားများတဲ့ က​လေး။ ဟိုမှာ နင့်​အကို​တောင်​ ​ခေါပုတ်​ကင်​စား​နေပြီ"

ဆောင်းမနက်​ခင်း၏ စီစီညံညံ နှုတ်​ဆက်​သံ​လေး​တွေသည်​ ခိုးခိုးခစ်​ခစ်​ဖြင့်​။

" အားထွဲ့ မညစ်​ပတ်​နဲ့။ဒါ ငါ့​နေရာ.."

" မ​နော်​က အကြီး​လေ"

မ​နော်​ အားထွဲ့ကို မျက်​​စောင်းရေး​ရေးပါ​သော မျက်​ဝန်းတို့ဖြင့်​ လှမ်းကြည့်​၏။အားထွဲ့က သူမ သွားကျိုး​လေး​ပေါ်​အောင်​ ရယ်​ပြရင်း မီးဖို​​ဘေး ပိုပြီး ကပ်​​အောင်​ ထိုင်​လိုက်​သည်​။ပြီး​တော့ မ​နော်​၏ ညိုပြီးတင်း​နေ​သော ​ခေါပုတ်​​ဖောင်း​ဖောင်းကြီးကို အားထွဲ့စိတ်​ယားလှပြီ။ မ​နော်​က​တော့ ​ခေါပုတ်​ကို စိတ်​ရှည်​လက်​ရှည်​ဖြင့်​ ကင်​လိမ့်​မယ်​။ အတွင်းက အသား​ပျော့​ပျော့​တွေ ကုန်​သည်​အထိ ​ခေါပုတ်​ကို နှစ်​ခါ သုံးခါ​လောက်​ ညစ်​ခွဲပြီး ကင်​​နေ​ပေလိမ့်​မည်​ ဖြစ်​သည်​။ မ​နော်​ဆီက ရပြီဟု အသံကြားရသည်​နှင့်​ သူ့​ခေါပုတ်​ကို တံစို့အဖျားက​နေ ချွတ်​လိုက်​လိမ့်​မည်​။ပြီးလျှင်​ တဂျွတ်​ဂျွတ်​မြည်​​အောင်​ ဝါး​ပေလိမ့်​မည်​။

အားထွဲ့က​တော့ မ​နော်​လို မကင်​တတ်​ပါ။
အားထွဲ့ကင်​လို​​က်​သော ​ခေါပုတ်​သည်​ မီးတူးက တစ်​ဖဲ့ပါလိမ့်​မည်​။ပြာအလူးလူးဖြင့်​က တစ်​ခြမ်း ဖြစ်​​နေလိမ့်​မည်​။ဒီကြားထဲ မီးခိုးနံ့​တွေက သင်း​နေ​ပေလိမ့်​မည်​။
အားထွဲ့ ​ခေါပုတ်​အ​ကောင်းစားရသည့်​ အချိန်​များမှာ အ​တေ ကင်​​ပေး​သောအချိန်​ သို့မဟုတ်​ အနူးကင်​​ပေး​သောအချိန်​ သို့တည်းမဟုတ်​ မ​နော်​ဆီမှ လုစားရ​သော အချိန်​တို့တွင်​သာ ဖြစ်​​လေသည်​။

အခုလည်း မ​နော်​ကင်​​နေ​သော ဖက်​ခြမ်းတွင်​ မီးခဲတို့ ရဲကျ​နေပြီ ဖြစ်​ရာ အားထွဲ့ အကျင့်​ယုတ်​​တော့သည်​။ သူမ၏​ခေါပုတ်​ကို ဝါးတံစို့ဖြင့်​ ထိုးလိုက်​ပြီး မ​နော်​ကင်​​နေ​သော ​ခေါပုတ်​အ​ရှေ့က သူမ၏ ​ခေါပုတ်​ကို ထည့်​လိုက်​ခြင်း ဖြစ်​သည်​။အားထွဲ့၏ ညစ်​ပတ်​မှုကို မ​နော်​ အနူးဆီ တိုင်​မ​နေအား​တော့။ အနူးက သူ့ကိုပဲ အ​လျော့​ပေးခိုင်းမှာ သိ​နေလို့လည်း ဖြစ်​သည်​။

" ရပြီ "

မ​နော်​ဆီက အသံနဲ့ အတူ အားထွဲ့မျက်​ဝန်း​တွေ မ​နော်​၏ ​ခေါပုတ်​ဆီသို့ လိုက်​ပါသွား​လေသည်​။

" ငါ့လည်း ​ကျွေးပါ မ​နော်​ "
" နင့်​ဘာသာ ဖုတ်​စားပါလား၊ငါလည်းငါ့ဘာသာ ဖုတ်​တာပဲ "

ခေါပုတ်​ကင်​ခြင်းကို မ​နော် တ​စ်​​ယောက်​သူပြောတတ်​သလို​ပြောလိုက်​ခြင်းဖြစ်​သည်​။
အားထွဲ့မျက်​နှာ ​ကောက်​ချိတ်​သွား၏။ မ​နော်​ကလည်း ပူ​နေသည်​ ​ခေါ်ပုတ်​ကို မစားနိုင်​​သေး။ မီးဖို​ဘေးတွင်​ စာကျက်​ဖို့ ယူထားသည့်​ သူ့စာအုပ်​​ပေါ်တွင်​ ​ခေါပုတ်​ကင်​ကို တင်​ထားပြီး ​နောက်​​ကျောက လွယ်​အိတ်​ထဲတွင်​ ဘာကို ​ရှာ​နေသည်​မသိ။
အားထွဲ့တို့ ဂွင်​...
သူမ လက်​ထဲမှ ​ခေါပုတ်​တံစို့ကြီးကို ဘယ်​လက်​သို့ ​ပြောင်းကိုင်​လိုက်​သည်​။ ပြီး​တော့ ညာဖက်​လက်​​လေးကို တစ်​စတစ်​စ ​ရှေ့တိုးလိုက်​သည်​။

" အား ထွဲ့...​ခွေး....ငါ့ ​ခေါပုတ်​ လုစားပြန်​ပြီ "

မ​နော်​ ​ပြေးမလိုက်​နိုင်​အား။သူက မီးဖို ​ဘေးမှာ ​အိတ်​ခွံခင်းလျှက်​ တင်​ပလ္လင်​​ခွေကာ အကျအန ထိုင်​​နေသူ။ အားထွဲ့က ထိုင်​ခုံအနိမ့်​​လေးဖြင့်​ လာထိုင်​သူ ။
သူ့ဆီမှ ​ခေါပုတ်​ကို အားထွဲ့ လု​ပြေးသွား​တော့ မ​နော်​ ​အော်​ရုံမှ တပါးြ​ဗုန်းခနဲ ​ပြေးလိုက်​ဖို့ မတတ်​နိုင်​။သူထပြီးချိန်​တွင်​ အားထွဲ့ ဘယ်​သို့​ပျောက်​သွားပြီမသိ။သူလိုက်​လို့မီချိန်​တွင်​လည်း သူ့​ခေါပုတ်​ တစ်​ဝက်​ကျိုး​နေ​တော့မည့်​ အဖြစ်​ကို ​တွေးမိလို့လည်း ဖြစ်​နိုင်​သည်​။
ထရပ်​လိုက်​ခြင်းမှ ပြန်​ထိုင်​ကာ မီးဖိုပြာပုံထဲတွင်​ အားထွဲ့ပစ်​ချထားခဲ့​သော ​ခေါပုတ်​ကို ​ကောက်​ကိုင်​လိုက်​ရ​တော့သည်​။

" ​ခွေးစုတ်​မ​လေး ...."

မ​နော်​ ​ခေါပုတ်​ မကျက်​​သေးခင်​မှာပင်​ မီးဖိုခန်းထဲမှ အနူး၏ ​အော်​သံကိုလည်း ကြားရ​လေသည်​။

" အားထွဲ့ ဘာလာရှုပ်​ပြန်​တာလဲ။သွား သွား နင့်​အ​​တေ မြစ်​ကြီးနားက​နေ ဒီ​နေ့ပြန်​လာမှာ။နင်​ မီးဖိုထဲ ဝင်​ရင်​ အသားဟင်း​တွေ ​လျော့​လျော့သွားတယ်​။သွား ခဏ​နေ ငါ ​ခေါ်မယ်​။ "

အနူးလစ်​ရင်​လစ်​သလို ဟင်းနှိုက်​စားတတ်​​သော အားထွဲ့ ​ခေါင်းကုတ်​ပြီး မီးဖိုထဲမှ ထွက်​လာ​၏။ အားထွဲ့ကို မ​နော်​ မျက်​​စောင်​ထိုး​လေသည်​။အားထွဲ့၏ ​ရှေ့သွားအကျိုးတို့သည်​ အမြင်​ကပ်​စဖွယ်​​ကောင်းလှစွာ မ​နော်​ မျက်​စိထဲ မြင်​​နေရ​လေသည်​။

ကျောင်းတက်​​ချိန်​ နီး​နေပြီ။အ​ရှေ့က စက်​ဘီး နင်း​နေရသည့်​ မ​နော်​ ချမ်းကလည်းချမ်း ​မောလည်း ​မောလှပြီ။ ​စက်​ဘီး​နောက်​ခုံ ကယ်​ရီ​ပေါ်တွင်​ မတ်​တပ်​ရပ်​ပြီး စီးလာ​သော အားထွဲ့က​တော့ မ​နော်​ ပခုံးကို ကိုင်​ကာ မျက်​နှာကို ပင့်​​မော့ထားဆဲ...။

" မြန်​မြန်​နင်းပါ မ​နော်​...နှင်းကုန်​သွားရင်​ ငါ့​ခေါင်းမှာ နှင်း​တွေ မရှိ​တော့ပဲ ဖြစ်​ကုန်​မှာ.."
" ​မောရတဲ့အထဲ တိတ်​တိတ်​​နေစမ်း "

အားထွဲ့က​တော့ ဂရုမစိုက်​။လက်​သီးဆုပ်​​လောက်​ အချို့ဒူး​လောက်​​လောက်​နီးပါးရှိသည့်​ ​ကျောက်​ခဲတုံး​​တွေကြားထဲမှ မညီမညာ ​မြေသားလမ်းတွင်​ ကြိုးစားပစ်းစား စက်​ဘီး နင်း​နေ​သော မ​နော်​က​တော့ ​ကျောင်း​ရောက်​ဖို့ သာ အာရုံရှိ​နေသည်​။
စက်​ဘီး​နောက်​တွင်​ မတ်​တပ်​ရပ်​ပြီး ပြုတ်​မကျ​အောင်​ လိုက်​စီးနိုင်​​သော အားထွဲ့က​တော့ သူမ မျက်​​တောင်​​တွေနှင့်​ ဆံပင်​​တွေမှာ နှင်းစက်​​တွေ သီခိုဖို့ ဆန္ဒရှိ​နေ​လေသည်​။

" ကလင်​...ကလင်​...ကလင်​...."
ကျောင်းတက်​​ခေါင်း​လောင်းထိုးသံ ကြားလိုက်​ရပြီ။မ​နော်​စက်​ဘီးကို အမြန်​နင်းပစ်​လိုက်​၏။
အားထွဲ့က ကျွမ်းကျင်​စွာပင်​ မတ်​တပ်​အ​နေအထားမှ စက်​ဘီးကယ်​ရီ​ပေါ် ​ကားလျားခွ ထိုင်​​နေပြီးသား ဖြစ်​နှင့်​​နေ​လေပြီ။ ​ကျောင်းတက်​​ခေါင်း​လောင်းထိုးသံကြားလိုက်​သည်​နှင့်​ ​ကျောင်းနှင့်​နီးလာသည်​နှင့်​ အားထွဲ့တစ်​​ယောက်​ အိ​နြေ္ဒရှင်​ကြီး ဖြစ်​သွားခြင်းဖြစ်​​လေ၏။
မျက်​​တောင်​ကို ပုတ်​ခတ်​လိုက်​မိစဉ်​ မျက်​​တောင်​ထက်​တွင်​ တင်​​နေ​သော နှင်းရည်​ဥေ​လး​တွေ ပျက်​စီးသွား​လေသည်​။လမ်းတ​လျှောက်​လုံးချွတ်​လာခဲ့​သော ဦးထုပ်​ကို ​ဆောင်းလိုက်​​တော့ ဆံပင်​ထက်​မှ နှင်းရည်​ဥ​လေး​တွေလည်း ပျက်​စီးသွားကုန်​​တော့သည်​..။

အ​ရှေ့ဖက်​မှ ​ရောင်​နီ​လေးပျို့လာခဲ့ပြီ..သို့​သော်​ မကြာခင်​ နှင်း​တွေ သိပ်​ခဲ​နေ​အောင်​ ထပ်​ကျလာပါလိမ့်​မည်​။
နှင်းမှုန်​​လေးများကြားမှ စာသင်​​ကျောင်း​လေးမှ က​လေးငယ်​တို့၏ အသံ​လေးများ စီရစီ ထွက်​​ပေါ်လာ​နေ​လေသည်​..။
နှင်းစက်​မှုန်​များကြား စာသင်​​ကျောင်း​လေးက လတ်​ဆတ်​​နေဆဲ...။

( THE END )
I'm ATM.
Msu 021
Photo crd. ပန်​ဝါမြို့
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations, your post had been chosen by curators of eSteem Encouragement program. Feel free to join and reach us via Discord channel if you have any questions or would like to contribute.

Also,

DON'T FORGET TO CREATE YOUR OWN @REVIEWME PROFILE TO START EARNING CREDIBILITY STARS FROM THE COMMUNITY!

CREATING YOUR PROFILE IS EASY! JUST FOLLOW THE STEPS HERE ☜(ˆ▿ˆc)

You can trade your earned credstars for SBD!


eSteem Curators

Very Interesting. Bravo!!

ကျေးဇူးပါ အစ်​မ

very good

Thank a lot.

ရေးထားတာကောင်းတယ် sis. @kaliju က လာပြီး ရွေးသွားတယ်ဆိုတော့ ရှေ့ရေးကောင်းနေပါပြီ။ အောက်ကလင့်ခ်ကို သုံးပြီးreviewme profile လုပ်ကြည့်ပါ sis.

https://goo.gl/forms/oMO0aNjwzZuSekYg2

ဟုတ်​ကဲ့ ​ကျေးဇူးပါ

စာရေးပုံရေးနည်းလေးကချစ်စရာလေး အတုယူစရာပါ

ဟုတ်​ကဲ့ ​ကျေးဇူးပါ

Congratulations @ayethatmon! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the total payout received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemitBoard - Witness Update
SteemFest³ - SteemitBoard support the Travel Reimbursement Fund.

Support SteemitBoard's project! Vote for its witness and get one more award!

ဟားးး ဖတ်လို့ကောင်းနေတုန်း ပြီးသွားတယ် မကျေနပ်ဘူးဗျာ adminနဲ့ တိုင်ပြောပစ်မယ် ဒါဗြဲ

ဟား...ဖြစ်​ရ​လေ

အေးချမ်​ပြိးအနားယူလို့ ​ကောင်းမယ့်​ပုံပဲ

ရေချိုးစရာမလိုဘူးလို့ ​ပြောတာပဲ..😁😁

very very good

ကျေးဇူးပါ