" အဆီအဆိမ့်နဲ့ ခပ်ကျဲကျဲ ရိုးတံ "
လိုအပ်တာထက် ပိုပြီး သေဆုံးပစ်လိုက်ဖို့ကောင်းလောက်အောင် လက်တံရှည်မှာ လက်သည်းချွန်တွေပါတဲ့ သတ္တဝါတွေကြားထဲမှာ ပုရွက်ဆိတ်လေး တစ်ကောင် ဖြစ်နေရတာကပဲ စိတ်ချမ်းသာပါတယ်လေ...
ခပ်ကျက်ကျက် ညက်နေပြီးသား မာယာပြုကျမ်းထူကြီးတွေကို ရေးသားသီကုံးထားကြတဲ့ လက်တော်တို့ဆီကို မရောက်တတ်တော့တဲ့ သူငယ်တန်းဖတ်စာမှာ လျှာလိပ်နေရတာကပဲ အေးချမ်းပါတယ်လေ...
မျက်ဝန်းကျယ်ကျယ် စကားလုံးဖွေးဖွေးတွေနဲ့ ကြဲပက်နေကြတဲ့ လက်စုတ်ဖွားတွေဆီကနေ ကပ်စီးတဲ့ လျှာဖျားတွေဆီကရဲ့ ရွံရှာဖွယ် သက်ရှိဖြစ်ရတာ ကောင်းသလား မကောင်းသလား မသိ...
ခြေလက်မရှိ မျက်စိတွေကိုပါ သိုဝှက်လို့ ကိုယ့်ဝပ်ကျင်းအတွင်းမှာပဲ...လုံခြုံနေတဲ့ လှိုဏ်သံကျယ်မှုမျိုးနဲ့ပဲ
တောင်ပံတွေ ပြန်မပေါက်ချင်တော့....
အဖြူရောင်မာယာတွေရဲ့ မှော်မျက်ဝန်းတွေနောက်မှာ ပြကွက်တွေ ဆန်းနေကြပြီလား...
ငါ့ကိုယ်ငါ ကန်းနေရတာက လှည့်စားမှုမရှိတော့ဘူး....
လက်ကြားယိုရင်း သွားရည်တမြှားမြှားနဲ့ ဆာလောင်နေတတ်ကြသူတွေရဲ့ နှလုံးသားတွေက ပတ်ကြားအက်နေကြပြီ....
ဦးနှောက်တွေလည်း မှိုပေါက်နေကြပြီ...
အဲ့ဒီအရာတွေနဲ့ ဆန့်ကျင်လို့ ငါက အရူးမို့ ဘေးထွက်ရပ် ကျောခိုင်းပြီး မျက်စိမှိတ် နားပိတ်လို့ ပြုံးပစ်လိုက်တယ်.....
ငါ့ကမ္ဘာငယ်နဲ့ငါ...
ငါ့လောကနဲ့ငါ......
ရောဂါကူးဆေး လှလှလေးတွေရဲ့ ဆွဲဆောင်မှုနောက်မှာ လုယက်ဖို့ အားမရှိတဲ့တဲ့ ငါက ကံဆိုးတာလည်း ဖြစ်နိုင်တယ်....
ငါ့ကိုယ်ငါဆီက အချို့အရာတွေကို ဖြတ်ညှပ် ဆက်တပ်ဆင်ပြီး လောကထဲ တိုးဝင်ရတာ ငါ့ကိုယ်ငါတောင် အတုအယောင်တွေများ သထက်များ...
ဒါပေမယ့် အဲ့ဒီအရာတွေနဲ့ နေသားကျတတ်နေခဲ့ပြီ...ငါ ချစ်တယ်...ငါကြိုက်တယ်....
ရှင်းရှင်းလေး ပြောရရင်
ငါ......
မိုက်မဲလွန်းနေတယ်....
အဲ့ဒီ မိုက်မဲမှုကိုပဲ....
ငါ
ပျော်ဝင်....နှစ်သက်......။ ။
I'm ATM.
MSU 021
Photo crd