Poem

in esteem •  6 years ago 

*** ဆု​ပေး ဆုခံ ***
..............................

နှစ်​တိုတို​လေး​တွေက
ခဏ​လေးနဲ့ ​ဟောင်း​ကုန်​ကြတယ်

အချိန်​​တွေ အကြာကြီး
စာမြုံ့ပြန်​​နေဖို့​တော့
လုံ​လောက်​တယ်

အ​ဝေးက ​ဆွေး​မြေ့မှု​တွေကို
ကြေကွဲစွာနဲ့ ငါကြည့်​တယ်

တစ်​ခါတစ်​​လေ
ဝမ်းသာစက်​လက်​ မျက်​ရည်​စက်​​တွေ
သွန်​ချရတာ
ဘယ်​လို အရသာမျိုးမှန်း ငါမသိ...

ဘဝမှာ ဘယ်​လိုအရသာ​တွေကို
တပ်​မက်​ရမှန်း မသိ​တော့လို့

အချစ်​အမုန်း အကင်းဆုံးအရပ်​ကို
ဦးတည်​ ဆု​တောင်းလိုက်​တယ်

နှလုံးသားကို အရင်​ဆုံး
ဗလာကျင်းပစ်​ရမယ်​တဲ့

ခံယူချက်​ တစ်​ဖျစ်​​လောက်​နဲ့
မောက်​လိုက်​ရတဲ့ ဂုဏ်
ကိုယ့်​ကိုယ်​ကိုလည်း ​မော
ဘဝထဲမှာလည်း ​မျှော လို့

နောက်​​တော့
ဘယ်​ဆု​တောင်းမှလည်း
မပြည့်​ခဲ့ပါဘူး....

ကိုယ့်​ဖက်​က
လက်​ကမ်းရမှာကို
ရှက်​စရာလို့ မြင်​​နေတတ်​ခဲ့စဉ်
တ​လျှောက်​လုံး​ပေါ့​လေ....

I'm ATM.
Photo crd. image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

@ayethatmon, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq