သိဖို့

in esteem •  6 years ago 

လူဘဝထဲမှာ ​နေပြီး လူဖြစ်​ရှုံးဖို့ အားမ​ပေးချင်​ဘူး။ဒါဟာ အိမ်​​ထောင်​ပြုခြင်းကို ဆိုလိုတာ မဟုတ်​ဘူး။
အချို့အ​ကြောင်းအရာ​တွေက ဆရာကြီးလုပ်​တယ်​လို့ အထင်​ခံရတတ်​တယ်​။ မင်းဘယ်​​လောက်​သိလို့လဲ ။ မင်းထက်​ ငါပိုသိတယ်​ ဆိုတဲ့ လူ့ပါဝါ လူ့အာဏာ ပြချင်​တတ်​သူ​တွေနဲ့လည်း ကြုံရဖူးတယ်​။

ဘယ်​အချိန်​ ​သေရမယ်​မှန်း မသိနိုင်​တဲ့ ဘဝထဲမှာ အခု​ခေတ်​ဆို လွင့်​​မျှောစရာ အာရုံ​တွေက အများသားနဲ့ ငါတို့ ​မေ့​လျော့ထားတဲ့ တမင်​​မေ့ထားတာလည်း ဖြစ်​နိုင်​တဲ့ လက်​ရှိအ​ခြေအ​နေ​တွေက​နေ ဘယ်​လို ရုန်းထွက်​မှာလဲ။
ဘယ်​လို ​ဖြေရှင်းမှာလဲ။

လူဖြစ်​ရခြင်းရဲ့ ရည်​ရွယ်​ချက်​က
-​လောကအကျိုး သယ်​ပိုး​ဆောင်​ရွက်​ဖို့

  • ​ဆွေမျိုးသားချင်း​တွေရဲ့ အကျိုး သယ်​ပိုး​ဆောင်​ရွက်​ဖို့
  • မိမိကိုယ်​ မိမိတည်​​ဆောက်​ဖို့
    တဲ့..။

လူတစ်​​ယောက်​အတွက်​ ပြီးပြည့်​စုံတဲ့ အ​ခြေအ​နေဆိုတာ မရှိလို့ အချို့အရာ​တွေကို ခွင့်​လွှတ်​လို့ရနိုင်​​ပေမယ့်​ အချို့အရာ​တွေက​တော့ ဆာ​လောင်​​နေလို့သာ စားလိုက်​ရ အရသာက သိပ်​ဆိုး​နေတတ်​တယ်​​လေ။

အလုပ်​များများ လုပ်​တဲ့သူ အမှားများများ​တွေ့တတ်​တယ်​တဲ့။ ​ကောင်းတာ လုပ်​ဖို့ တာစူရင်း မှားတဲ့ အမှားမျိုးက ဘယ်​​လောက်​ပဲ လက်​သင့်​ခံနိုင်​တယ်​ ဆိုပါ​စေအုံး ​အောင့်​သက်​သက်​​တော့ ဖြစ်​တတ်​တာပဲ​လေ..။

ဘဝတစ်​ခုလုံးအတွက်​ အစီအစဉ်​ချပြီး သ ​နေရမယ်​လို့ မဆိုလိုဘူး။ ဘဝက အချိန်​မ​ရွေး ဖြစ်​ပျက်​​ပြောင်းလဲ​နေတဲ့ ​လောကဓံတစ်​ခုလို့ လက်​ခံထားပြီးသား​။ ကိုယ်​ရှိ​နေတဲ့ ပစ္စုပ္ပန်​ထဲမှာ ပတ်​ဝန်းကျင်​ဆိုတာကို တစ်​ချက်​​လေး ဂရုစိုက်​ပြီး စာနာတတ်​ရင်​တောင်​ အ​တော်​​လေး ​လေးစားဖို့ ​ကောင်း​နေပြီ..။

လူအချို့က ကြည့်​မှန်​ရဲ့ ​နောက်​​ကျောဖက်​ကို မကြည့်​တတ်​ကြ​တော့ဘူး။ကိုယ့်​မျက်​နှာ ကိုယ်​ကြည့်​ပြီး ကိုယ့်​ဘာသာ ​သောက်​​ချောကြီးလို့ပဲ မြင်​​နေတတ်​ကြတာ။
အပြစ်​​တော့ မ​ပြောလိုပါဘူး​လေ။ အဲ့လိုလူထဲ ကိုယ်​မပါဖို့ သင်​ခန်းစာယူရတာ​ပေါ့။

ကိုယ့်​အတွက်​​တော့ လက်​ရှိအချိန်​​တွေတိုင်း ပတ်​ဝန်းကျင်​ကို အကျိုးမပြုနိုင်​​သေးရင်​​တောင်​ အ​နှောင့်​အယှက်​မ​ပေးဖို့​တော့ အများကြီး ကြိုးစား​နေမိမှာတာပါပဲ။ ဒါ​ပေမယ့်​ အချိန်​ပြည့်​မကြိုးစားနိုင်​​သေးတာ​တော့ ညံ့တယ်​လို့ပဲ ဆိုရမှာ​ပေါ့။

လူတစ်​​ယောက်​ကို အခြားလူ​တွေ ​လေးစားလာ​စေဖို့ အများကြီး လုပ်​ဖို့ မလိုဘူး။
ကိုယ်​ချင်းစာတရား ပြည့်​ဝပြီး လူသားဆန်​တဲ့ စိတ်​နဲ့ လူပီသဖို့ပဲ လိုတယ်​တဲ့။ အ​တော်​လှပတဲ့ စကား​လေး။
ဒါ​ပေမယ့်​ ကိုယ်​ လူပီသဖို့​တောင်​ အများကြီး ကြိုးစားရအုံးမှာ..
ကိုယ့်​ပတ်​ဝန်းကျင်​မှာ ကိုယ့်​ထက်​ ပိုဆိုးတဲ့ လူ​တွေကို ​တွေ့​နေရတာ​တော့ စိတ်​ထဲ မ​ကောင်းဘူး။

ဒါ​တွေကို ​ပြောလို့ မင်းဘယ်​​လောက်​သိလို့လဲလို့ လာ​ပြောရင်​ ကျွန်​မ ဘာမှ မသိဘူးလို့ပဲ ​ဖြေမိမှာပါ။ ဒါ​ပေမယ့်​ ကိုယ့်​ထက်​ ပိုပြီး မသိနိုးနားရှိလှတဲ့ လူ​တွေအတွက်​​တော့ စုတ်​သတ်​ညည်းညူ​နေဖြစ်​မယ်​အုံးမယ်​...။

စိတ်​ပျက်​စရာ ​ကောင်းလွန်းလို့..။
ဒါကို ငါသိငါတတ်​ဆိုတဲ့ စိတ်​နဲ့ ​ရေးတာ မဟုတ်​ဘူး။ သတိ​လေး ဘာ​လေး ရှိကြဖို့ ​​ပြောပြတာ...
အခု​ခေတ်​က သတိ​တွေ လွတ်​​နေတတ်​ကြလို့..
ကိုယ်​​တွေလည်း သတိရတုန်း​လေး ​ပြောပြကြည့်​တာ.

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!