ရုပ်ရှင် အကြိုခံစားခြင်း - MANHOLE

in esteem •  7 years ago  (edited)

ဒီနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာ ပရိသတ်တွေအတွက် တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲသစ်အကြောင်း ဖော်ပြ လိုက်ပါတယ်။

KBS2 ရုပ်သံလိုင်းကနေ သြဂုတ် ၉ ရက်ကစလို့ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ည ၁၀ နာရီမှာ ထုတ်လွှင့် ပြသနေတာဖြစ်ပြီး အပိုင်း ၁၆ ပိုင်းရှုစားရမှာဖြစ်ပါတယ်။

ဘုံပီးဟာ အစိုးရအမှုထမ်းဖြစ်ဖို့အတွက် စာမေးပွဲကို သုံးနှစ်လောက်အချိန်ယူပြင်ဆင်နေပေမယ့်လည်းစာမေးပွဲအပေါ် စိတ်အားထက်သန်မှုတော့ မရှိလှပါဘူး။ ဘုံပီးမှာ ငယ်ငယ်ကတည်းက ချစ်ခင်ရတဲ့ ဆိုဂျင်းဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိပြီး ဆိုဂျင်းအတွက်ဆိုရင်ဘာကိစ္စ၊ ဘာပြဿနာပဲရှိရှိ ဘုံပီးက အမြဲတမ်း ရှေ့ကရပ်တည်ပြီး ဖြေရှင်းပေးလေ့ရှိပါတယ်။

တစ်ရက်မှာတော့ ဘုံပီးအသည်းကွဲမယ့်ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ဆိုဂျင်းကို သူ့ချစ်သူနဲ့အတူ တွေ့လိုက်ရလို့ပါပဲ။ နောက်ပြီး ဆိုဂျင်းက သူ့ချစ်သူနဲ့ မကြာခင်မှာ လက်ထပ်ဖို့လည်း စီစဉ်ထားပါတယ်။

ဆိုဂျင်းကိုဘုံပီးက ငယ်ငယ်ကတည်းက ကျိတ်ပြီးချစ်နေခဲ့တာ ၂၈ နှစ်ကြာခဲ့ပြီဖြစ်တာမို့ အခုလို သတင်းမျိုး က ဘုံပီးအတွက်တော့ ရင်နဲ့အမျှ နာကျင်ရတဲ့သတင်း ဆိုးပါပဲ။

တစ်ရက်မှာတော့ ဘုံပီးတစ်ယောက် သွားရင်းလာရင်းမြေ အောက်ရေဆိုးထုတ်မြောင်းကို ဆင်းတဲ့အပေါက် ထဲကို မတော်တဆပြုတ်ကျသွားခဲ့ပါတယ်။ အဲဒီလို ပြုတ်ကျသွားပြီးနောက်မှာတော့ ဘုံပီးရဲ့ဘ၀မှာ အပြောင်းအလဲတွေအများကြီးနဲ့ ကြုံခဲ့ရပါတယ်။ နောက်ပြီးလက်ထပ်ဖို့ ပြင်ဆင်နေတဲ့ ဆိုဂျင်းကိုလည်း လက်မထပ် ဖြစ်အောင်လို့ ကြိုးပမ်းခဲ့ပါတယ်။

မြေအောက်ဆင်းတဲ့ အပေါက်ထဲ ကျသွားတဲ့ ဘုံပီးတစ်ယောက် ဘယ်လိုအပြောင်း အလဲတွေဖြစ်သွားမှာလဲ၊ ဆိုဂျင်း လက်မထပ်ဖြစ်ဖို့အတွက် ဘုံပီး ဘာတွေလုပ်မှာလဲဆိုတာ ပျော်စရာ၊ ရယ်စရာ၊ ကြည်နူးစရာ၊ ၀မ်းနည်းစရာ ရသစုံနဲ့အတူ ကြည့်ရ အောင်လို့ ဖော်ပြလိုက်ပါတယ်။

ဘုံပီးအဖြစ် ကင်ဂျယ်ဂျူံ၊ ကန်ဆိုဂျင်းအဖြစ် ယူအီတို့က အဓိကသရုပ်ဆောင်တွေအဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။

Credit:http://7daydaily.com/story/105084

MSO-31

manhole-feel-so-good-korean-2017-2.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!