ဒီကနေ့ ကဏ္ဍလေးမှာတော့ ပရိသတ်တွေ ရယ်ရယ်မောမော လေးကြည့်ရမယ့် စိတ်ကူးယဉ် ဟာသဇာတ်ကားလေး ဖော်ပြ လိုက်ပါတယ်။
ရှောင်ပေ့ဟာ စာရေးဆရာ ကောင်းတစ်ယောက်ဖြစ်ချင်နေ တဲ့ တက်သစ်စလူငယ် စာရေး ဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ပရမ်းပတာအနေအထားကြောင့် စိတ်ကူးအိပ်မက်နဲ့ ဝေးနေခဲ့ရပါ တယ်။
တစ်ရက်မှာတော့ သူ့ရဲ့ ဘိုးဘွားဘီဘင်အစဉ်အဆက်က မှတ်တမ်းစာအုပ်ကို မမျှော်လင့် ဘဲ တွေ့ရှိခဲ့ပြီး မှတ်တမ်းကိုဖတ် ရင်း သူ့ဘိုးဘွားတွေ ရှင်သန်နေ ထိုင်ခဲ့တဲ့ ချင်မင်းဆက်၊ မင်မင်း ဆက်အုပ်ချုပ်ရာကာလတွေဆီ ကို ထူးဆန်းစွာနဲ့ ရောက်ရှိခဲ့ပါ တယ်။
ခေတ်လူငယ်ရှောင်ပေ့တစ် ယောက် ရှေးခေတ်ကိုရောက်သွား တဲ့အခါမှာတော့ ဆုံတွေ့ဖို့ ဘယ် လိုမှ မဖြစ်နိုင်တော့တဲ့ သူ့ဆွေမျိုး တွေ အကုန်လုံးနဲ့ဆုံပြီး အလွဲတွေ လည်း တန်းစီပြီး ကြုံပါတော့ တယ်။ နောက်တော့ ရှေးခေတ် မှာပဲနေထိုင်ရင်း ရှောင်ပေ့ကိုယ် တိုင် သူ့ဘိုးဘေးတွေနဲ့အတူ ပြည် သူတွေ ဘေးကင်းလုံခြုံရေးကိစ္စ တွေပါ ဝင်ရောက်လုပ်ဆောင်ခဲ့ ပါတယ်။
ရှောင်ပေ့ရဲ့ ထူးဆန်းတဲ့ ခရီးစဉ်ကနေ ချစ်ခြင်းမေတ္တာ၊ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု၊ တာဝန် ယူမှုတွေ၊ ဘဝအတွေ့အကြုံတွေ တစ်ပုံကြီးရခဲ့အပြီးမှာတော့ ကိုယ် တွေ့တွေကို စာအုပ်အဖြစ် ထုတ် ဝေခဲ့ပါတယ်။
သူ့အမေနဲ့ ဘိုးဘေးအစဉ်အ ဆက်ကို ကိုယ်စားပြုထုတ်ဝေခဲ့တဲ့ ရှောင်ပေ့ရဲ့ စာအုပ်ဟာ နာမည် ကျော်သွားပြီး သူဖြစ်ချင်ခဲ့တဲ့ စိတ်ကူးအိပ်မက်လေး အကောင်အ ထည်ဖော်နိုင်ခဲ့ပါတယ်။
ရှေးခေတ်ကာလရောက် ရှောင်ပေ့ရဲ့ စွန့်စားခန်းတွေက ဘာတွေဖြစ်မလဲ။ ၁၉ ဆက် မြောက် မျိုးဆက်သစ် ရှောင်ပေ့ တစ်ယောက် ဘိုးဘေးတွေနဲ့ တွေ့ ဆုံချိန်မှာ ဘယ်လိုဟာသတွေဖြစ် မလဲဆိုတာ ဆက်ကြည့်လိုက်ဦး နော်။ ပါဝင်ထားသူတွေကတော့ Yue Yun Peng, Wu Jing, Wu Xiu Bo, Jing Boran, Lin Chi- ling Wang Bao Qiang တို့ပဲဖြစ် ပါတယ်။
Credit :-http://7daydaily.com/story/123423
MSO-31
Haha
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit