ရုပ်ရှင် အကြိုခံစားခြင်း - THE NUT JOB 2: NUTTY BY NATURE

in esteem •  6 years ago 

ဒီနေ့ ရုပ်ရှင်အကြိုကဏ္ဍအတွက် အမေရိကန်သရီးဒီ ကွန်ပျူတာ အန်နီမေးရှင်း ဟာသဇာတ်ကား လေးအကြောင်း ဖော်ပြလိုက်ပါ တယ်။

၂၀၁၄ တုန်းကထွက်ရှိခဲ့တဲ့ The Nut Job ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာဖြစ် ပြီး ၀ီလ်အာနက်၊ မာယာရူးဒေါ့ဖ်၊ဂျက်ကီချန်း၊ ကက်သရင်းဟိုက် ဂယ်၊ ဘော်ဘီမွိုင်နီဟန်၊ ဂျက်ဖ် ဒန်ဟမ်စသူတွေက အသံသရုပ် ဆောင်ထားပါတယ်။ ခရမ်းရောင် ရှဥ့်တစ်ကောင်ဖြစ်တဲ့ ဆာလီဟာသူ့ရဲ့ လက်ထောက်ဘက်ဒီဆိုတဲ့ ကြွက်တစ်ကောင်နဲ့အတူ အုတ်ကတန်မြို့တော် လစ်ဘာတီပန်းခြံ ထဲမှာနေထိုင်ပြီး အလွဲလွဲအမှား မှားတွေနဲ့မို့ တခြားရှဥ့်တွေနဲ့ အ ဆင်ပြေသူမဟုတ်ပါဘူး။

အုတ်ကတန်မြို့တော်ဝန် ကလိမ်ကညစ်က မူလပန်းခြံကို ဖျက်ပြီး အန္တရာယ်ရှိတဲ့အပန်းဖြေ ကစားကွင်းတစ်ခု အစားထိုးတည် ဆောက်ဖို့ လုပ်ခဲ့ပါတယ်။

တစ်ရက်မှာတော့ဆာလီနဲ့ ဘက်ဒီတို့ မြို့တော်ဝန်ရဲ့အကြံ အစည်ကို တုံ့ပြန်ဖို့ နည်းလမ်း ရှာနေတုန်း မစ္စတာဖန်ဆိုတဲ့ လမ်းဘေးက ကြွက်ဖြူလေးနဲ့ဆုံခဲ့ပါ တယ်။ မစ္စတာဖန်က သူ့ကို ချစ် စရာကောင်းတယ်လို့ပြောရင် ဒေါသထွက်ပြီး ပြောတဲ့သူတိုင်းကို သူ့ရဲ့သိုင်းပညာနဲ့ တုံ့ပြန်တတ် ပါတယ်။ ချစ်စရာကြွက်ဖြူလေး မစ္စတာဖန်က ခေသူမဟုတ်ဘဲ သူ့ ရဲ့ နောက်လိုက်ကြွက်ဖြူအုပ်ကို ဦးဆောင်နေသူပါ။

ဒီလိုနဲ့ မြို့တော်ဝန်ရဲ့အစီအ စဉ်ဟာ ပန်းခြံထဲက တိရစ္ဆာန်လေးတွေရဲ့ အသက်ရှင်ရပ်တည်ရေး ကို ခြိမ်းခြောက်လာတဲ့အတွက် ဆာလီဟာမစ္စတာဖန်အပါအ၀င် တခြားတိရစ္ဆာန်လေးတွေနဲ့ ပူးပေါင်းပြီး ပန်းခြံကိုကယ်တင် နိုင်ဖို့ ကြိုးပမ်းပါတော့တယ်။

သူ့အကြံအစည်ကိုဖျက်ဖို့ လုပ်နေတဲ့ ဆာလီတို့ကို မြို့တော်ဝန်ကဘယ်လိုတုံ့ပြန်မှာလဲ၊ ပန်းခြံထဲက တိရစ္ဆာန်လေးတွေနဲ့မြို့တော်ဝန်တို့ရဲ့အားပြိုင်ပွဲမှာ ဘယ်သူအောင်ပွဲခံရ မှာလဲဆိုတာ ရယ်မောရင်းဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါ တယ်။

Credit : http://7daydaily.com/story/104675

MSO-31

The_Nut_Job_2_poster.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
  ·  6 years ago Reveal Comment