အတွေ့အကြုံများတဲ့ ရှေးလူတွေက အဆိုအမိန့်တွေ ထုတ်ပေးတက်ပါတယ် သူတို့ရဲ့လောကပေါ်အမြင် အတွေ့အကြုံ
တွေကနေ လောကအနှစ်သာရ လျှို့ဝှက်ချက်တွေကို သတိပေးစာများအဖြစ် ဆုံးမစာများအဖြစ်ထားရှိခဲ့ကြပါတယ်
အချို့အရာတွေက နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ယနေ့ထက်တိုင် အသုံးဝင်နေသောလောက လျှို့ဝှက်ချက်
အသိပညာတွေဖြစ်တက်ပါတယ် ဒီလိုအရာတွေကို နှုတ်စကားများအဖြစ် ပုံပြင်များအဖြစ် တစ်ဆင့်ခြင်း သယ်ဆောင်
လာပြီး လောက အလယ်မှာ အကျိုးပြုနေတက်ပါတယ် စတင်သိမြင် သူ ပြောပြခဲ့သူဆိုတာကတော့ မှတ်တမ်းမှတ်ရာ
အဖြစ် သေချာ တိကျ မရှိနိုင်တော့တာက များပါတယ် ဘာဖြစ်ဖြစ် ဒါတွေကေ၇ှးလူတွေ သင်ကြားပြောပြ ဆုံးမခဲ့တဲ့
လေကကြီးရဲ့ လျှို့ဝှက်ချက် များသာဖြစ်ပါတယ်
သူများထူပေးမှ ပြန်ထတက်ရင် ထူပေးမယ့်သူ မရှိတဲ့ နေ့တော့ သင်ဟာ တက်နင်းတာကို ခံရပါလိမ့်မယ်တဲ့
သိပ်ကို မှန်ကန်တိကျတဲ့ စကားလေးတွေဖြစ်လို့နေပါတယ်ယနေ့ခေတ်လို နည်းပညာခေတ်နဲ့ အရှိန်အဟုန် စီး
ဆင်းနေတဲ့ ခေတ်သစ်ခေတ်အမြန်ကြီးကာလမှာ ဒီအဆိုက သွေးထက်အောင် မှန်ကန်လို့နေပါတယ်
လူတိုင်းလူတိုင်းကတော့ ကိုယ့်ဘ၀အတွက် ကိုယ်စီပန်းတိုင် ရှိရာကို လျှောက်လှမ်းနေကြတာဖြစ်ပါတယ်
ဒီလိုလျှောက်လှမ်းတဲ့အခါတွေမှာ အဆင်မပြေသော အခိုက်အတန့်အချို့မှာ ထင်မှတ်မထားသောအခြေအနေတွေ
နဲ့ ကြုံရဆုံရပြီး ဘ၀ခရီလမ်းမှာ လဲကျတက်ကြပါတယ် ဒီလိုလဲကျတဲ့အခါမှာ အပြီးတိုင်လဲသွားတဲ့သူတွေလည်း
ရှိတက်ပါတယ်သူတို့ကတော့ လောကကို လက်မြှောက်အရှုံးပေးလိုက်ကြတဲ့ သူတွေပေါ့ တစ်ချို့ကတော့ ကိုယ့်အားကို
ကိုးပြီး ပြန်လည်ထတက်ကြပါတယ်
ဒီလိုအဖြစ်ကတော့ အများအားဖြင့် လူတိုင်းလို လုပ်ကြရတာပါဘဲ ကိုယ်ထူကိုယ်
ထကိုယ့်ဘ၀ သမားတွေရဲ့ ထူးမခြားနားသော အတွေ့အကြုံများဖြစ်ပါတယ် ဒိလိုလဲကျတဲ့အခါ ကိုယ့်ဟာကိုယ်ထ၇တယ်
သူများ ထူပေးလို့ ထရတယ်ဆိုတာ မကြုံမဟုတ်ကြုံရနိုင်ပါတယ် အလွန်ရှားပါးသော အခါအခွင့်တွေသာ ဖြစ်ပါလိမ့်မယ်
ကိုယ်လဲကျတဲ့အခါမှာ မြင်သူလည်းရှိမယ် မမြင်ချင်ယောင်ဆောင်သူတွေလည်းရှိမယ်။ လဲကျနေတာကို ထူးဆန်းဖွယ်
မြင်ကွင်းအနေနဲ့ ရပ်ကြည့်နေသူတွေလည်း ရှိမှာပါဘဲ မထူးဆန်းသော မြင်နေကျမြင်ကွင်းတစ်ခုလို ဖြတ်သွားဖြတ်လာ
ကြည့်သွားတာတွေလည်း ဖြစ်နိုင်တာဘဲ တကယ်လည်း ဒီလိုကြုံရပါတယ်။ ဒီအပြုအမူတွေကြောင့် ဒီလိုလုပ်တဲ့သူတွေကို
စိတ်ထဲမထားပါဘူး ဘာလို့လဲဆိုတော့ သူတို့က အကူအညီ တစ်စုံတစ်ရာမပေးသလို လာပါထပါ ဘယ်နားနာသွားလဲ
အဆင်ပြေရဲ့လား လို့ ဖေးကူပြီး လက်ကမ်းတာမဟုတ်သည့်အတွက် အားပေးတာမဟုတ်သည့်အတွက် လဲကျရာကနေ
ကိုယ့်အားကိုယ်ကိုးပြီးပြန်ထရလို့ပါ။ ဟုတ်ပါတယ် တစ်ခါလဲကျလို့ ထူမယ့်သူမရှိတဲ့အခါ ဒီအတိုင်း လဲနေလို့ မဖြစ်ပါဘူး
ရှေ့ဆက်ပြီး လျှောက်ရမယ့် ခရီးမိုင်တွေ ပန်းတိုင်တွေကျန်ပါသေးတယ် ။ ကူညီဖေးမမဲ့ လက်တွေ ကမ်းလင့်မဲ့လက်တွေ
ကို ထိုင်စောင့်ပြီး လဲကျနေတာကို အချိန်တွေများစွာ ပေးပြီး နေလို့မရပါဘူး ကိုယ့်ဟာကိုယ်ပြန်ထရပါတယ် တစ်ကြိမ်
လဲကျတယ်ဒီလိုခံစားချက် အတွေ့အကြုံတွေနဲ့ တစ်ကြိမ်ပြန်ထတယ် အကြိမ်ကြိမ် အခါခါလဲကျတယ် အကြိမ်ကြိမ်
အခါခါ ဒီလို အတွေ့အကြုံနဲ့ဘဲ ပြန်ထပါတယ် ကြာတော့ ခဏခဏ လဲမကျအောင် သတိထားလာပါတယ် ကိုယ်လဲကျ
၇င် ကိုယ်သာ နာပြီး ကိုယ်တိုင်ပြန်ထရမှာဖြစ်လို့ အမှတ်သညာက ဆရာဖြစ်လာခဲ့ပါတော့တယ်
လဲကျရင်ပြန်ထ ဒါဘ၀ဘဲ လို့ဟစ်ကြွေးတာက အရသာရှိကောင်းရှိပါမယ်။ လဲကျတာက သဘာဝဆိုပြီး ခဏတိုင်းလဲ
ကျနေလို့ကမဖြစ်တော့ပါဘူး အခုလို အပြိုင်အဆိုင် အတွန်းအတိုက်များတဲ့ ခေတ်ကာလမှာ လဲကျနေတုန်း သူတစ်ပါး
ကမ်းလင့်မဲ့ လက်တစ်စုံလောက်ကို စောင့်မျှော်နေရင်း ကမ်းလင့်သောလက်တွေ ရောက်မလာခင် ကိုယ့်ကို သူတစ်ပါး
ကတက်နင်းတာ ခံရနိုင်ပါတယ်။ ဒါဟာ သဘာဝကျတဲ့ အခြေအနေပါဘဲ ။လဲကျတုန်းခဏမှာပေါ့ အားငယ်စိတ်တို့နဲ့အတူ
မျှော်လင့်တက်တာက ဘယ်သူများ လာထူပေးမလဲ မျှော်လင့်တက်ပါတယ်။ အကောင်းဆုံးကတော့ မျှော်လင့်ချက်တော့
ထားပါ အလုံးစုံမျှော်လင့်မနေပါနဲ့လိုဆိုချင်တယ် ကိုယ့်အားကိုကိုးပြီး ပြန်ထနိုင်အောင်သာကြိုးစားပါ အသေချာဆုံးသော
လုပ်ဆောင်ချက်ဖြစ်ပါတယ် ခပ်မြန်မြန်လေးပြန်ထပါလို့ အကြံပြုချင်ပါတယ် အထနောက်ကျရင်တော့ သင့်ကို တက်နင်း
တာ ခံရစေနိုင်ပါတယ်။ သင်ကိုယ်တိုင် ထလိုက်နိုင်တယ်ဆိုရင်တော့ သင်ဟာ ရင့်ကျက်သူအဖြစ် သို့ရောက်စေတဲ့
တွန်းအားတွေ ရပါပြီ အကြိမ်ကြိမ်လဲကျတိုင်းအကြိမ်ကြိမ်ပြန်ထပါ။ နောက်ဆိုရင် လဲမကျအောင် သင်ဂရုစိုက်နိုင်လာပါ
လိမ့်မယ် အတွေ့အကြုံတွေက သင့်ကို ရင့်ကျက်စေမှာပါ။ သင်လဲကျတိုင်း သင်ကိုယ်တိုင်ပြန်ထရမှာကို သိနေသည့်
အတွက် နောက်တစ်ကြိမ်လဲမကျစေရန်လည်း သတိပြုစေနိုင်ပါလိမ့်မယ် ။တဖြည်းဖြည်းနဲ့ သင့်ကိုယ်သင် ယုံကြည်မှု
တွေတိုးလာမှာပါ ယုံကြည်မှုအားကောင်းလေ သင့်ရဲ့ခရီးလမ်းအတွက် လုပ်ကိုင်နိုင်သောစွမ်းအားတွေ တိုးတက်လေပါဘဲ
@bobokyaw
photo-pixabay.com
WARNING! The comment below by @johnjrambouts leads to a known phishing site that could steal your account.
Do not open links from users you do not trust. Do not provide your private keys to any third party websites.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks you guard.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
very good friend @bobokyaw
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks you adit123.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
WARNING - The message you received from @johnjrambouts is a CONFIRMED SCAM!
DO NOT FOLLOW any instruction and DO NOT CLICK on any link in the comment!
For more information, read this post:
https://steemit.com/steemit/@arcange/phishing-site-reported-steemiz
If you find my work to protect you and the community valuable, please consider to upvote this warning or to vote for my witness.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks you arcange
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူဘဝရဲ့အချိုးအကွေ့ အကောက်တွေကြားမှာ
တစ်နေရာမဟုတ် တစ်နေရာမှာတော့ အခက်အခဲဆိုတာ
လူတိုင်းရှိနေကြပါတယ်ဗျာ
ယခုလို အပြိုင်ဆိုင်ခေတ်မှာ ရှေ့ကိုရောက်ရှိအောင်သွားနိုင်ရေးအတွက်
ကြိုးစားအားထုတ်ကြရင်း အကြောင်းအမျိုးမျိုးကြောင့်
အကြိမ်ကြိမ်လဲကျ ချောကျနေမှာပါပဲ
လဲရင်ပြန်ထ နည်းလမ်းရဆိုသည့်စကားအတိုင်း
လဲကျလိုက်ပြန်ထလိုက်နဲ့ ဒီအတွေ့ကြုံတွေဟာ
လူတွေရဲ့စိတ်တွေကို ရင့်ကြပ်သွားစေနိုင်တာ
အမှန်ပါပဲဗျာ။
အဓိကအရေးကြီးတာကတော့
တွေ့ကြုံရသော အတွေ့ကြုံကို ဆရာတစ်ယောက်လိုသဘောထားကာ
နောက်တစ်ကြိမ်မှာ လဲမကျအောင် စီမံဆောင်ရွက်ရင်း
ရှေ့ကိုရောက်အောင် လျှောက်လှမ်းသွားရမှာပါဗျာ……။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit