အချစ်​ နဲ့ ​ငွေ

in esteem •  7 years ago 

image
အချစ်​ကြီးရင်​အရှုံးရတယ်
နာလည်​မှု​တွေ​ပေးရင်​လှည့်​စားတယ်
အောက်​ကျွံခံရင်​မာန်​တတ်​တရ်
စာနာစိတ်​နဲ့ကူညီရင်​​စော်​ကားတတ်​ကြတရ်
လူတချို့ကစာနာစိတ်​​တွေ
အချစ်​​တွေဂုနာ​တွေနဲ့မတန်​သူ​တွေ
ဆန္ဒ​တွေ​တော့ရှိတယ်
မ​တောင်းဆို​တော့ဘူး
ဂရုစိုက်​မှု​တွေ​တော့လိုချင်​ခဲ့တယ်
မ​ပြောပြ​တော့ဘူး
နီးသည်​ဖြစ်​​စေ ​ဝေးသည်​ဖြစ်​​စေ
မဆုံချင်​​တော့ဘူး ...

တကယ်​ချစ်​ခဲ့တာ​တော့ဝန်​ခံတယ်
မလိုအပ်​​တော့ဘူး
ပေးဆပ်​ခဲ့သမျှ​တွေ​တော့သိ​စေချင်​​တယ်
နစ်​နာခဲ့တယ်​လို့မသတ်​မှတ်​ဘူး
သူသိသည်​ဖြစ်​​စေ ​သူမေ့သည်​ဖြစ်​​စေ
မဆုံချင်​​တော့ဘူး ...

အချစ်​နဲ့​တော့ပတ်​သက်​​နေတယ်
မသက်​ဆိုင်​​တော့ဘူး
မ​မေ့နိုင်​​သေးတဲ့ခံစားချက်​​တွေ​တော့ရှိတယ်
နာကျည်းမုန်းတီး​နေတာမဟုတ်​ဘူး
ဘယ်​သူမှန်​သည်​ဖြစ်​​စေ ဘယ်​သူမှားသည်​ဖြစ်​​စေ မဆုံချင်​​တော့ဘူး ...

အ​ကြောင်းတိုက်​ဆိုင်​တိုင်းခံစားချက်​​တွေဖြစ်​တည်​​နေတယ်
မ​မျှော်​လင့်​​တော့ဘူး
နှလုံသားကတိုးထွက်​လာမှု​တွေသာဖြစ်​တယ်
နာကျင်​စွာအသည်း တွေကွဲပြီးခံစား​နေတာ​တော့မဟုတ်​ဘူး
ပြန်​ဆုံသည်​ဖြစ်​​စေ မဆုံဖြစ်​​တော့သည်​ဖြစ်​​စေ
မဆုံချင်​​တော့ဘူး ...

ရာသီ​တွေ​ပြောင်းလဲ​နေတယ်
ဟိုအရင်​လိုသက်​ပြင်းချက်​​တွေနဲ့မမွန်းကျပ်​​တော့ဘူး
အချိန်​​တွေနဲ့ကုစားခဲ့တာဖြစ်​တယ်
အပြီးတိုင်​​မေ့​ဖျောက်​နိုင်​စွမ်း​တော့မရှိ​သေးဘူး
ချစ်​သည်​ဖြစ်​​စေ မုန်းသည်​ဖြစ်​​စေ
မဆုံချင်​​တော့ဘူး ...

တကယ်​ချစ်​ခဲ့လို့…
နာကျင်​စွာခံစားဖူးတဲ့ သူတိုင်းသာ
အသိဆုံးဖြစ်​လိမ့်​မယ်
ချစ်​ဖူးခဲ့တဲ့အချစ်​မျိုးကို
နောက်​ထပ်​ဘယ်​​တော့မှ
မဆုံချင်​​တော့ဘူး ...။

ဆန္ဒတွေတော့ ရှိသည်
မျှော်လင့်ချက်တော့ မရှိပါ ။
သို့ သော်…
သူ့ ကို ကျွန်မ အလွန်ချစ်ပါသည် ။

ကျွန်မလေ …သူ့ ကို ဘယ်တော့မှ မမျှော်လင့် တော့ပါဘူး ။

ကျွန်မဘေးမှာ သူ ရှိသည်ဖြစ်စေ…
မရှိသည် ဖြစ်စေ…
ကျွန်မ ရင်ဘတ်ထဲ အသည်းနှလုံးထဲမှာ
သူသာလျှင် ထာဝရ ရှိနေမှာပါကွယ်…

ရယူလိုမှု့ တစ်စုံတစ်ရာ မပါပဲ
သူ့ ကို မြတ်နိုးစွာ ချစ်ခဲ့တယ်ဆိုတာ…

ပျော်စရာတွေကို ဝေမျှလိုက်ရင် နှစ်ဆတိုးပွှားလာပြီး သင့်ကော သင့်ပတ်ဝန်းကျင်ကော ပျော်ရွှင်ရတယ်​ စိတ်ညစ်စရာကို ဝေမျှလိုက်ရင် သင်နဲ့ရင်ဘတ်ခြင်းနီးသူက ကူခံစားပေးလို့ တစ်ဝက်သက်သာလာလိမ့်မယ်………။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!