ဗဟုသုတရစေသော ဘဝပေးသင်ခန်းစာတစ်ပုဒ်ပါ။
အဘိုးအိုတစ်ဦးဟာ ရွာမှာ တစ်ယောက်တည်း
အထီးကျန်ဆန်စွာ နေနေရတယ်တဲ့။
တစ်နေ့မှာတော့…အဘိုးအိုဟာ သူ့သားနဲ့ သူ့ချွေးမ
သူ့မြေးလေးတွေရှိတဲ့ နေရာမှာ သွားနေမယ်
ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ရွာကနေ ထွက်လာခဲ့ပါတယ်။
ဒီလိုနဲ့ ခရီးရှည်ကြီးကို ဖြတ်သန်းပြီးတော့
သူ့သား ချွေးမနဲ့ မြေးကလေးတို့နေတဲ့အိမ်ကို
ရောက်လာခဲ့တယ်လေ။
စရောက်ရောက်ခြင်းမှာ သားဖြစ်သူတို့ မိသားစုက
ဝမ်းပမ်းတသာနဲ့ ကြိုဆိုကြတယ်။
အိမ်ဦးခန်းမှာ နေရာပေးကြတယ်ပေါ့
ဒီလိုနဲ့ အဘိုးအိုဟာ သူ့သားမိသားစုနဲ့အတူ
နေထိုင်ရင်း တစ်ပတ်တိတိ အချိန်ကို ရောက်လာ
ခဲ့ပါတယ်။
နေ့တိုင်းနေ့တိုင်း မိသားစုအားလုံး ထမင်းဝိုင်းမှာ
အားလုံးအတူ ဝိုင်းစားကြတယ်လေ။
အဘိုးအိုရဲ့ မျက်လုံးတွေဟာ မှုန်ရီနေပါပြီ။
အဘိုးအိုရဲ့ လက်တွေက အသက်အရွယ်ကြောင့်
တုန်ယင်နေပါတယ်။
တစ်ခါတစ်ခါ ဇွန်းနဲ့ ခက်ရင်းတွေ လွတ်ကျသလို
တစ်ခါတစ်ခါမှာလည်း ပန်းကန်ထဲက ထမင်းတွေ
ဟာ ဘေးနားကို ဖိတ်လိုဖိတ် ကြမ်းပြင်ပေါ် ကျလိုကျနဲ့
ပေပွနေတာပေါ့။
တစ်ပတ်တိတိ ရှိလာတဲ့အခါမှာတော့ သားဖြစ်သူနဲ့
ချွေးမတို့က မခံနိုင်တော့ပါဘူး။
ဒီတော့…သူတို့တိုင်ပင်ကြပါတယ်။
အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ်ဒီဖိတ်တဲ့
ဒဏ်ကို ငါတော့ မခံနိုင်တော့ဘူး။
အဖေက ထမင်းစားရင်လဲ အသံမြည်တယ်။
ညစ်ပတ်နေတာပဲ။
ကြမ်းပြင်ပေါ်မှာလဲ ပေပွနေရော။
ငါတို့တစ်ခုခု လုပ်ရအောင်လို့ မိန်းမဖြစ်သူကို
တိုင်ပင်ပါတယ်။
ဒီလိုနဲ့ သူတို့ဟာ အဘိုးအိုကို ထမင်းတစ်ဝိုင်းတည်း
အတူ စားခွင့် မပေးတော့ပဲ
အခန်းထောင့်လေးမှာ စားပွဲခုံ သေးသေးလေးနဲ့
ကျွေးပါတော့တယ်။
အဘိုးအိုဟာ…
ကြွေပန်းကန်နဲ့ စားတဲ့အခါမှာလည်း ခဏခဏ
ပန်းကန်တွေ ကျကွဲတဲ့အတွက်
သားဖြစ်သူက…သစ်သားခွက်ကလေးလုပ်ပြီး
အဘိုးအိုကို ကျွေးတယ်တဲ့။
အဲဒီအချိန်ကစလို့ အဘိုးအိုဟာ တိတ်ဆိတ်စွာပဲ
အခန်းထောင့်လေးက ထမင်းစားပွဲလေးမှာ
စားရပါတယ်။
တစ်ခါတစ်ခါ သားဖြစ်သူနဲ့ ချွေးမဖြစ်သူရဲ့
ဒေါသတကြီး ဆူပူကြိမ်းမောင်းသံတွေကိုလည်း
ခံရပါသေးတယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့သားကလေးဖြစ်သူ
ဟာ
အိမ်ရှေ့မှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး တစ်ခုခုကို
စိတ်ဝင်တစားလုပ်နေတာ တွေ့လိုက်ရပါတယ်။
ဒီတော့ သားဖြစ်သူဆီကို သွားပြီး မိဘတွေက
ချိုသာတဲ့ စကားလေးနဲ့ မေးလိုက်တယ်။
သား…ဘာလုပ်နေတာလဲ ဟင်-?
သားဖြစ်သူက သူ့ဖခင်နဲ့မိခင်ကို ပြုံးပြီးကြည့်လိုက်
တယ်။
ပြီးတော့ ပြောလိုက်ပါတယ်။
သားလည်း…အဖေတို့ အမေတို့လိုပဲ။
အဖေအမေတို့ကြီးလာရင် ကျွေးဖို့ သစ်သားခွက်
ကလေး လုပ်နေတာပါတဲ့။
အဲဒီလိုပြောပြီး သားဖြစ်သူက သူ့အလုပ်သူ
ဆက်လုပ်နေခဲ့တယ်။
မိဘတွေဟာ သားဖြစ်သူရဲ့ စကားကို ကြားပြီး
အလွန်ပဲ
ထိတ်လန့် တုန်လှုပ်သွားခဲ့ရတယ်လေ။
သူတို့ဟာ ဘာစကား တစ်ခွန်းမှ မပြောနိုင်တော့
ပါဘူး။
တုန်လှုပ်ခြောက်ခြားသွားပြီး ပါးပြင်ပေါ်ကနေ
မျက်ရည်တွေ စီးကျလာပါတယ်။
သူတို့အမှားကို သူတို့ ထင်းကနဲ မြင်သွားခဲ့တယ်
လေ။
အိမ်ထဲကို လှမ်းကြည့်လိုက်တော့ အဘိုးအိုက
တိတ်ဆိတ်စွာ
သူတို့ကို ငေးနေတာ တွေ့လိုက်ရပါတော့တယ်။
သင်လည်း …
တစ်နေ့ အဘိုးအိုလို ဖြစ်လာမှာပါပဲ။
မိဘတွေကို
ချစ်ခင်ကြင်နာယုယပြီး ကိုယ့်မျိုးဆက်တွေ အတွက်
မေတ္တာတရားကို ပြသပါ။
ကလေးတွေဟာ သင်တို့ အပြုအမူတွေကို မြင်တယ်။
ကြားတယ်။လိုက်မှတ်သားတယ်။
သင်တို့ပြုသမျှဟာ သင်တို့ထံ ပြန်လာပါလိမ့်မယ်။
တစ်နေ့နေ့မှာ ကိုယ်ဟာ သားတစ်ယောက်။
ပြီးတော့ ဖခင်တစ်ယောက်။
ပြီးတော့ အဘိုးအိုတစ်ယောက် ဖြစ်လာဦးမှာပါပဲ။
မသေခင်လေး ကျွေးရတဲ့ မိဘအတွက် ထမင်းဟာ
သူတို့ မြိုချလိုက်တိုင်း မနင်ပါစေနဲ့။
လျောလျောလျူလျူလေး ဝင်ပါစေ။
မိဘကျေးဇူးကို ဆပ်နိုင်ကြတဲ့ သားရတနာ သမီး
ရတနာလေးများ ဖြစ်နိုင်ကြပါစေ…ဒါကြောင့်ဤသင်ခန်းစာကိုအတုယူပြီးကြိုစားသင့်ပါသည်။
all photo credit-google photo
Upvoted ☝ Have a great day!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit