မင်္ဂလာပါ steemit မယ် postတင်နေကြသူများ အားလုံး အဆင်ပြေကြပါစေလို့ အထူး မိတ်ဆက်ပါတယ်။
အညာရေနွေးကြမ်းကို မနက်ခင်းတိုင်း စွဲသောက် ကြသူများ ဆို အထူးတင်ပြစရာ မလိုတော့ပေ။ မြန်မာပြည် က လူတွေအားလုံး ရေနွေးကြမ်းကို မသောက်ဘူးသူမရှိသလောက် ပါ။ရေနွေးဆိုတာ ရေသန့်ဖြစ်စေ မိုးရေဖြစ်စေ တွင်းရေဖြစ်စေ မီးဖိုဖြင့် ပွက်ပွက် ဆူအောင် တည်ထားပြီ ဓါတ်ဘူးသို့မဟုတ် ရေနွေး ကယားအိုးဖြင့် ထည့်ပြီး လ္ဘက် ခြောက် အဆင်ပြေသလို ခတ်ပြီး သောက်ရတာဖြစ်ပေတော့သည်။
ရေနွေးက အိမ်တိုင်းလိုလို ဆိုင်တိုင်းလိုလို တည်လို့ရပြီး လူအများ အပြား မရှိမဖြစ် သောက်သုံးလာခဲ့သည်မှာ နှစ်ပေါင်း မရေတွက်နိုင်တော့ပေ။
လ္ဘက် ခြောက်ဟာ ရှမ်းပြည်နယ်က လ္ဘက်စိုက်ခင်းများမှ အသင့်သောက်သုံးရန် လ္ဘက်ရွက် အခြောက်လမ်းပြီး မြန်မာတပြည်လုံးသို့ တင်ပို့ကြပါသည်။ ကောင်းရင် ကောင်းသလို ဈေးနှုံးရှိကြပေတော့သည်။
အညာရေနွေးကြမ်း သောက်သုံးခြင်းဖြင့် စိတ်ကို ကြည်နူးစေသည်။ဆီးကို ရွှင်စေသည်။ နေမကောင်းသူများ ဟာ ရေနွေးကြမ်းကို အဓိက သောက်သုံးကြပေသည်။
ရေနွေးကို သေချာတည်ပြီး ကြိုခတ်ထားကြသော ဓလေ့ ဖြစ်ပေတော့သည်။ မိမိတို့ အိမ်သို့ ဧည့်သည်များ အလည်လာရောက်ပါက ရေနွေးကြမ်းသောက်ပါဦး ဆိုပြီး ဧည့်ခံသည့်ဓလေ့ အညာအရပ် ဆီမယ် ယနေ့အထိရှိနေပေတော့သည်။မင်္ဂလာဆောင်များ အလှူများ ဆွမ်းကျွေး ဘုရားပွဲတိုင်းတွင်လည်း ရေနွေးကြမ်းက အဓိက ဧည့်ခံမှုတွင် ပါဝင်နေသည်ကို မြင်တွေ့ရပေမည်။
တောင်ပေါ်ဒေသ ရှမ်းရိုးမ တောင်တန်းမှ လ္ဘက်ခြောက် အဓိက ထွက်ရှိလို့ မြန်မာတပြည်လုံး လွယ်ကူစွာ သောက်သုံးနိုင်ပြီး ကင်ဆာ ရောဂါကို အထူးပြောက်ကင်း စေတာကို လေ့လာသူများ တွေ့ရှိထားပေတော့သည်။
သင်ရော ရေနွေး ကြိုက်ပါသလား?
နေ့တိုင်း သောက်ဖြစ်ပါသလား?
နေ့တိုင်းသောက်ဖြစ်အောင် သောက်စေချင်ပါတယ် ကျန်းမာရေးအတွက် 100%အကျိုးရှိစေလို့ အားလုံးကို မျှဝေလိုက်ပါသည်။
@chitnaingoo
Congratulations! This post has been upvoted from the communal account, @minnowsupport, by chitnaingoo from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်လိုက်လေချင်း ထောက်ခံပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit