ဖုန်းကို ဘယ်လိုအကျိုးရှိအောင် သုံးမလဲ..

in esteem •  7 years ago  (edited)

image

ဒီခေတ်မှာ လူကြီးလူငယ်တော်တော်များများ
ဖုန်းတစ်လုံးတော့ရှိနေတတ်ကြပါတယ်။ ဖုန်းကို

သိပ်မသုံးဖြစ်အောင် ဘယ်သူတွေကဘယ်လောက်
ပဲ စာတွေရေးရေး ဖုန်းသုံးချင်တဲ့သူက သုံးမှာပါပဲ။
ကိုယ်တိုင်တောင် ဖုန်းနဲ့မလွတ်ကင်းပါဘူး။ ဒါပေမယ့်
ဖုန်းသုံးတိုင်း အကျိုးယုတ်တာတော့ မဟုတ်ပါဘူး။
ဖုန်းနဲ့ ခပ်ခွာခွာနေကြည့်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး
မအောင်မြင်ဘူးဆိုရင်တော့ ဖုန်းနဲ့ ဘာတွေအကျိုး
ရအောင်
ယူမလဲ စဉ်းစားရတော့မှာ ဖြစ်ပါတယ်။

(၁) ဖုန်းပေါ်မှာ စာဖတ်ပါ။

စာအုပ်တွေ အဖတ်နည်းသွားပြီလား...တကယ့်စာအုပ်
တွေ ဝယ်ပြီး စာအုပ်စင်ပေါ်မှာပဲ သိမ်းထားဖြစ်လား...
ငါဟာ သိပ်စာမဖတ်တော့တဲ့ သူတစ်ယောက်ပါလား
လို့ ကိုယ့်ကိုယ်ကိုယ်ထင်လာပြီလား... ဒါဆိုရင်တော့
ဖုန်းပေါ်မှာ စာဖတ်တဲ့အကျင့် စပြီး ပျိုးထောင်သင့်ပါ
တယ်။ဖုန်း Screen ကြီးလေ ပိုကောင်းလေပါပဲ။
Ebook တွေ အခမဲ့ပေးတဲ့ ဝက်ဘ်ဆိုဒ်တွေ ရှိပါတယ်။
WunZinn လို App မျိုးနဲ့လည်း စာအုပ်တွေဝယ်ဖတ်
လို့ ရပါတယ်။ Facebook ပေါ်မှာလည်း ဖတ်လို့
ကောင်းတဲ့စာတွေရှိပါတယ်။ ဒါပေမယ့် Facebook
ကို စာဖတ်ဖို့ အရမ်းအားမကိုးပါနဲ့။ မိမိဘာသာ
စာအုပ်လေးတွေ ဝယ်ပြီး ဒေါင်းပြီး ဖတ်ပါ။ မိမိရဲ့
Professional နဲ့ ပတ်သက်တာတွေ ဖတ်ပါ။ ဥပမာ
မိမိက Marketing သမားဆို Marketing အကြောင်း
ရေးတဲ့ ဝက်ဘ်ဆိုဒ်တွေ၊ ဘလော့တွေမှာ စာဖတ်ပါ။

(၂) ဘာသာစကားလေ့လာပါ။

ဖုန်းပေါ်မှာ ဘာသာစကားလေ့လာတာ အရမ်းကောင်း
ပါတယ်။ မှတ်မိအောင် ဂိမ်းလေးတွေဆော့ပြီး သင်ယူ
လို့ရပါတယ်။ Wordscape လို ဂိမ်းမျိုးဆို ပျော်ဖို့လည်း
ကောင်းပါတယ်။ အခြား Grammar Game လေးတွေ
လည်း ရှိပါတယ်။ Johnny Grammar’s Word
Challenge ဆိုတဲ့ App လေးလည်း ကောင်းပါတယ်။
အသံဖိုင်တွေ၊ သင်ခန်းစာတွေ လေ့လာချင်ရင်တော့
ကျွန်တော်အမြဲ ညွှန်နေကျ LEB English ဆိုတဲ့ App
လေး ကောင်းပါတယ်။
https://play.google.com/store/apps/details?id=com.dragonlab.bbclearningenglish&hl=en
အဲ့ဒီ App မှာ BBC က သင်ခန်းစာတွေ အများကြီး
လေ့လာနိုင်ပါတယ်။

(၃) Business နဲ့ ပတ်သက်တာတွေ လေ့လာနိုင်ပါတယ်။

Google Primer လို App မျိုးဆိုရင် Online Business
နဲ့ ပတ်သက်တာတွေ အကုန်လေ့လာလို့ရပါတယ်။
ဒါ့အပြင် Marketing သမားကလည်း Marketing

အကြောင်းဖုန်းပေါ်ကနေ Google သုံးပြီး ဖတ်ကြည့်လို့

ရပါတယ်။Sales ကလည်း Sales အကြောင်း၊ HR
ကလည်း HR အကြောင်း စသဖြင့် မိမိနဲ့ ပတ်သက်တာ
တွေကိုBrowser လေးဖွင့် google လေးဖွင့်ပြီး
ရှာဖွေ
ကြည့်နိုင်ပါတယ်။ လက်ထဲမှာ ဖုန်းနဲ့ အင်တာနက်ဆိုတာ
ကြီးရှိနေပြီး အသုံးမချတတ်ရင်တော့ သူများနောက်မှာ
ကျန်ခဲ့မှာ အသေအချာပါပဲ။

ဖုန်းနဲ့ အင်တာနက်ကို အသုံးပြုပြီး သင့်ဘဝတိုးတက်
အောင် လုပ်လို့ရပါတယ်။ အခြား လုပ်လို့ရတာတွေ
အများကြီးရှိပါသေးတယ်။ စာတစ်ပုဒ်ထဲမှာ အများကြီး
ရှည်သွားမှာစိုးလို့ အဓိက ၃ချက်လောက်ပဲ ပြောခဲ့တာပါ။
အခုအချိန်က စပြီး ဖုန်းကို အကျိုးရှိရှိ အသုံးချကြည့်ပါ။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!