အဓိက

in esteem •  7 years ago 

ပျော်ရွှင်စရာကောင်းတဲ့ ...
ဘဝ ဆိုတာ တစ်ဦးအ​ပေါ်....
တစ်ဦး နားလည် မူ့  စာနာ မှု့အလျော့ပေးမူ့
နွေးထွေးမှု့ တို့​ကြောင့်​ စစ်မှန်​တဲ့​ပျော်​ရွှင်
ခြင်းကိုပိုင်​ဆိုင်ကြ​ရတာပါ....

ပျော်ရွှင်စရာကောင်းတဲ့.....
သူငယ်​ချင်းမိတ်​​ဆွေ​ ခင်မင် မှု့ ဆိုတာဟာလဲ
စာနာ ​ထောက်​ထား မှု ရိုင်းပင်း ညှာတာ​မူ့
တို့ကြောင့်​ခင်​မင်​မူ့အဓွန့်​ရှည်​ကြာခိုင်​မြဲကြ
ရတာပါ....

ပျော်ရွှင်စရာ ကောင်း တဲ့.. ဘဝ မှာ..
မြတ်​နိုး​လေးစားချစ်​ခင်​စရာ​....
ကောင်းတဲ့ယောက်ျားကောင်း...
တစ်ယောက်ဆိုတာ ခန့်ညားလှပမူ့ထက်
စိတ်​ထားတည်ကြည်မယ်​ဥာဏ်ရည်
ထက်မြက်​ပြီးရိုးသား ကြိုးစားတဲ့သူဆိုရင်
ဘဝတခုလုံးယုံကြည်​စွာ​ပေးအပ်​နိုင်​လို့်​ရမဲ့
သူမျိုး နဲ့ ဆုံတွေ့ ခွင့် ရနိင် ဖို့ပါဘဲ..

ပျော်ရွှင်စရာကောင်းတဲ့ ဘဝမှာ.
တန်​ဘိုးရှိတဲ့မိန်းခ​လေးတ​ယောက်​ ဖြစ်ဖို့ ဆိုတာ...
လှပ​ကျော့ရှင်း အပြစ်​ကင်း သည်​ထက်
နွေး​ထွေး ကြင်​နာသနားတတ်​ပြီးမိခင်​​မေတ္တာ
စိတ် အပြည့် အဝထားနိုင်​သူမှသာအရာရာပြည့်​စုံတဲ့...
မိန်းမ​ကောင်းမိန်းမမြတ်​လို့​ယူဆ ထား ပါတယ်​..

အရာရာပြီး ပြည့်​စုံ ​သော ပျော်ရွှင်စရာကောင်း သော မိသားစု ​တွေ ဘဝ မှာ
ခင်​မင်​ချစ်​ခင်​ပါတယ်​ဆိုတဲ့ မိတ်​​ဆွေများ
သိပ်​ချစ်​စရာ​ကောင်းတဲ့သား​တွေသမီးတွေ
ဘယ်​​လောက်​ဘဲ ပြည့်​စုံ နိုင်​ကြပါ​စေ...
တသက်​တာ​အေးချမ်းသာယာ
နိုင်​ဘို့ အတွက်​ဆို မိသားစု တစ်စု လုးံ မှာ လဲ တစ်ဦး အ​ပေါ်..
တဦးနားလည်​စိတ်​​လေး ထားနိုင်​ကြ ဖို့ သာ အဓိက လိုအပ် ပါတယ်....

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!